
PSG အသင်းရဲ့ ပြင်သစ်နာမည်ကျော်ကစားသမားဘာပေဟာ
မမျှော်လင့်ဘဲ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ရင်ဆိုင်နေပြီဖြစ်ပါတယ်။
ဘာပေရဲ့မွေးရပ်မြေမြို့ဖြစ်တဲ့ Bondy မှာ ဘာပေကို ဂုဏ်ပြုတဲ့အနေနဲ့
မြင့်မားတဲ့အဆောက်အအုံတစ်ခုဘေးမှာ ဘာပေရဲ့ပုံကို ပန်းချီရေးဆွဲထားရှိခဲ့ပြီး
အဲဒီပုံအောက်မှာ လူဆိုးသူခိုးတွေက
‘ဘာပေ..မင်းတော့ အသေပဲ (‘Mbappe, you’re dead’)ဆိုတဲ့
စာသားတွေရေးသားခဲ့ကြပါတယ်။
အဲဒီလူရမ်းကားတွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့်
ဘာပေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေလုပ်ခဲ့ရတာလဲဆိုတာ
အတိအကျမသိရပေမယ့် ပြင်သစ်မီဒီယာတချို့ကတော့
သိုမက်ဆင်လို့အမည်ရတဲ့ နိုင်ငံရေးသမားအမျိုးသမီးတစ်ဦးနဲ့ပတ်သက်ပြီးတော့
အခုလိုခြိမ်းခြောက်မှုတဲ့စာသားတွေရေးသားခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
သိုမက်ဆင်ဟာ Bondy မြို့တော်ဝန်အဖြစ် (၉)နှစ်အထိတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး
၂၀၂၀၊ မေလက ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့်
နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ဖို့ကြိုးပမ်းနေသလို
ဘာပေကလည်း သိုမက်ဆင်ကို အားပေးကူညီနေတာဖြစ်ပါတယ်။
သိုမက်ဆင်ဟာ Bondy မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်ကလည်း
လူရမ်းကားတွေရဲ့ အခုလိုမျိုး အသက်အန္တရာယ်
ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရဖူးတာကြောင့်
သူမနဲ့ပတ်သက်ဆက်နွယ်ပြီးတော့
ဘာပေကို လူရမ်းကားတွေက ပစ်မှတ်ထားနေတာဖြစ်ဖို့များပါတယ်။
ဘာပေဟာ ဒီရာသီကုန်ကျရင် PSG အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး
အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့မရှိတော့ဘဲ
ရီးယဲလ်အသင်းဆီပြောင်းရွှေ့ဖို့ရှိနေတာကြောင့်
ပြင်သစ်ဘောလုံးရပ်ဝန်းကို မကြာခင်ကာလအတွင်းမှာပဲ စွန့်ခွာဖို့နီးစပ်နေပါပြီ။
zawgyi
လူရမ္းကားေတြ ပစ္မွတ္ထားခံေနရတဲ့ ဘာေပ
PSG အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္ကစားသမားဘာေပဟာ
မေမွ်ာ္လင့္ဘဲ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈနဲ႔ရင္ဆိုင္ေနၿပီျဖစ္ပါတယ္။
ဘာေပရဲ႕ေမြးရပ္ေျမၿမိဳ႕ျဖစ္တဲ့ Bondy မွာ ဘာေပကို ဂုဏ္ျပဳတဲ့အေနနဲ႔
ျမင့္မားတဲ့အေဆာက္အအုံတစ္ခုေဘးမွာ ဘာေပရဲ႕ပုံကို ပန္းခ်ီေရးဆြဲထားရွိခဲ့ၿပီး
အဲဒီပုံေအာက္မွာ လူဆိုးသူခိုးေတြက
‘ဘာေပ..မင္းေတာ့ အေသပဲ (‘Mbappe, you’re dead’)ဆိုတဲ့
စာသားေတြေရးသားခဲ့ၾကပါတယ္။
အဲဒီလူရမ္းကားေတြအေနနဲ႔ ဘယ္လိုအေၾကာင္းေၾကာင့္
ဘာေပကို အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြလုပ္ခဲ့ရတာလဲဆိုတာ
အတိအက်မသိရေပမယ့္ ျပင္သစ္မီဒီယာတခ်ိဳ႕ကေတာ့
သိုမက္ဆင္လို႔အမည္ရတဲ့ ႏိုင္ငံေရးသမားအမ်ိဳးသမီးတစ္ဦးနဲ႔ပတ္သက္ၿပီးေတာ့
အခုလိုၿခိမ္းေျခာက္မႈတဲ့စာသားေတြေရးသားခဲ့တာျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။
သိုမက္ဆင္ဟာ Bondy ၿမိဳ႕ေတာ္ဝန္အျဖစ္ (၉)ႏွစ္အထိတာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး
၂၀၂၀၊ ေမလက ေ႐ြးေကာက္ပြဲမွာရႈံးနိမ့္ခဲ့တာေၾကာင့္
ေနာက္တစ္ႀကိမ္ေ႐ြးေကာက္ပြဲဝင္ဖို႔ႀကိဳးပမ္းေနသလို
ဘာေပကလည္း သိုမက္ဆင္ကို အားေပးကူညီေနတာျဖစ္ပါတယ္။
သိုမက္ဆင္ဟာ Bondy ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္ကလည္း
လူရမ္းကားေတြရဲ႕ အခုလိုမ်ိဳး အသက္အႏၲရာယ္
ၿခိမ္းေျခာက္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရဖူးတာေၾကာင့္
သူမနဲ႔ပတ္သက္ဆက္ႏြယ္ၿပီးေတာ့
ဘာေပကို လူရမ္းကားေတြက ပစ္မွတ္ထားေနတာျဖစ္ဖို႔မ်ားပါတယ္။
ဘာေပဟာ ဒီရာသီကုန္က်ရင္ PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး
အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔မရွိေတာ့ဘဲ
ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ရွိေနတာေၾကာင့္
ျပင္သစ္ေဘာလုံးရပ္ဝန္းကို မၾကာခင္ကာလအတြင္းမွာပဲ စြန႔္ခြာဖို႔နီးစပ္ေနပါၿပီ။