လူမျိုးရေးခွဲခြားမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ဖျက်ချင်တဲ့ ဘာလော့တယ်လီ

“ ဘာလော့တယ်လီ” လို့ ဆိုတာနဲ့ ခြေစွမ်းကောင်းသလောက် ပြဿနာ

ရှာတတ်လွန်းသူလို့ လူသိများပါတယ်။ပြိုင်ဘက်အသင်းနဲ့ပရိသတ်တင်မက

ကိုယ့်အသင်းမန်နေဂျာတွေ ကစားသမားတွေအထိ မွှေတတ်တဲ့ရာဇဝင်တွေကလည်း

မနည်းမနောမဟုတ်လား။သူကဆော်ခဲ့ရတာတွေရှိသလို သူခံခဲ့ရတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဆိုးတာမိုက်တာက တစ်ပိုင်း၊ ခွဲခြားဆက်ဆံ နှိမ့်ချတာက သပ်သပ်ပါ။

ဘာလေ့ာတယ်လီ ဟာ လူမျိုးရေးခွဲခြားခံရဖူးပါတယ်။ ဘာလော့တယ်လီရဲ့ နာမည်ကို

အော်ဟစ်ပြီး လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း တွေကို အော်ဟစ်ခဲ့ကြတာကြောင့်

ကစားပွဲကိုရပ်ကာ လူမျိုးရေးခွဲခြားမှုတွေမပြုလုပ်ဖို့ ကြေငြာချက်ထုတ်ပြန်ခဲ့ရတာတောင်

ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာလော့တယ်လီက အဲဒီလို ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး

ခုလို ပြောထားပါတယ်။

“အာဖရိက ကစားသမားတွေအားလုံး ကျွန်တော်နဲ့အတူ ပိုက်ဆံစုပီး ဒီလူမျိုးရေး

ခွဲခြားမှုတွေရှိနေတဲ့ ဥရောပကနေ ထွက်ခွါသွားဖို့အတွက် စိန်ခေါ်ချင်ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေမရှိတဲ့ ကျွန်တော်တို့ရဲ့အမိမြေ အာဖရိကမှာ ကျွန်တော်တို့

ဘောလုံးကွင်းတွေဆောက်လုပ်ပြီး ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေ

တိုးတက်ဖို့အတွက် ကြိုးစားကြမယ်။ ကျွန်တော်တို့အားလုံးစုထားတဲ့ ပိုက်ဆံနဲ့ဆိုရင်

အာဖရိကနိုင်ငံအသီးသီးမှာ ကမ္ဘာ့အဆင့်မှီဘောလုံးကွင်း အနည်းဆုံး(5)ခုလောက်တော့

ဆောက်လုပ်နိုင်ပါလိမ့်မယ်။ပြီးတော့ ကျွန်တော်တို့ရဲ့ အရည်အသွေးရှိတဲ့ကစားသမားတွေ

ဥရောပကို နောက်တစ်ခါတင်ပို့ခြင်းမခံရအောင် အသနားခံလွှာတစ်ခုမှာ

လက်မှတ်ရေးထိုးကြပါမယ်။အာဖရိကမှာဆိုရင် သူတို့အနေနဲ့ သူတို့ရဲ့မိဘတွေ

မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာတွေအောက်မှာ ငြိမ်းချမ်းစွာကစားနိုင်မယ်လေဗျာ၊

သူတို့ကိုဘယ်သူကမှလည်း လူမျိုးရေးခွဲခြားတဲ့ စကားတွေ ထပ်ပြောနိုင်မှာမဟုတ်ပါဘူး။

အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ပိုပြီးအရည်အချင်းရှိကြပါတယ်။

ကျွန်တော်တို့ရဲ့ လိဂ်ကိုအဆင့်အတန်းမှီတဲ့ လိဂ်တစ်ခုဖြစ်လာအောင် ပြုလုပ်နိုင်ပါတယ်။

ကျွန်တော်တို့ဆီမှာ သူတို့ အသိအမှတ်ပြုဖို့အတွက် မျက်ကွယ်ပြုထားခဲ့တဲ့

အရည်အချင်းတွေများစွာရှိနေပါသေးတယ်။”ဆိုပြီး ဘာလော့တယ်လီက

ရင်နာနာနဲ့ ပြောဆိုထားပါတယ်။

Zawgyi

လူမ်ိဳးေရးခြဲျခားမႈကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ တိုက္ဖ်က္ခ်င္တဲ့ ဘာေလာ့တယ္လီ

“ ဘာေလာ့တယ္လီ” လို႔ ဆိုတာနဲ႔ ေျခစြမ္းေကာင္းသေလာက္ ျပႆနာ

ရွာတတ္လြန္းသူလို႔ လူသိမ်ားပါတယ္။ၿပိဳင္ဘက္အသင္းနဲ႔ပရိသတ္တင္မက

ကိုယ့္အသင္းမန္ေနဂ်ာေတြ ကစားသမားေတြအထိ ေမႊတတ္တဲ့ရာဇဝင္ေတြကလည္း

မနည္းမေနာမဟုတ္လား။သူကေဆာ္ခဲ့ရတာေတြရွိသလို သူခံခဲ့ရတာေတြလည္း ရွိပါတယ္။

ဒါေပမယ့္ ဆိုးတာမိုက္တာက တစ္ပိုင္း၊ ခြဲျခားဆက္ဆံ ႏွိမ့္ခ်တာက သပ္သပ္ပါ။

 

ဘာေလ့ာတယ္လီ ဟာ လူမ်ိဳးေရးခြဲျခားခံရဖူးပါတယ္။ ဘာေလာ့တယ္လီရဲ႕ နာမည္ကို

ေအာ္ဟစ္ၿပီး လူမ်ိဳးေရးခြဲျခားတဲ့ အသုံးအႏႈန္း ေတြကို ေအာ္ဟစ္ခဲ့ၾကတာေၾကာင့္

ကစားပြဲကိုရပ္ကာ လူမ်ိဳးေရးခြဲျခားမႈေတြမျပဳလုပ္ဖို႔ ေၾကျငာခ်က္ထုတ္ျပန္ခဲ့ရတာေတာင္

ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဘာေလာ့တယ္လီက အဲဒီလို ခြဲျခားမႈေတြနဲ႔ ပတ္သက္ၿပီး

ခုလို ေျပာထားပါတယ္။

“အာဖရိက ကစားသမားေတြအားလုံး ကြၽန္ေတာ္နဲ႔အတူ ပိုက္ဆံစုပီး ဒီလူမ်ိဳးေရး

ခြဲျခားမႈေတြရွိေနတဲ့ ဥေရာပကေန ထြက္ခြါသြားဖို႔အတြက္ စိန္ေခၚခ်င္ပါတယ္။

လူမ်ိဳးေရးခြဲျခားမႈေတြမရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕အမိေျမ အာဖရိကမွာ ကြၽန္ေတာ္တို႔

ေဘာလုံးကြင္းေတြေဆာက္လုပ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ လူငယ္မ်ိဳးဆက္သစ္ေတြ

တိုးတက္ဖို႔အတြက္ ႀကိဳးစားၾကမယ္။ ကြၽန္ေတာ္တို႔အားလုံးစုထားတဲ့ ပိုက္ဆံနဲ႔ဆိုရင္

အာဖရိကႏိုင္ငံအသီးသီးမွာ ကမာၻ႔အဆင့္မွီေဘာလုံးကြင္း အနည္းဆုံး(5)ခုေလာက္ေတာ့

ေဆာက္လုပ္ႏိုင္ပါလိမ့္မယ္။ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အရည္အေသြးရွိတဲ့ကစားသမားေတြ

ဥေရာပကို ေနာက္တစ္ခါတင္ပို႔ျခင္းမခံရေအာင္ အသနားခံလႊာတစ္ခုမွာ

လက္မွတ္ေရးထိုးၾကပါမယ္။အာဖရိကမွာဆိုရင္ သူတို႔အေနနဲ႔ သူတို႔ရဲ႕မိဘေတြ

ေမာင္ႏွမေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြေအာက္မွာ ၿငိမ္းခ်မ္းစြာကစားႏိုင္မယ္ေလဗ်ာ၊

သူတို႔ကိုဘယ္သူကမွလည္း လူမ်ိဳးေရးခြဲျခားတဲ့ စကားေတြ ထပ္ေျပာႏိုင္မွာမဟုတ္ပါဘူး။

 

အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္တို႔က ပိုၿပီးအရည္အခ်င္းရွိၾကပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ လိဂ္ကိုအဆင့္အတန္းမွီတဲ့ လိဂ္တစ္ခုျဖစ္လာေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔ဆီမွာ သူတို႔ အသိအမွတ္ျပဳဖို႔အတြက္ မ်က္ကြယ္ျပဳထားခဲ့တဲ့

အရည္အခ်င္းေတြမ်ားစြာရွိေနပါေသးတယ္။”ဆိုၿပီး ဘာေလာ့တယ္လီက

ရင္နာနာနဲ႔ ေျပာဆိုထားပါတယ္။