လူစားလဲမှုအမှားတွေလုပ်ခဲ့တဲ့ ဆောက်ဂိတ်ကို ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့ အပြစ်တင်နေ

အမေရိကန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ နည်းပြဆောက်ဂိတ်ဟာ လူစားလဲမှုအမှားတွေ လုပ်ခဲ့တာကြောင့် ရလဒ်ကောင်း မရခဲ့တာဖြစ်တယ်လို့ ဘောလုံးရေးရာ ဝေဖန်သူတွေဖြစ်ကြတဲ့ ရွိုင်ကိန်းနဲ့

ဂယ်ရီနဗီးလ်တို့က ထောက်ပြခဲ့ကြပါတယ်။ ဒီပွဲမှာ ဂိုးမရှိ သရေကျခဲ့တဲ့ အမေရိကန် ကွင်းလယ် လူ ပူလီဆစ်ရဲ့ ဂိုးကန်ချက် ဘားတန်းထိပြီး ထွက်သွားခဲ့လို့သာ အင်္ဂလန်တို့ သက်သာခဲ့ရတာဖြစ်ပြီး ဒီဂိုးသာ

ဝင်သွားခဲ့မယ်ဆိုရင်တော့ အင်္ဂလန်ဟာ ရှုံး ပွဲကြုံရဖို့ သေချာသလောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ် မှာ အီရန်ကို ဂိုးပြတ်နိုင်ခဲ့တာကြောင့် အင်္ဂလန်ဟာ အမေရိကန်နဲ့ ပွဲစဉ် အပြီးမှာတော့

အုပ်စု (B) မှာ ရမှတ် ၄ နဲ့ ဦးဆောင်ထားပြီး နောက်တစ်ဆင့် တက်ဖို့အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လည်း အမေရိကန်နဲ့ပွဲမှာ နိုင်ပွဲမရခဲ့တာကြောင့် လာမယ့် အင်္ဂါနေ့မှာ

ကစားမယ့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေးလ်နဲ့ ပွဲ စဉ်မှာတော့ ဖိအားတွေနဲ့ ရင်ဆိုင်ရဖို့တော့ ရှိနေပါသေးတယ်။ အမေရိကန်နဲ့ပွဲမှာ ပြိုင်ဘက်အသင်း အပေါ် အသာရဖို့အတွက် နည်းပြ ဆောက်ဂိတ်ဟာ

မန်စီးတီး တောင်ပံ ကစားသမား ဖီးလ်ဖိုဒန်ကို ကစားခိုင်းသင့်တယ်လို့ မန်ယူကစားသမား ဟောင်းတွေဖြစ်ကြတဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့က ဆိုပါတယ်။ ‘’ဖိုဒန် ဝင်လာမယ်ဆိုပြီး ကျွန်တော်တို့က

အပြည့်အ၀ မျှော်လင့်ထားခဲ့တာပါ။ ကျွန်တော်တို့ အံ့အားသင့်ခဲ့ကြရတယ်။ သူတို့ ရေကုန်နေပုံ ရတယ်။ သူတို့ ချင့်ချိန်နေပုံလည်း ရတယ်။ တည်ကန်ဘောတွေကနေပြီး ဂိုးရနိုင်တယ်လို့ အဝတ်လဲခန်းထဲမှာ

ဘယ်တုန်းကမှ မတွေးခဲ့ပုံ ရပါတယ်။ တကယ့်ကို ဆိုး ရွားလွန်းတဲ့ ကစားပုံပါ။ ကျွန်တော်တို့ ဒီမှာ တစ်ညလုံး ထိုင်နေပြီး ဆင်ခြေ တွေ ပေးနေနိုင်ပါတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးကို ပတ်သွားနေပြီး မတူကွဲပြားတဲ့

အခြေအနေမျိုးတွေမှာ ကစားလေ့ရှိကြပါတယ်။ ဒါကြောင့် မင်းတို့ ကြိုက်တဲ့ ဆင်ပြေမျိုးတွေ ပေးကြပေါ့ကွာ’’ လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂယ်ရီနဗီးလ်ကလည်း အရန်ခုံတန်းလျားမှာ

ထိုင်နေတဲ့ ဖိုဒန်နဲ့ အာနိုးကို ထည့်ပြီး ကစားခိုင်းသင့်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

(Zawgyi)

လူစားလဲမႈအမွားေတြလုပ္ခဲ့တဲ့ ေဆာက္ဂိတ္ကို ႐ြိဳင္ကိန္းနဲ႔ ဂယ္ရီနဗီးလ္တို႔ အျပစ္တင္ေန

အေမရိကန္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ နည္းျပေဆာက္ဂိတ္ဟာ လူစားလဲမႈအမွားေတြ လုပ္ခဲ့တာေၾကာင့္ ရလဒ္ေကာင္း မရခဲ့တာျဖစ္တယ္လို႔ ေဘာလုံးေရးရာ ေဝဖန္သူေတြျဖစ္ၾကတဲ့ ႐ြိဳင္ကိန္းနဲ႔

ဂယ္ရီနဗီးလ္တို႔က ေထာက္ျပခဲ့ၾကပါတယ္။ ဒီပြဲမွာ ဂိုးမရွိ သေရက်ခဲ့တဲ့ အေမရိကန္ ကြင္းလယ္ လူ ပူလီဆစ္ရဲ႕ ဂိုးကန္ခ်က္ ဘားတန္းထိၿပီး ထြက္သြားခဲ့လို႔သာ အဂၤလန္တို႔ သက္သာခဲ့ရတာျဖစ္ၿပီး

ဒီဂိုးသာ ဝင္သြားခဲ့မယ္ဆိုရင္ေတာ့ အဂၤလန္ဟာ ရႈံး ပြဲႀကဳံရဖို႔ ေသခ်ာသေလာက္ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္ မွာ အီရန္ကို ဂိုးျပတ္ႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ဟာ အေမရိကန္နဲ႔ ပြဲစဥ္

အၿပီးမွာေတာ့ အုပ္စု (B) မွာ ရမွတ္ ၄ နဲ႔ ဦးေဆာင္ထားၿပီး ေနာက္တစ္ဆင့္ တက္ဖို႔အတြက္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ ရွိေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ လည္း အေမရိကန္နဲ႔ပြဲမွာ ႏိုင္ပြဲမရခဲ့တာေၾကာင့္

လာမယ့္ အဂၤါေန႔မွာ ကစားမယ့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ေဝးလ္နဲ႔ ပြဲ စဥ္မွာေတာ့ ဖိအားေတြနဲ႔ ရင္ဆိုင္ရဖို႔ေတာ့ ရွိေနပါေသးတယ္။ အေမရိကန္နဲ႔ပြဲမွာ ၿပိဳင္ဘက္အသင္း အေပၚ အသာရဖို႔အတြက္ နည္းျပ

ေဆာက္ဂိတ္ဟာ မန္စီးတီး ေတာင္ပံ ကစားသမား ဖီးလ္ဖိုဒန္ကို ကစားခိုင္းသင့္တယ္လို႔ မန္ယူကစားသမား ေဟာင္းေတြျဖစ္ၾကတဲ့ ႐ြိဳင္ကိန္းနဲ႔ ဂယ္ရီနဗီးလ္တို႔က ဆိုပါတယ္။ ‘’ဖိုဒန္ ဝင္လာမယ္ဆိုၿပီး ကြၽန္ေတာ္တို႔က

အျပည့္အ၀ ေမွ်ာ္လင့္ထားခဲ့တာပါ။ ကြၽန္ေတာ္တို႔ အံ့အားသင့္ခဲ့ၾကရတယ္။ သူတို႔ ေရကုန္ေနပုံ ရတယ္။ သူတို႔ ခ်င့္ခ်ိန္ေနပုံလည္း ရတယ္။ တည္ကန္ေဘာေတြကေနၿပီး ဂိုးရႏိုင္တယ္လို႔

အဝတ္လဲခန္းထဲမွာ ဘယ္တုန္းကမွ မေတြးခဲ့ပုံ ရပါတယ္။ တကယ့္ကို ဆိုး ႐ြားလြန္းတဲ့ ကစားပုံပါ။ ကြၽန္ေတာ္တို႔ ဒီမွာ တစ္ညလုံး ထိုင္ေနၿပီး ဆင္ေျခ ေတြ ေပးေနႏိုင္ပါတယ္။ သူတို႔ဟာ တစ္ကမာၻလုံးကို

ပတ္သြားေနၿပီး မတူ ကြဲ ျပားတဲ့ အေျခအေနမ်ိဳးေတြမွာ ကစားေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ မင္းတို႔ ႀကိဳက္တဲ့ ဆင္ေျပမ်ိဳးေတြ ေပးၾကေပါ့ကြာ’’ လို႔ ႐ြိဳင္ကိန္းက ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဂယ္ရီနဗီးလ္ကလည္း အရန္ခုံတန္းလ်ားမွာ ထိုင္ေနတဲ့ ဖိုဒန္နဲ႔ အာႏိုးကို ထည့္ၿပီး ကစားခိုင္းသင့္တယ္လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။