အင်္ဂလန်နည်းပြဆောက်ဂိတ်က အီရန်နဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမတိုင်ခင်မှာ အင်္ဂလန်ကစားသမားတွေအားလုံး
လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်တဲ့အနေနဲ့ ဒူးထောက်သွားမယ်လို့ အသိပေးလိုက်ပါတယ်။ ၂၀၂၀ အတွင်း လူမည်းတစ်ဦးဖြစ်တဲ့ ဂျော့ဖလွိုက်ဒ်သေဆုံးခဲ့ပြီးနောက်
အင်္ဂလန်အသင်း ဟာလူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးကို အစဉ်တစိုက်လုပ်ဆောင်ခဲ့တာဖြစ်တယ်။ BBCသတင်းငှာနရဲ့ဖော်ပြချက်အရ ဆော်ဂိတ်ရဲ့အသင်းဟာ
နေးရှင်းလိဂ်ကာလမှာ ဒီအစဉ်အလာကိုမလုပ်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားမှာတော့ပြန်လည် လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ BBC ကတစ်ဆင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့
အင်္ဂလန်နည်းပြဆောက်ဂိတ်က “ကျွန်တော်တို့အသင်းဟာ ဒီအရာအတွက်ရပ်တည်ပေးခဲ့ပြီး အချိန်တစ်ခုကြာအောင်လုပ်ဆောင်ခဲ့ပါတယ်။
ဒါက အကြီးမားဆုံးလို့ခံစားရသလို လူငယ်တွေအတွက်ဖြစ်တယ်။ အလွန်အရေးကြီးပြီး ကမ္ဘာတစ်ဝှမ်းလုံးအတွက်ခိုင်မာတဲ့ထုတ်ပြန်ချက်ဖြစ်မယ်လို့ယူဆတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ကပ်ရောဂါကျော်လွန်အပြီး ၂၀၂၀ ကာလအတွင်းကစလို့ ပရီးမီးယားလိဂ်ကစားသမားတွေဟာ ပွဲမစတင်ခင်ဒူးထောက်တဲ့အလေ့အထကိုပုံမှန်ကျင့်သုံးခဲ့ကြတာဖြစ်တယ်။
(Zawgyi)
လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ပြယုဂ်အဖြစ် အီရန်နဲ့ပွဲမတိုင်ခင်မှာ ဒူးထောက်သွားမယ့် အင်္ဂလန်အသင်း