လူးဝစ်ဒီယက်ဇ်ရဲ့ ခြေစွမ်းကြောင့် ဂယက်ထခဲ့ကြတဲ့ အို၀င်တို့တစ်သိုက်

ကိုလံဘီယာသား လူးဝစ်ဒီယက်ဇ် ဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ

ပေါ်တိုကနေ လီဗာပူးအသင်းဆီရောက်လာပြီး ၂ ပွဲ သာကစားရသေးပေမယ့်

သူ့စွမ်းဆောင်ရည်က အားလုံးကိုဖမ်းစားထားနိုင်ပြီဖြစ်ပါတယ်။

သူဟာမနေ့ညက လက်စတာကို ၂-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ပွဲထွက်စာရင်းက

ပါဝင်ခဲ့ပြီး လီဗာပူးအတွက်သူ့ရဲ့ဒုတိယမြောက်ပွဲနဲ့ ပရီးမီးယားလိဂ်

ပထမဆုံးပွဲကို ဝင် ကစားခဲ့ရပါတယ်။

ဒီပွဲမှာလီဗာပူးအတွက်ဂိုးတွေကို ဂျိုတာတစ်ဦးတည်းကသွင်းယူပေးခဲ့တာဖြစ်ပြီး

ဒီယက်ဇ်ဟာဂိုးမသွင်းခဲ့သလို ဖန်တီးမှုလည်းမလုပ်ခဲ့ပါဘူး။ ဒါပေမယ့်သူ့ခြေစွမ်းနဲ့

လီဗာပူးတိုက်စစ်ကိုဦးဆောင်ခဲ့ပြီး လက်စတာဘက်ကို အကြိမ် ကြိမ်ခြိမ်းခြောက်နိုင်ခဲ့လို့

မိုက်ကယ်အိုဝင်အပါအဝင် BT Sport ရဲ့ဘောလုံးဝေဖန်သုံးသပ်သူတွေကို

ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ပထမပိုင်းမှာသူဟာ ကောင်းစွာ

ခြေစွမ်းပြနိုင်ခဲ့လို့ လီဗာပူးနဲ့အသားကျပြီးသားသူတစ်ယောက်လိုတောင်

ဖြစ်ခဲ့ တာပါ။ ဒါကြောင့်လည်း အိုဝင်၊ ဖာဒီနန်နဲ့ ရော်ဘီဆာဗေ့ချ်တို့ရဲ့

ချီးကျူးမှုကိုလည်းခံခဲ့ရပါတယ်။ ဒီပွဲပထမပိုင်းအပြီးမှာ အိုဝင်က

” ၁၅ မိနစ်အတွင်းမှာတင် ဒီယက်ဇ် ရဲ့ခြေစွမ်းမှာ ကျွန်တော်တို့

နစ်မြောသွားကြတယ်မဟုတ်လား။ ကျုပ်တို့ထင်နေသလိုမျိုး

ဒီယက်ဇ် ကမယုံနိုင်စရာကောင်းတဲ့ ဖန်တီးမှုမျိုးလုပ်သွားနိုင်မယ်

ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်သူ့ရဲ့ထက်မြတ်မှုက

သိပ်ကိုကောင်းမွန်ခဲ့တယ်။ သူဟာမြန်တယ်၊ အချိန်တိုင်းမှာအသက်ပါပါနဲ့

ကစားနိုင်တယ်။ ဘောလုံးကိုလည်းဖိအားပေးနိုင်တယ်။ ပြိုင်ဘက်တွေကို

ပြေးအားနဲ့ဖြတ်ကျော်အနိုင်ယူဖို့လည်း တွန့် ဆုတ်နေသူမဟုတ်ဘူး။

သူဟာ လီဗာပူး ကစာသမားဖြစ်လာမယ့်ပုံရှိနေတယ်။ သူစွပ်ထားတဲ့လက်အိတ်က

သူ့လက်မှာခွင်ကျဖြစ်နေသလိုမျိုး လီဗာပူးနဲ့ အံဝင်မယ့်ပုံလည်းတွေ့နေရတယ်။

သူဟာလီဗာပူးအင်္ကျီနဲ့ လိုက်ဖက်မယ့်သူဘဲ” လို့ဆိုခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိတဲ့ ဒီယက်ဇ်ဟာ ဘယ်တောင်ပံမှာကောင်းစွာလှုပ်ရှားနိုင်ခဲ့ပြီး

သူ့ပေးပို့မှုတွေက ၉၀.၉ ရာခိုင်နှုန်း တိကျခဲ့သလို ခေါင်းတိုက်မှုနှစ်ကြိမ်

အောင်မြင်ခဲ့ပြီး ဘောလုံးထိချက် ၆၈ ကြိမ်နဲ့ လှည့်ဖျားမှု ၅ ကြိမ်၊

ဖြတ်တင်ဘော ၄ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Zawgyi

လူးဝစ္ဒီယက္ဇ္ရဲ႕ ေျခစြမ္းေၾကာင့္ ဂယက္ထခဲ့ၾကတဲ့ အို၀င္တို႔တစ္သိုက္

ကိုလံဘီယာသား လူးဝစ္ဒီယက္ဇ္ ဟာၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္မွာ

ေပၚတိုကေန လီဗာပူးအသင္းဆီေရာက္လာၿပီး ၂ ပြဲ သာကစားရေသးေပမယ့္

သူ႔စြမ္းေဆာင္ရည္က အားလုံးကိုဖမ္းစားထားႏိုင္ၿပီျဖစ္ပါတယ္။

သူဟာမေန႔ညက လက္စတာကို ၂-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ပြဲထြက္စာရင္းက

ပါဝင္ခဲ့ၿပီး လီဗာပူးအတြက္သူ႔ရဲ႕ဒုတိယေျမာက္ပြဲနဲ႔ ပရီးမီးယားလိဂ္

ပထမဆုံးပြဲကို ဝင္ ကစားခဲ့ရပါတယ္။

ဒီပြဲမွာလီဗာပူးအတြက္ဂိုးေတြကို ဂ်ိဳတာတစ္ဦးတည္းကသြင္းယူေပးခဲ့တာျဖစ္ၿပီး

ဒီယက္ဇ္ဟာဂိုးမသြင္းခဲ့သလို ဖန္တီးမႈလည္းမလုပ္ခဲ့ပါဘူး။ ဒါေပမယ့္သူ႔ေျခစြမ္းနဲ႔

လီဗာပူးတိုက္စစ္ကိုဦးေဆာင္ခဲ့ၿပီး လက္စတာဘက္ကို အႀကိမ္ ႀကိမ္ၿခိမ္းေျခာက္ႏိုင္ခဲ့လို႔

မိုက္ကယ္အိုဝင္အပါအဝင္ BT Sport ရဲ႕ေဘာလုံးေဝဖန္သုံးသပ္သူေတြကို

ဖမ္းစားႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ပထမပိုင္းမွာသူဟာ ေကာင္းစြာ

ေျခစြမ္းျပႏိုင္ခဲ့လို႔ လီဗာပူးနဲ႔အသားက်ၿပီးသားသူတစ္ေယာက္လိုေတာင္

ျဖစ္ခဲ့ တာပါ။ ဒါေၾကာင့္လည္း အိုဝင္၊ ဖာဒီနန္နဲ႔ ေရာ္ဘီဆာေဗ့ခ်္တို႔ရဲ႕

ခ်ီးက်ဴးမႈကိုလည္းခံခဲ့ရပါတယ္။ ဒီပြဲပထမပိုင္းအၿပီးမွာ အိုဝင္က

” ၁၅ မိနစ္အတြင္းမွာတင္ ဒီယက္ဇ္ ရဲ႕ေျခစြမ္းမွာ ကြၽန္ေတာ္တို႔

နစ္ေျမာသြားၾကတယ္မဟုတ္လား။ က်ဳပ္တို႔ထင္ေနသလိုမ်ိဳး

ဒီယက္ဇ္ ကမယုံႏိုင္စရာေကာင္းတဲ့ ဖန္တီးမႈမ်ိဳးလုပ္သြားႏိုင္မယ္

ဆိုတာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့ေလ။ ဒါေပမယ့္သူ႔ရဲ႕ထက္ျမတ္မႈက

သိပ္ကိုေကာင္းမြန္ခဲ့တယ္။ သူဟာျမန္တယ္၊ အခ်ိန္တိုင္းမွာအသက္ပါပါနဲ႔

ကစားႏိုင္တယ္။ ေဘာလုံးကိုလည္းဖိအားေပးႏိုင္တယ္။ ၿပိဳင္ဘက္ေတြကို

ေျပးအားနဲ႔ျဖတ္ေက်ာ္အႏိုင္ယူဖို႔လည္း တြန႔္ ဆုတ္ေနသူမဟုတ္ဘူး။

သူဟာ လီဗာပူး ကစာသမားျဖစ္လာမယ့္ပုံရွိေနတယ္။ သူစြပ္ထားတဲ့လက္အိတ္က

သူ႔လက္မွာခြင္က်ျဖစ္ေနသလိုမ်ိဳး လီဗာပူးနဲ႔ အံဝင္မယ့္ပုံလည္းေတြ႕ေနရတယ္။

သူဟာလီဗာပူးအက်ႌနဲ႔ လိုက္ဖက္မယ့္သူဘဲ” လို႔ဆိုခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္ရွိတဲ့ ဒီယက္ဇ္ဟာ ဘယ္ေတာင္ပံမွာေကာင္းစြာလႈပ္ရွားႏိုင္ခဲ့ၿပီး

သူ႔ေပးပို႔မႈေတြက ၉၀.၉ ရာခိုင္ႏႈန္း တိက်ခဲ့သလို ေခါင္းတိုက္မႈႏွစ္ႀကိမ္

ေအာင္ျမင္ခဲ့ၿပီး ေဘာလုံးထိခ်က္ ၆၈ ႀကိမ္နဲ႔ လွည့္ဖ်ားမႈ ၅ ႀကိမ္၊

ျဖတ္တင္ေဘာ ၄ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။