လူတိုင်းထင်မှတ်မထားတဲ့ နှစ်သင်းကိုဗိုလ်လုပွဲမှာတေ့ပေးပြီး အထာကျတဲ့ ကမ္ဘာ့ဖလားချန်ပီယံအသင်းကိုရွေးထုတ်ပြခဲ့တဲ့ အီတူး

ပြီးခဲ့တဲ့နှစ်မှာကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်လာတဲ့ အီတူးကတော့လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရင်ခုန်နှုန်းတွေ အရမ်းမြန်နေပါတယ်။ ကင်မရွန်းအသင်း

အတွက် ၁၇နှစ်ကြာကစားပေးခဲ့တဲ့ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အီတူးက ကာတာမှာ အာဖရိကအသင်းတွေ မျက်နှာပန်းလှလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ဒါ့အပြင် အာဖရိကဖလားချန်ပီယံကင်မရွန်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ်လို့ တိုက်စစ်မှူးဟောင်းကြီးက ဟောကိန်းထုတ်လိုက်တာဖြစ်တယ်။ အားလုံးကတော့

ကင်မရွန်းကိုကော်ကောင်အဆင့်လောက်သာသတ်မှတ်ထားပြီး ဆောင်းရာသီကမ္ဘာ့ ဖလားမှာ အောင်မြင်မှုနဲ့ဝေးကွာနေသေးတယ် လို့ယူဆထားပေမဲ့ အီတူးကတော့

ဒါတွေကိုလက်မခံပါဘူး။ နည်းပြရီဂိုဘက်ဆောင်းရဲ့အသင်းဟာ ပြီးခဲ့တဲ့အာဖရိကဖလားမှာ မော်ရိုကို ကိုအနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်လိမ့်မယ်လို့

အီတူးကဆိုခဲ့တာပါ။ “အာဖရိကတွေဟာ ကမ္ဘာ့ဖလားမှာအနိုင်ရဖို့ အမြဲတမ်းအလားအလာရှိခဲ့ပါတယ်။ အခုအချိန်အထိ မျက်နှာပန်းမလှသေးပေမဲ့ ဒီနှစ်အပိုင်းအခြားမှာ

အာဖရိကအသင်းတွေအတွေ့အကြုံပိုကောင်းလာပါတယ်။ အိမ်ဖြည့်အဆင့်မဟုတ်ဘဲ အနိုင်ရဖို့အသင့်ဖြစ်နေပြီလို့ယူဆပါတယ်” လို့ အီတူးက ဟောကိန်းထုတ်လိုက်ပါတယ်။

ကင်မရွန်းအသင်းဗိုလ်စွဲနိုင်တာနဲ့ပတ်သတ်လို့မေး မြန်းရာမှာတော့ “ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကင်မရွန်းက မော်ရိုကို ကိုအနိုင်ရပြီးချန်ပီယံဖြစ်ပါလိမ့်မယ်” လို့ အီတူးကဆိုခဲ့ပါတယ်။

စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဟောကိန်းဖြစ်ပြီး လူတိုင်းမထင်မှတ်ထားတဲ့ ဗိုလ်လုပွဲတွေ့ ဆုံမှုနဲ့အတူ အီတူးရဲ့ချန်ပီယံအသင်းကအထာတော့ကျနေပါတယ်။

(Zawgyi)

လူတိုင္းထင္မွတ္မထားတဲ့ ႏွစ္သင္းကိုဗိုလ္လုပြဲမွာေတ့ေပးၿပီး အထာက်တဲ့ ကမာၻ႔ဖလားခ်န္ပီယံအသင္းကိုေ႐ြးထုတ္ျပခဲ့တဲ့ အီတူး

ၿပီးခဲ့တဲ့ႏွစ္မွာကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌျဖစ္လာတဲ့ အီတူးကေတာ့လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ရင္ခုန္ႏႈန္းေတြအရမ္းျမန္ေနပါတယ္။

ကင္မ႐ြန္းအသင္း အတြက္ ၁၇ႏွစ္ၾကာကစားေပးခဲ့တဲ့ ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း အီတူးက ကာတာမွာ အာဖရိကအသင္းေတြမ်က္ႏွာပန္းလွလိမ့္မယ္လို႔

သုံးသပ္လိုက္ပါတယ္။ ဒါ့အျပင္ အာဖရိကဖလားခ်န္ပီယံကင္မ႐ြန္းဟာ ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္တယ္လို႔ တိုက္စစ္မႉးေဟာင္းႀကီးကေဟာကိန္းထုတ္လိုက္တာျဖစ္တယ္။ အားလုံးကေတာ့

ကင္မ႐ြန္းကိုေကာ္ေကာင္အဆင့္ေလာက္သာသတ္မွတ္ထားၿပီး ေဆာင္းရာသီကမာၻ႔ ဖာလးမွာ ေအာင္ျမင္မႈနဲ႔ေဝးကြာေနေသးတယ္လို႔ယူဆထားေပမဲ့ အီတူးကေတာ့

ဒါေတြကိုလက္မခံပါဘူး။ နည္းျပရီဂိုဘက္ေဆာင္းရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အာဖရိကဖလားမွာ ေမာ္႐ိုကို ကိုအႏိုင္ရဗိုလ္စြဲခဲ့ၿပီးေနာက္ ကမာၻ႔ဖလားခ်န္ပီယံျဖစ္လိမ့္မယ္လို႔

အီတူးကဆိုခဲ့တာပါ။ “အာဖရိကေတြဟာ ကမာၻ႔ဖလားမွာအႏိုင္ရဖို႔အၿမဲတမ္းအလားအလာရွိခဲ့ပါတယ္။ အခုအခ်ိန္အထိ မ်က္ႏွာပန္းမလွေသးေပမဲ့ ဒီႏွစ္အပိုင္းအျခားမွာ

အာဖရိကအသင္းေတြအေတြ႕အႀကဳံပိုေကာင္းလာပါတယ္။ အိမ္ျဖည့္အဆင့္မဟုတ္ဘဲ အႏိုင္ရဖို႔အသင့္ျဖစ္ေနၿပီလို႔ယူဆပါတယ္” လို႔ အီတူးက

ေဟာကိန္းထုတ္လိုက္ပါတယ္။ ကင္မ႐ြန္းအသင္းဗိုလ္စြဲႏိုင္တာနဲ႔ပတ္သတ္လို႔ေမး ျမန္းရာမွာေတာ့ “ကမာၻ႔ဖလားဖိုင္နယ္မွာ ကင္မ႐ြန္းက ေမာ္႐ိုကို ကိုအႏိုင္ရၿပီးခ်န္ပီယံျဖစ္ပါလိမ့္မယ္” လို႔

အီတူးကဆိုခဲ့ပါတယ္။ စိတ္ကူးယဥ္ဆန္လြန္းတဲ့ ေဟာကိန္းျဖစ္ၿပီး လူတိုင္းမထင္မွတ္ထားတဲ့ဗိုလ္လုပြဲေတြ႕ ဆုံမႈနဲ႔အတူ အီတူးရဲ႕ခ်န္ပီယံအသင္းကအထာေတာ့က်ေနပါတယ္။