လူးကပ်စ်ဟာ ဇနီးသည်ကိုရိုက်နှက်မှုအတွက် ဇနီးသည်အနားသို့မကပ်ရန် တရားရုံးကချမှတ်ထားမှုကို ချိုးဖောက်မှုအတွက် ထောင်ဒဏ်၆လချမှတ်

ပြင်သစ်နှင့်ဘိုင်ယန်မြူးနစ်နောက်ခံလူလူးကပ်စ်ဟာနန်ဒက်ဇ်ဟာ

၂၀၁၇ခုနှစ်တုန်းကဇနီးသည်ကိုရိုက်နှက်မှုအတွက်ဇနီးသည်အနားသို့မကပ်ရန်

တရားရုံးကချမှတ်ထားမှုကို ချိုးဖောက်မှုအတွက် ထောင်ဒဏ်၆လချမှတ်လာမှုအပေါ်

အယူခံဝင်လိုက်ပါတယ်။ အသက်၂၅နှစ်ရှိဟာနန်ဒက်ဇ်ဟာအောက်တိုဘာလ

၁၉ရက်နေ့မှာမက်ဒရစ်တရားရုံးသို့ ကိုယ်တိုင်တက်ရောက်ရမှာလည်းဖြစ်ပါတယ်။

ဟာနန်ဒက်ဇ်ဟာ၂၀၁၇ခုနှစ်၊ဖေဖော်ဝါရီလတုန်းကချစ်သူအဖြစ်သာရှိသေးတဲ့

ဇနီးသည်အေမီလီယာအော့ဆာလိုရန်တေးကိုရိုက်နှက်မှုအတွက်

လူမှုဝန်ထမ်းလုပ်ငန်း၃၁ရက်ကြာထမ်းဆောင်ရန်ချမှတ်ခံခဲ့ရပါတယ်။

ဒါ့အပြင်ဟာနန်ဒက်ဇ်ဟာချစ်သူနဲ့ မီတာ၅၀၀အကွာသို့မကပ်ရန်လည်း

အမိန့်ချမှတ်ခံခဲ့ရပါတယ်။တစ်ဖက်တွင်အမီယာအော့ဆာလိုရန်တေးမှာလည်း

အစိုးရပိုင်ပစ္စည်းအားဖျက်ဆီးမှု၊ရန်ပြုတိုက်ခိုက်မှုအတွက်၃၁ရက်ကြာလူမှုရေး

လုပ်ငန်းလုပ်ဆောင်ရန်အမိန့်ချမှတ်ခံခဲ့ရပါတယ်။

ထိုစဉ်ကအက်သလက်တီကိုတွင်ကစားနေတဲ့ဟာနန်ဒက်ဇ်ဟာ

အေမီလီယာအော့ဆာလိုရန်တေးနှင့်လက်ထပ်ခဲ့ပြီးဟန်းနီးမွန်းထွက်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟာဇွန်လမှာဇနီးသည်နှင့်ဟန်းနီးမွန်းခရီးမှပြန်လာချိန်မှာတော့

မက်ဒရစ်လေဆိပ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ထိုစဉ်ကဇနီးသည်မှာ

တရားရုံးကသတိပေးစာကိုမရရှိကြောင်း တုံ့ပြန်နိုင်ခဲ့မှုနဲ့အတူဖမ်းဆီးခံရမယ့်

အရေးမှလွတ်မြောက်ခဲ့ပါတယ်။ သူဟာ၂၀၁၄ခုနှစ်တွင်အက်သလက်တီကိုအတွက်

ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကိုကစားခွင့်ရရှိခဲ့ပြီး၂၀၁၉ခုနှစ်တွင်

ဘိုင်ယန်မြူးနစ်သို့ယူရိုသန်း၈၀ဖြင့်ပြောင်းခဲ့ပါတယ်။

၂၀၁၈ခုနှစ်တုန်းကပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့သူဟာ

တနင်္ဂနွေနေ့တုန်းကပြင်သစ်နှင့်အတူယူအီးအက်ဖ်အေနေးရှင်းဖလား

ထပ်မံဆွတ်ခူးခဲ့ပါတယ်။သူဟာနေးရှင်းဖလားဆွတ်ခူးပြီး၄ရက်အကြာမှာဘဲ

တရားရုံးကဇနီးသည်နှင့်ဝေးဝေးတွင်မနေမှုကြောင့်ထောင်ဒဏ်၆လ

ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

zawgyi

လူးကပ္စ္ဟာ ဇနီးသည္ကို႐ိုက္ႏွက္မႈအတြက္ ဇနီးသည္အနားသို႔မကပ္ရန္ တရား႐ုံးကခ်မွတ္ထားမႈကို ခ်ိဳးေဖာက္မႈအတြက္ ေထာင္ဒဏ္၆လခ်မွတ္

ျပင္သစ္ႏွင့္ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူလူးကပ္စ္ဟာနန္ဒက္ဇ္ဟာ

၂၀၁၇ခုႏွစ္တုန္းကဇနီးသည္ကို႐ိုက္ႏွက္မႈအတြက္ဇနီးသည္အနားသို႔မကပ္ရန္

တရား႐ုံးကခ်မွတ္ထားမႈကို ခ်ိဳးေဖာက္မႈအတြက္ ေထာင္ဒဏ္၆လခ်မွတ္လာမႈအေပၚ

အယူခံဝင္လိုက္ပါတယ္။ အသက္၂၅ႏွစ္ရွိဟာနန္ဒက္ဇ္ဟာေအာက္တိုဘာလ

၁၉ရက္ေန႔မွာမက္ဒရစ္တရား႐ုံးသို႔ ကိုယ္တိုင္တက္ေရာက္ရမွာလည္းျဖစ္ပါတယ္။

ဟာနန္ဒက္ဇ္ဟာ၂၀၁၇ခုႏွစ္၊ေဖေဖာ္ဝါရီလတုန္းကခ်စ္သူအျဖစ္သာရွိေသးတဲ့

ဇနီးသည္ေအမီလီယာေအာ့ဆာလိုရန္ေတးကို႐ိုက္ႏွက္မႈအတြက္

လူမႈဝန္ထမ္းလုပ္ငန္း၃၁ရက္ၾကာထမ္းေဆာင္ရန္ခ်မွတ္ခံခဲ့ရပါတယ္။

ဒါ့အျပင္ဟာနန္ဒက္ဇ္ဟာခ်စ္သူနဲ႔ မီတာ၅၀၀အကြာသို႔မကပ္ရန္လည္း

အမိန႔္ခ်မွတ္ခံခဲ့ရပါတယ္။တစ္ဖက္တြင္အမီယာေအာ့ဆာလိုရန္ေတးမွာလည္း

အစိုးရပိုင္ပစၥည္းအားဖ်က္ဆီးမႈ၊ရန္ျပဳတိုက္ခိုက္မႈအတြက္၃၁ရက္ၾကာလူမႈေရး

လုပ္ငန္းလုပ္ေဆာင္ရန္အမိန႔္ခ်မွတ္ခံခဲ့ရပါတယ္။

ထိုစဥ္ကအက္သလက္တီကိုတြင္ကစားေနတဲ့ဟာနန္ဒက္ဇ္ဟာ

ေအမီလီယာေအာ့ဆာလိုရန္ေတးႏွင့္လက္ထပ္ခဲ့ၿပီးဟန္းနီးမြန္းထြက္ခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ဟာဇြန္လမွာဇနီးသည္ႏွင့္ဟန္းနီးမြန္းခရီးမွျပန္လာခ်ိန္မွာေတာ့

မက္ဒရစ္ေလဆိပ္မွာဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ထိုစဥ္ကဇနီးသည္မွာ

တရား႐ုံးကသတိေပးစာကိုမရရွိေၾကာင္း တုံ႔ျပန္ႏိုင္ခဲ့မႈနဲ႔အတူဖမ္းဆီးခံရမယ့္

အေရးမွလြတ္ေျမာက္ခဲ့ပါတယ္။ သူဟာ၂၀၁၄ခုႏွစ္တြင္အက္သလက္တီကိုအတြက္

ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲကိုကစားခြင့္ရရွိခဲ့ၿပီး၂၀၁၉ခုႏွစ္တြင္

ဘိုင္ယန္ျမဴးနစ္သို႔ယူ႐ိုသန္း၈၀ျဖင့္ေျပာင္းခဲ့ပါတယ္။

၂၀၁၈ခုႏွစ္တုန္းကျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့သူဟာ

တနဂၤေႏြေန႔တုန္းကျပင္သစ္ႏွင့္အတူယူအီးအက္ဖ္ေအေနးရွင္းဖလား

ထပ္မံဆြတ္ခူးခဲ့ပါတယ္။သူဟာေနးရွင္းဖလားဆြတ္ခူးၿပီး၄ရက္အၾကာမွာဘဲ

တရား႐ုံးကဇနီးသည္ႏွင့္ေဝးေဝးတြင္မေနမႈေၾကာင့္ေထာင္ဒဏ္၆လ

ခ်မွတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။