
ဒီရာသီမှာ လီဗာပူးအသင်းစွမ်းဆောင်ရည်ကျဆင်းသွားရတဲ့ အကြောင်းအရင်းရှိပေမဲ့





လူတိုင်းကနားလည်မပေးနိုင်ကြဘူးလို့ ကလော့ပ်က ရင်ဖွင့်လိုက်ပါတယ်။
ကြိုးကြာနီတွေရဲ့ ရာသီသစ်စတင်မှုက ကြောက်မက်ဖွယ်ကောင်းလောက်အောင်





ဆိုးရွားနေခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို ၃ဂိုး ပြန်ရှုံးခဲ့ပြီးနောက်
အဆင့် ၁၀ အထိကျဆင်းသွားခဲ့တာဖြစ်တယ်။ ကလော့ပ်ကတော့ သူ့အပေါ်
ဝေဖန်မှုတွေကိုကြိုဆိုပေမဲ့ သူ့အသင်းက ‘ညတွင်းချင်းဆိုးရွားလွန်းတဲ့





ကစားသမားတွေအဖြစ်မပြောင်းလဲသေးဘူး’ လို့ ကာကွယ်ခဲ့ပါတယ်။
“ပင်ပန်းနွမ်းနယ်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ လူတွေက အကြောင်းပြချက်ကို





မကြားချင်ပေမဲ့ ဒီရာသီမှာ ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေအတွက်
အကြောင်းပြချက်ရှိကိုရှိရပါမယ်။ ကျွန်တော်တို့က နေ့ချင်းညချင်း လူဆိုးတွေ
ဖြစ်ကုန်တာမဟုတ်ပါဘူး။ ဘောလုံးဦးနှောက် ဆုံးရှုံးသွားတာ ဒါမှမဟုတ်





ဂိမ်းကို မသိတော့တာ မဟုတ်ပါဘူး။ အခြားကလပ်အသင်း ကစားသမားတွေမှာလည်း
အလားတူပြဿနာတွေရှိခဲ့ပါတယ်။ မနှစ်ကပုံစံမျိုး ဒီနှစ်မလုပ်နိုင်တာတွေရှိတယ်။





အလုပ်ပိုင်းဆိုင်ရာနဲ့ပက်သတ်လို့ အရာတိုင်းကိုတတ်နိုင်သလောက်စီမံခန့်ခွဲနေတယ်။
အခုတော့ မှန်ကန်အောင်မလုပ်နိုင်သေးဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့
လုပ်နိုင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ လူတိုင်းကတတ်နိုင်သလောက်ကစားနိုင်ခဲ့ကြတယ်။





ကျွန်တော်တို့တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပြီး ကွင်းလယ်ကိုဒီထက်တည်ငြိမ်အောင်
လုပ်ချင်ပါသေးတယ်။ ဒီတစ်ပတ်မှာတော့ သူတို့အားလုံးမယုံကြည်နိုင်လောက်အောင်





လန်းဆန်းနေသလိုပါပဲ…ဒါဟာ အမှန်တရားပါ။ လေ့ကျင့်မှုတွေအရမ်းကောင်းနေပြီး
ပြင်းပြင်းထန်ထန်ကြိုးစားနေကြပါတယ်” လို့ ကလော့ပ်က ဖွင့်ဟလိုက်ပါတယ်။
ကာလရှည်အနားယူခဲ့ရတဲ့ ဂျိုတာဟာ လေ့ကျင့်ရေးနှစ်ကြိမ်အထိပြန်လည်ပါဝင်လာခဲ့ပြီး





ဖာမီနို၊ ဗန်ဒိုက်နဲ့ အာသာတို့ဟာလည်း ဒဏ်ရာကပြန်လာနိုင်ဖို့အတွက် အရိပ်အယောင်တွေပြသနေပြီပဲဖြစ်တယ်။
zawgyi





လူေတြကဆင္ေျခေပးတာကိုနားမေထာင္ခ်င္ၾကေပမဲ့ လီဗာပူးက ေန႔ခ်င္းညခ်င္းလူဆိုးေတြျဖစ္ကုန္တာမဟုတ္ဘူးလို႔ ကေလာ့ပ္ ဖြင့္ဟ
ဒီရာသီမွာ လီဗာပူးအသင္းစြမ္းေဆာင္ရည္က်ဆင္းသြားရတဲ့ အေၾကာင္းအရင္းရွိေပမဲ့
လူတိုင္းကနားလည္မေပးႏိုင္ၾကဘူးလို႔ ကေလာ့ပ္က ရင္ဖြင့္လိုက္ပါတယ္။





ႀကိဳးၾကာနီေတြရဲ႕ ရာသီသစ္စတင္မႈက ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္
ဆိုး႐ြားေနခဲ့သလို ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဝုဗ္ကို ၃ဂိုး ျပန္ရႈံးခဲ့ၿပီးေနာက္





အဆင့္ ၁၀ အထိက်ဆင္းသြားခဲ့တာျဖစ္တယ္။ ကေလာ့ပ္ကေတာ့ သူ႔အေပၚ
ေဝဖန္မႈေတြကိုႀကိဳဆိုေပမဲ့ သူ႔အသင္းက ‘ညတြင္းခ်င္းဆိုး႐ြားလြန္းတဲ့
ကစားသမားေတြအျဖစ္မေျပာင္းလဲေသးဘူး’ လို႔ ကာကြယ္ခဲ့ပါတယ္။





“ပင္ပန္းႏြမ္းနယ္ေနတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ လူေတြက အေၾကာင္းျပခ်က္ကို
မၾကားခ်င္ေပမဲ့ ဒီရာသီမွာ ကြၽန္ေတာ္တို႔လုပ္ခဲ့တဲ့အရာေတြအတြက္





အေၾကာင္းျပခ်က္ရွိကိုရွိရပါမယ္။ ကြၽန္ေတာ္တို႔က ေန႔ခ်င္းညခ်င္း လူဆိုးေတြ
ျဖစ္ကုန္တာမဟုတ္ပါဘူး။ ေဘာလုံးဦးေႏွာက္ ဆုံးရႈံးသြားတာ ဒါမွမဟုတ္
ဂိမ္းကို မသိေတာ့တာ မဟုတ္ပါဘူး။ အျခားကလပ္အသင္း ကစားသမားေတြမွာလည္း





အလားတူျပႆနာေတြရွိခဲ့ပါတယ္။ မႏွစ္ကပုံစံမ်ိဳး ဒီႏွစ္မလုပ္ႏိုင္တာေတြရွိတယ္။
အလုပ္ပိုင္းဆိုင္ရာနဲ႔ပက္သတ္လို႔ အရာတိုင္းကိုတတ္ႏိုင္သေလာက္စီမံခန႔္ခြဲေနတယ္။





အခုေတာ့ မွန္ကန္ေအာင္မလုပ္ႏိုင္ေသးဘူး။ အရင္တုန္းကေတာ့ ကြၽန္ေတာ္တို႔
လုပ္ႏိုင္ခဲ့တယ္၊ ဘာလို႔လဲဆိုေတာ့ လူတိုင္းကတတ္ႏိုင္သေလာက္ကစားႏိုင္ခဲ့ၾကတယ္။
ကြၽန္ေတာ္တို႔တိုက္စစ္အေျပာင္းအလဲလုပ္ခဲ့ၿပီး ကြင္းလယ္ကိုဒီထက္တည္ၿငိမ္ေအာင္





လုပ္ခ်င္ပါေသးတယ္။ ဒီတစ္ပတ္မွာေတာ့ သူတို႔အားလုံးမယုံၾကည္ႏိုင္ေလာက္ေအာင္
လန္းဆန္းေနသလိုပါပဲ…ဒါဟာ အမွန္တရားပါ။ ေလ့က်င့္မႈေတြအရမ္းေကာင္းေနၿပီး





ျပင္းျပင္းထန္ထန္ႀကိဳးစားေနၾကပါတယ္” လို႔ ကေလာ့ပ္က ဖြင့္ဟလိုက္ပါတယ္။
ကာလရွည္အနားယူခဲ့ရတဲ့ ဂ်ိဳတာဟာ ေလ့က်င့္ေရးႏွစ္ႀကိမ္အထိျပန္လည္ပါဝင္လာခဲ့ၿပီး
ဖာမီႏို၊ ဗန္ဒိုက္နဲ႔ အာသာတို႔ဟာလည္း ဒဏ္ရာကျပန္လာႏိုင္ဖို႔အတြက္ အရိပ္အေယာင္ေတြျပသေနၿပီပဲျဖစ္တယ္။




