လူပြောများနေတဲ့ စီရော်နယ်ဒိုရဲ့ သွင်းဂိုးအကြောင်းကို သိပ္ပံနည်းကျ ရှင်းချက်ထုတ်ခဲ့တဲ့ ဖီဖာ

ဥရုဂွေးကို ၂- ၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးကို စီရော်နယ်ဒို သွင်းတယ်၊ မသွင်းဘူး ဆိုတာနဲ့ ပတ်သက်ပြီး သတင်း စာမျက်နှာတွေမှာရော၊ လူမှုကွန်ရက်တွေပေါ်မှာပါ

အငြင်းပွားခဲ့ကြတာ တော် တော်လေးကို ပွဲဆူခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က နည်းပညာပိုင်းအရရော သိပ္ပံနည်းကျပါ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပြီး

ဒီသွင်းဂိုးဟာ စီရော်နယ်ဒိုရဲ့ သွင်းဂိုး လုံးလုံး မဟုတ်ဘူးဆို တာကို သက်သေပြခဲ့ပါတယ်။ ဒီသွင်းဂိုးမှာ ဘောလုံးသွားတဲ့ လမ်းကြောင်း အရ ပြောရမယ်ဆိုရင်တော့ ဖာနန်ဒက်စ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးဟာ

စီရော်နယ်ဒိုရဲ့ ဦးဆောင်းခွံနဲ့ ထိတွေ့ပုံ မရခဲ့ဘဲ ဆံသားနဲ့တော့ ထိတွေ့ခဲ့ တယ်လို့ တချို့လည်း ပြောဆိုနေကြတာ ရှိပါတယ်။ နောက်ပြီး ဒီသွင်းဂိုးဟာ စီရော်နယ်ဒိုကြောင့်သာ မဟုတ်ခဲ့ရင်လည်း ဂိုးသမားလက်ထဲ

သေချာပေါက် ကို ရောက်သွားမှာ ဖြစ်တယ်လို့ ပြောတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ဒါကြောင့် ဒီသွင်းဂိုးနဲ့ ပတ်သက်ပြီး ပွဲဖြစ်နေတဲ့အတွက် ဖီဖာက ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ

မှန်ကန်မှုရှိတဲ့အကြောင်းကို သက်သေခိုင်လုံအောင် ကြိုးစားခဲ့ပါတယ်။ ဖီဖာရဲ့ ထုတ်ပြန်ချက်မှာတော့ ‘’ပေါ်တူဂီနဲ့ ဥရုဂွေးတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ adidas ရဲ့ Al Rihla တရားဝင် ဘောလုံးကို အသုံးပြုခဲ့တာဖြစ်ပြီး

နည်းပညာထည့်သွင်းထားတဲ့ ဘောလုံးကို အသုံးပြုခဲ့ပါတယ်။ အဲဒီပွဲရဲ့ အဖွင့်ဂိုးသွင်းယူချိန်မှာမှာ ဘောလုံးဟာ စီရော်နယ်ဒိုရဲ့ ဦးခေါင်းနဲ့ လုံး၀ ထိတွေ့မှု မရှိခဲ့ဘူးဆိုတာကို ကျွန်တော်တို့ တိတိကျကျ

ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းတာစစ်ဆေးချက်အရ အဲဒီအခိုက်အတန့်မှာ ဘောလုံးဆီကို ပြင်ပကနေ သက်ရောက်တဲ့ တွန်းကန်အားမျိုး လုံး၀မရှိခဲ့တာကို တွေ့ရပါတယ်။

500 Hz ရှိတဲ့ IMU ဆင်ဆာ ဟာ ဘောလုံးထဲမှာ ပါဝင်နေတာဖြစ်ပြီး အဲဒီ ဆင်ဆာဟာဆိုရင် ကျွန်တော် တို့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် မြင့်မားတဲ့ တိကျမှုစံနှုန်းတွေကို ပြသ ပေးပါတယ်’’ လို့ ဖီဖာရဲ့

ကြေညာချက်မှာ ပါရှိပါတယ်။

(Zawgyi)

လူေျပာမ်ားေနတဲ့ စီေရာ္နယ္ဒိုရဲ႕ သြင္းဂိုးအေၾကာင္းကို သိပၸံနည္းက်ရွင္းခ်က္ ထုတ္ခဲ့တဲ့ ဖီဖာ

ဥ႐ုေဂြးကို ၂- ၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီအသင္းအတြက္ ဦးေဆာင္ဂိုးကို စီေရာ္နယ္ဒို သြင္းတယ္၊ မသြင္းဘူး ဆိုတာနဲ႔ ပတ္သက္ၿပီး သတင္း စာမ်က္ႏွာေတြမွာေရာ၊ လူမႈကြန္ရက္ေတြေပၚမွာပါ

အျငင္းပြားခဲ့ၾကတာ ေတာ္ ေတာ္ေလးကို ပြဲဆူခဲ့ပါတယ္။ ဒါေၾကာင့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ (ဖီဖာ)က နည္းပညာပိုင္းအရေရာ သိပၸံနည္းက်ပါ ရွင္းလင္းခ်က္

ထုတ္ျပန္ခဲ့ၿပီး ဒီသြင္းဂိုးဟာ စီေရာ္နယ္ဒိုရဲ႕ သြင္းဂိုး လုံးလုံး မဟုတ္ဘူးဆို တာကို သက္ေသျပခဲ့ပါတယ္။ ဒီသြင္းဂိုးမွာ ေဘာလုံးသြားတဲ့ လမ္းေၾကာင္း အရ ေျပာရမယ္ဆိုရင္ေတာ့ ဖာနန္ဒက္စ္

ကန္တင္ေပးလိုက္တဲ့ ေဘာလုံးဟာ စီေရာ္နယ္ဒိုရဲ႕ ဦးေဆာင္းခြံနဲ႔ ထိေတြ႕ပုံ မရခဲ့ဘဲ ဆံသားနဲ႔ေတာ့ ထိေတြ႕ခဲ့ တယ္လို႔ တခ်ိဳ႕လည္း ေျပာဆိုေနၾကတာ ရွိပါတယ္။ ေနာက္ၿပီး ဒီသြင္းဂိုးဟာ

စီေရာ္နယ္ဒိုေၾကာင့္သာ မဟုတ္ခဲ့ရင္လည္း ဂိုးသမားလက္ထဲ ေသခ်ာေပါက္ ကို ေရာက္သြားမွာ ျဖစ္တယ္လို႔ ေျပာတဲ့သူေတြလည္း ဒုနဲ႔ေဒးပါ။ ဒါေၾကာင့္ ဒီသြင္းဂိုးနဲ႔ ပတ္သက္ၿပီး ပြဲျဖစ္ေနတဲ့အတြက္

ဖီဖာက ေၾကညာခ်က္ တစ္ရပ္ ကို ထုတ္ျပန္ခဲ့ၿပီး သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္မႈရွိတဲ့အေၾကာင္းကို သက္ေသခိုင္လုံေအာင္ ႀကိဳးစားခဲ့ပါတယ္။ ဖီဖာရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ‘’ေပၚတူဂီနဲ႔ ဥ႐ုေဂြးတို႔

ကစားခဲ့တဲ့ ပြဲစဥ္မွာ adidas ရဲ႕ Al Rihla တရားဝင္ ေဘာလုံးကို အသုံးျပဳခဲ့တာျဖစ္ၿပီး နည္းပညာထည့္သြင္းထားတဲ့ ေဘာလုံးကို အသုံးျပဳခဲ့ပါတယ္။ အဲဒီပြဲရဲ႕ အဖြင့္ဂိုးသြင္းယူခ်ိန္မွာမွာ ေဘာလုံးဟာ

စီေရာ္နယ္ဒိုရဲ႕ ဦးေခါင္းနဲ႔ လုံး၀ ထိခိုက္မႈ မရွိခဲ့ဘူးဆိုတာကို ကြၽန္ေတာ္တို႔ တိတိက်က် ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ တိုင္းတာ စစ္ေဆးခ်က္ အရ အဲဒီအခိုက္အတန႔္မွာ ေဘာလုံးဆီကို

ျပင္ပကေန သက္ေရာက္တဲ့ တြန္း ကန္အားမ်ိဳး လုံး၀ မရွိခဲ့တာကို ေတြ႕ရပါတယ္။ 500 Hz ရွိတဲ့ IMU ဆင္ဆာ ဟာ ေဘာလုံးထဲမွာ ပါဝင္ေနတာျဖစ္ၿပီး အဲဒီ ဆင္ဆာဟာဆိုရင္ ကြၽန္ေတာ္ တို႔

စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔အတြက္ ျမင့္မားတဲ့ တိက်မႈစံႏႈန္းေတြကို ျပသ ေပးပါတယ္’’ လို႔ ဖီဖာရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။