လူတစ်ဦးအတွက်တော့ ပေါင် ၉၄၀၀၀ ရရှိသွားခဲ့တဲ့ ပွဲစဉ်တွေဖြစ်လို့ ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်ရက် ဖြစ်ခဲ့တဲ့ စူပါဆန်းဒေးပွဲစဉ်

ဒီတစ်ပတ်ရဲ့ စူပါဆန်းဒေးပွဲစဉ်တွေဟာ အသင်းကြီးတွေကစားကြတဲ့

ပွဲတွေမရှိခဲ့တာကြောင့် ကျွန်တော်တို့အတွက် ပျင်းစရာကောင်းတဲ့ ရက်တစ်ရက်ဖြစ်ခဲ့ပါတယ်။

နောဝစ်ချ်က လိဒ်ယူနိုက်တက်ကို ဧည့်ခံကစားခဲ့တာ ဖြစ်ပြီး ဝက်စ်ဟမ်းက

ဗီလာပါ့ခ်မှာ အဝေးကွင်း သွားရောက်ကစားခဲ့ကြတဲ့ ပွဲစဉ်တွေဖြစ်လို့

စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေ မဖြစ်ခဲ့တာတော့အမှန်ပါပဲ။

ဒါပေမယ့် ဒီပွဲစဉ် (၂)ပွဲဟာ လူတစ်ဦးအတွက်တော့ ပေါင် ၉၄၀၀၀

( မြန်မာငွေ သိန်း နှစ်ထောင့်လေးရာကျော် ) ရရှိသွားခဲ့တဲ့ ပွဲစဉ်တွေဖြစ်လို့

ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်ရက် ဖြစ်ခဲ့ပါတယ်။

အဲ့သည့်လူကတော့ ဝက်စ်ဟမ်းပရိသတ်တစ်ဦးဖြစ်တဲ့ ဂျော်ဒန်ပါပဲ

မြင်ခဲ့ဖူးသမျှ လောင်းကြေးထပ်မှုထဲမှာ ရူးသွပ်စရာအကောင်းဆုံးလောင်းကြေးထပ်မှု

ပြုလုပ် ခဲ့သူဖြစ်ပြီး ဘယ်သူမှထင်မှတ်မထားတဲ့လောင်းကြေးထပ်မှုကို ပြုလုပ်ခဲ့သူပါ။

သူဟာ ဗြိတိန် (၂၅ ) ပေါင် ( မြန်မာငွေ ခြောက်သောင်းကျော် ) ရင်းပြီး

Bet365 မှာ တနင်္ဂနွေနေ့ညပွဲနှစ်ပွဲရဲ့ အဝါကတ်ပြသခံရမယ့်

ကစားသမားလေးဦးကိုလောင်းကြေးထပ်ခဲ့တာ ဖြစ်ပါတယ်။

မတူညီတဲ့အသင်း (၄)သင်းစီက ကစားသမား (၄)ဦးဖြစ်တဲ့

ကန်နီမက်ကလိန်း၊ ဂျက်ဟာရီဆင်၊ ဂျွန်မက်ဂင်း၊ ပါဘလိုဖော်နယ်တို့ တွေဟာ

အဝါကတ်ထိမယ်ဆိုပြီး ဂျော်ဒန်က ရွေးချယ်ခဲ့တာပါ။

Bet365 ရဲ့ အဝါကတ်ထိနိုင်မယ့် ကစားသမားတွေအတွက်

လောင်းကြေးဖွင့်ထားမှုက ၃၇၇၄/၁ ဖြစ်နေခဲ့ပါတယ်။

ဂျော်ဒန်ရဲ့ မှန်းဆခဲ့မှုဟာ မှန်ကန်ခဲ့သလို ကံလည်း အထူးကောင်းခဲ့တယ်လို့ ဆိုရမှာပါပဲ။

မက်ကလိန်းနဲ့ ဟာရီဆင်တို့က တနင်္ဂနွေနေ့ အစောပိုင်းကစားတဲ့

နော့ဝှစ်ချ်နှင့်လိဒ်ပွဲမှာ အဝါကတ်ထိခဲ့ကြပါတယ်။

ဗီလာကို ဝက်စ်ဟမ်းက (၄-၁) ရလဒ်နဲ့ အနိုင်ရတဲ့ပွဲမှာလည်း

သူခန့်မှန်းရွေးချယ် ထားသလိုဘဲဖြစ်လာခဲ့ပါတယ်။

ပွဲချိန် (၇၉) မိနစ်မှာ နာကမ်ဘာကို ဖော်နယ်က ဖျက်ထုတ်မှုအတွက်

အဝါကတ်ပြသခံခဲ့ရပြီး နှစ်ဖက်ကစားသမားတွေ အချင်းများရာမှာ

ပါဝင်တဲ့ မက်ဂင်ဟာလည်း အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဝက်စ်ဟမ်းပရိသတ် ဂျော်ဒန် အတွက်လည်း ဗီလာပါ့ခ်ရဲ့ ပွဲချိန်

(၇၉) မိနစ်က ရန်ပွဲဟာ ရင်ခုန်စရာ အကောင်းဆုံး အချိန်တွေ ဖြစ်ခဲ့မှာ သေချာပါတယ်။

ပွဲပြီးချိန်မှာ ဝက်စ်ဟမ်းဟာ၄ဂိုးသွင်းပြီးအဖိုးတန်ရမှတ်၃မှတ်ကိုရယူသွားခဲ့သလို

ဂျော်ဒန်ဟာလည်းလောင်းကြေးအောင်ပြီး ပေါင် ၉၄၀၀၀ ရရှိသွားခဲ့ပါတယ်။

ဂျော်ဒန်က သူ့ရဲ့ အောင်မြင်သွားခဲ့တဲ့ ခန့်မှန်းမှုကို တွစ်တာမှာ ပုံတွေ၊ ဗီဒီယိုတွေနဲ့ တင်ထားပါတယ်။

zawgyi

လူတစ္ဦးအတြက္ေတာ့ ေပါင္ ၉၄၀၀၀ ရရွိသြားခဲ့တဲ့ ပြဲစဥ္ေတြျဖစ္လို႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေန႔တစ္ရက္ ျဖစ္ခဲ့တဲ့ စူပါဆန္းေဒးပြဲစဥ္

ဒီတစ္ပတ္ရဲ႕ စူပါဆန္းေဒးပြဲစဥ္ေတြဟာ အသင္းႀကီးေတြကစားၾကတဲ့

ပြဲေတြမရွိခဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ပ်င္းစရာေကာင္းတဲ့ ရက္တစ္ရက္ျဖစ္ခဲ့ပါတယ္။

ေနာဝစ္ခ်္က လိဒ္ယူႏိုက္တက္ကို ဧည့္ခံကစားခဲ့တာ ျဖစ္ၿပီး ဝက္စ္ဟမ္းက

ဗီလာပါ့ခ္မွာ အေဝးကြင္း သြားေရာက္ကစားခဲ့ၾကတဲ့ ပြဲစဥ္ေတြျဖစ္လို႔

စိတ္ဝင္စားစရာေကာင္းတဲ့ ပြဲစဥ္ေတြ မျဖစ္ခဲ့တာေတာ့အမွန္ပါပဲ။

ဒါေပမယ့္ ဒီပြဲစဥ္ (၂)ပြဲဟာ လူတစ္ဦးအတြက္ေတာ့ ေပါင္ ၉၄၀၀၀

( ျမန္မာေငြ သိန္း ႏွစ္ေထာင့္ေလးရာေက်ာ္ ) ရရွိသြားခဲ့တဲ့ ပြဲစဥ္ေတြျဖစ္လို႔

ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေန႔တစ္ရက္ ျဖစ္ခဲ့ပါတယ္။

အဲ့သည့္လူကေတာ့ ဝက္စ္ဟမ္းပရိသတ္တစ္ဦးျဖစ္တဲ့ ေဂ်ာ္ဒန္ပါပဲ

ျမင္ခဲ့ဖူးသမွ် ေလာင္းေၾကးထပ္မႈထဲမွာ ႐ူးသြပ္စရာအေကာင္းဆုံးေလာင္းေၾကးထပ္မႈ

ျပဳလုပ္ ခဲ့သူျဖစ္ၿပီး ဘယ္သူမွထင္မွတ္မထားတဲ့ေလာင္းေၾကးထပ္မႈကို ျပဳလုပ္ခဲ့သူပါ။

သူဟာ ၿဗိတိန္ (၂၅ ) ေပါင္ ( ျမန္မာေငြ ေျခာက္ေသာင္းေက်ာ္ ) ရင္းၿပီး

Bet365 မွာ တနဂၤေႏြေန႔ညပြဲႏွစ္ပြဲရဲ႕ အဝါကတ္ျပသခံရမယ့္

ကစားသမားေလးဦးကိုေလာင္းေၾကးထပ္ခဲ့တာ ျဖစ္ပါတယ္။

မတူညီတဲ့အသင္း (၄)သင္းစီက ကစားသမား (၄)ဦးျဖစ္တဲ့

ကန္နီမက္ကလိန္း၊ ဂ်က္ဟာရီဆင္၊ ဂြၽန္မက္ဂင္း၊ ပါဘလိုေဖာ္နယ္တို႔ ေတြဟာ

အဝါကတ္ထိမယ္ဆိုၿပီး ေဂ်ာ္ဒန္က ေ႐ြးခ်ယ္ခဲ့တာပါ။

Bet365 ရဲ႕ အဝါကတ္ထိႏိုင္မယ့္ ကစားသမားေတြအတြက္

ေလာင္းေၾကးဖြင့္ထားမႈက ၃၇၇၄/၁ ျဖစ္ေနခဲ့ပါတယ္။

ေဂ်ာ္ဒန္ရဲ႕ မွန္းဆခဲ့မႈဟာ မွန္ကန္ခဲ့သလို ကံလည္း အထူးေကာင္းခဲ့တယ္လို႔ ဆိုရမွာပါပဲ။

မက္ကလိန္းနဲ႔ ဟာရီဆင္တို႔က တနဂၤေႏြေန႔ အေစာပိုင္းကစားတဲ့

ေနာ့ဝွစ္ခ်္ႏွင့္လိဒ္ပြဲမွာ အဝါကတ္ထိခဲ့ၾကပါတယ္။

ဗီလာကို ဝက္စ္ဟမ္းက (၄-၁) ရလဒ္နဲ႔ အႏိုင္ရတဲ့ပြဲမွာလည္း

သူခန႔္မွန္းေ႐ြးခ်ယ္ ထားသလိုဘဲျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ (၇၉) မိနစ္မွာ နာကမ္ဘာကို ေဖာ္နယ္က ဖ်က္ထုတ္မႈအတြက္

အဝါကတ္ျပသခံခဲ့ရၿပီး ႏွစ္ဖက္ကစားသမားေတြ အခ်င္းမ်ားရာမွာ

ပါဝင္တဲ့ မက္ဂင္ဟာလည္း အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

ဝက္စ္ဟမ္းပရိသတ္ ေဂ်ာ္ဒန္ အတြက္လည္း ဗီလာပါ့ခ္ရဲ႕ ပြဲခ်ိန္

(၇၉) မိနစ္က ရန္ပြဲဟာ ရင္ခုန္စရာ အေကာင္းဆုံး အခ်ိန္ေတြ ျဖစ္ခဲ့မွာ ေသခ်ာပါတယ္။

ပြဲၿပီးခ်ိန္မွာ ဝက္စ္ဟမ္းဟာ၄ဂိုးသြင္းၿပီးအဖိုးတန္ရမွတ္၃မွတ္ကိုရယူသြားခဲ့သလို

ေဂ်ာ္ဒန္ဟာလည္းေလာင္းေၾကးေအာင္ၿပီး ေပါင္ ၉၄၀၀၀ ရရွိသြားခဲ့ပါတယ္။

ေဂ်ာ္ဒန္က သူ႔ရဲ႕ ေအာင္ျမင္သြားခဲ့တဲ့ ခန႔္မွန္းမႈကို တြစ္တာမွာ ပုံေတြ၊ ဗီဒီယိုေတြနဲ႔ တင္ထားပါတယ္။