လူအုပ်ထဲကိုပီကေနဲ့ပေါက်ပြီး ညစ်ထက်ထက်ပုံစံနဲ့အောင်ပွဲခံလို့ အဆူခံထိခဲ့တဲ့ မက်တီယို

မက်ဆီရဲ့မိသားစုဝင်တွေဟာ သြစတြေးလျနဲ့ ကမ္ဘာ့ဖလား ၁၆ သင်း

အဆင့်ပွဲစဉ်ကိုတက်ရောက်အားပေးခဲ့ကြပါတယ်။ ပွဲအစပိုင်းမှာ

အာဂျင်တီးနားအတွက်အနည်းငယ်ခက်ခဲခဲ့ပြီး ကယ်တင်ရှင်ကတော့

ထုံးစံအတိုင်း မက်ဆီပဲဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ

လှပသေသပ်လွန်းတဲ့ကန်ချက်နဲ့ အဖွင့်ဂိုးသွင်းလိုက်ချိန်မှာတော့

ပွဲကြည့်စင်ပေါ်က အန်တိုနယ်လာအပါအဝင် မက်ဆီရဲ့မိသားစုဝင်တွေ

အားပါးတရအောင်ပွဲခံခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ အားလုံးရဲ့

အာရုံစိုက်ခြင်းခံနေရတဲ့အချိန်မှာ မက်ဆီရဲ့သားတော်လေး

မက်တီယိုလုပ်ရပ်ကတော့ညစ်ထက်ထက်ဆန်လွန်းခဲ့ပါတယ်။

ဖခင်ကအနေအေးသူဖြစ်ပေမဲ့ မက်တီယိုကတုံ့ပြန်မှုမြန်တဲ့

ကလေးတစ်ယောက်ဆိုတာကိုသိသာစေခဲ့တာပါ။

အန်တိုနယ်လာဟာ မက်တီယိုရဲ့ပါးစပ်ထဲက ပီကေကို

ထုတ်ခိုင်းဟန်ရှိခဲ့ပြီး သားဖြစ်သူကလက်တစ်ဖက်မှာအသာလေး

ကိုင်ထားသလို တစ်ချက်အလစ်မှာလူအုပ်ထဲကိုပစ်ပေါက်ချလိုက်ပါတယ်။

ဒါကိုမြင်ခဲ့တဲ့ အန်တိုနယ်လာကတော့ မက်တီယိုကိုချက်ချင်း

ကြိမ်းမောင်းခဲ့တာတွေ့ရပါတယ်။ သူကတော့ လုပ်ချင်ရာလုပ်ပြီး

မထုံသက်သေးပုံစံမျိုးနဲ့တုံ့ပြန်နေတာတွေ့ရပါတယ်။

မက်ဆီကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မက်တီယိုကို

သေချာပေါက်သတိပေးဖို့ရှိနေသလို လာမယ့်ပွဲစဉ်တွေမှာ

ညစ်ထက်ထက်ပုံစံမျိုးမလုပ်ဖို့ပြောဆိုမှာတော့သေချာပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီညမှာ နယ်သာလန်နဲ့ရင်ဆိုင်ဖို့ရှိနေပြီး

မက်ဆီရဲ့သားတော်မောင်တွေဘယ်လိုအောင်ပွဲခံဦးမလဲဆိုတာစောင့်ကြည့်ရမှာပါ။

zawgyi

လူအုပ္ထဲကိုပီေကနဲ႔ေပါက္ၿပီး ညစ္ထက္ထက္ပုံစံနဲ႔ေအာင္ပြဲခံလို႔ အဆူခံထိခဲ့တဲ့ မက္တီယို

မက္ဆီရဲ႕မိသားစုဝင္ေတြဟာ ၾသစေၾတးလ်နဲ႔ ကမာၻ႔ဖလား ၁၆ သင္း

အဆင့္ပြဲစဥ္ကိုတက္ေရာက္အားေပးခဲ့ၾကပါတယ္။ ပြဲအစပိုင္းမွာ

အာဂ်င္တီးနားအတြက္အနည္းငယ္ခက္ခဲခဲ့ၿပီး ကယ္တင္ရွင္ကေတာ့

ထုံးစံအတိုင္း မက္ဆီပဲျဖစ္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ

လွပေသသပ္လြန္းတဲ့ကန္ခ်က္နဲ႔ အဖြင့္ဂိုးသြင္းလိုက္ခ်ိန္မွာေတာ့

ပြဲၾကည့္စင္ေပၚက အန္တိုနယ္လာအပါအဝင္ မက္ဆီရဲ႕မိသားစုဝင္ေတြ

အားပါးတရေအာင္ပြဲခံခဲ့ၾကပါတယ္။ သူတို႔အဖြဲ႕ဟာ အားလုံးရဲ႕

အာ႐ုံစိုက္ျခင္းခံေနရတဲ့အခ်ိန္မွာ မက္ဆီရဲ႕သားေတာ္ေလး

မက္တီယိုလုပ္ရပ္ကေတာ့ညစ္ထက္ထက္ဆန္လြန္းခဲ့ပါတယ္။

ဖခင္ကအေနေအးသူျဖစ္ေပမဲ့ မက္တီယိုကတုံ႔ျပန္မႈျမန္တဲ့

ကေလးတစ္ေယာက္ဆိုတာကိုသိသာေစခဲ့တာပါ။

အန္တိုနယ္လာဟာ မက္တီယိုရဲ႕ပါးစပ္ထဲက ပီေကကို

ထုတ္ခိုင္းဟန္ရွိခဲ့ၿပီး သားျဖစ္သူကလက္တစ္ဖက္မွာအသာေလး

ကိုင္ထားသလို တစ္ခ်က္အလစ္မွာလူအုပ္ထဲကိုပစ္ေပါက္ခ်လိုက္ပါတယ္။

ဒါကိုျမင္ခဲ့တဲ့ အန္တိုနယ္လာကေတာ့ မက္တီယိုကိုခ်က္ခ်င္း

ႀကိမ္းေမာင္းခဲ့တာေတြ႕ရပါတယ္။ သူကေတာ့ လုပ္ခ်င္ရာလုပ္ၿပီး

မထုံသက္ေသးပုံစံမ်ိဳးနဲ႔တုံ႔ျပန္ေနတာေတြ႕ရပါတယ္။

မက္ဆီကေတာ့ ဒီကိစၥနဲ႔ပတ္သတ္ၿပီး မက္တီယိုကို

ေသခ်ာေပါက္သတိေပးဖို႔ရွိေနသလို လာမယ့္ပြဲစဥ္ေတြမွာ

ညစ္ထက္ထက္ပုံစံမ်ိဳးမလုပ္ဖို႔ေျပာဆိုမွာေတာ့ေသခ်ာပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဒီညမွာ နယ္သာလန္နဲ႔ရင္ဆိုင္ဖို႔ရွိေနၿပီး

မက္ဆီရဲ႕သားေတာ္ေမာင္ေတြဘယ္လိုေအာင္ပြဲခံဦးမလဲဆိုတာေစာင့္ၾကည့္ရမွာပါ။