လူငယ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းအပြီး အိုင်ဒဲလ်ကြီးရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ ဂါနာချို

ယူနိုက်တက်လူငယ်ကြယ်ပွင့် အလီယန်ဒရိုဂါနာချိုဟာ ယမန်နေ့ညက

လူငယ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
သူ့ရဲ့အိုင်ဒဲလ်ကြီးဖြစ်တဲ့ ရော်နယ်ဒိုရဲ့ဂန္ထဝင်အောင်ပွဲခံမှုပုံစံအတိုင်း အောင်ပွဲခံသွားပါတယ်။
ဖာရက်စ်နဲ့ကစားခဲ့တဲ့အဆိုပါပွဲမတိုင်ခင် ယူနိုက်တက်အသင်းရဲ့
တစ်နှစ်တာအကောင်းဆုံး ယူ၁၈အသင်းသားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့
ဂါနာချိုဟာ စံချိန်တင်ပရိသတ် ၆၇၉၄၂ ဦး လာကြည့်တဲ့

ဗိုလ်လုပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက် ယူ၁၈ အသင်းကလည်း
ဖောရက်စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူကာ ၂၀၁၁ နောက်ပိုင်း
ပထမဆုံးလူငယ်အက်ဖ်အေဖလား ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ရေးစ်ဘန်းနက်က ဦးဆောင်ဂိုးသွင်းခဲ့ပြီး
ဖောရက်စ်အတွက် ပါဝဲလ်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့်

ဂါနာချိုက အနိုင်ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဂါနာချိုဟာ ပွဲပြီးဖို့ ၁၂မိနစ်အလိုမှာ ပင်နယ်တီကနေ
အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
ထောင့်ကန်ဘောအလံတိုင်ထောင့်ဆီ ပြေးသွားကာ
အဲဒီလိုပြေးနေတဲ့အချိန်မှာ ရော်နယ်ဒိုရဲ့ပုံစံအတိုင်း

ညာဘက်လက် မြှောက်ရင်း ပြေးလွှားခဲ့တာပါ။
အဲဒီနောက် အလံတိုင်နား အရောက်မှာ
ရော်နယ်ဒိုရဲ့ မူပိုင်အောင်ပွဲခံမှုဖြစ်တဲ့
SIU ပုံစံအတိုင်း အပြည့်အဝအောင်ပွဲခံခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာ ဂါနာချိုက ယူနိုက်တက်လူငယ်အသင်းအတွက်

အဆုံးသတ်ဂိုးသွင်းယူခဲ့ပြီး ဗင်နီဇွဲလား၊
အီကွေဒေါတို့နဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက်
အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၄၄ဦးပါ
လူစာရင်းမှာ အံ့အားသင့်ဖွယ်ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၀ နွေရာသီက အက်သလက်တီကိုကနေ ရောက်လာခဲ့တဲ့

ဂါနာချိုဟာ အသင်းကြီးအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ်
ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး
ဒီရာသီမှာ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ပတ်သက်လို့
လူမှုမီဒီယာမှာ အတော်လေး လှုပ်ခတ်သွားပါသေးတယ်။
သူဟာ အာဂျင်တီးနားလက်ရွေးစင်ဖြစ်ပေမယ့် ရော်နယ်ဒိုကိုပဲ

လေးစားအားကျသူဖြစ်ပြီး ရော်နယ်ဒိုက သူ့ကို
ဂျာစီလက်ဆောင်ပေးတဲ့အကြောင်း လူမှုမီဒီယာမှာ
တင်ခဲ့တဲ့အပေါ် အဂွဲရိုးအပါအဝင် အာဂျင်တိုင်းသားအများစုက
ပေါက်ကွဲခဲ့ပေမယ့် သူကတော့ ရော်နယ်ဒိုနဲ့သူ
တွဲရိုက်ထားတဲ့ဓာတ်ပုံကိုတောင် ပရိုဖိုင်းမှာ ပြောင်းလဲတင်ခဲ့ပါတယ်။

Zawgyi

လူငယ္အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဂိုးသြင္းအၿပီး အိုင္ဒဲလ္ႀကီးရဲ႕ပုံစံအတုိင္း ေအာင္ပြဲခံခဲ့တဲ့ ဂါနာခ်ိဳ
ယူႏုိက္တက္လူငယ္ၾကယ္ပြင့္ အလီယန္ဒရိုဂါနာခ်ိဳဟာ ယမန္ေန႔ညက

လူငယ္အက္ဖ္ေအဖလားဗုိလ္လုပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္
သူ႕ရဲ႕အုိင္ဒဲလ္ႀကီးျဖစ္တဲ့ ေရာ္နယ္ဒိုရဲ႕ဂႏၳ၀င္ေအာင္ပြဲခံမႈပုံစံအတုိင္း ေအာင္ပြဲခံသြားပါတယ္။
ဖာရက္စ္နဲ႔ကစားခဲ့တဲ့အဆုိပါပဲြမတိုင္ခင္ ယူႏိုက္တက္အသင္းရဲ႕
တစ္ႏွစ္တာအေကာင္းဆုံး ယူ၁၈အသင္းသားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့
ဂါနာခ်ိဳဟာ စံခ်ိန္တင္ပရိသတ္ ၆၇၉၄၂ ဦး လာၾကည့္တဲ့

ဗုိလ္လုပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး ယူႏုိက္တက္ ယူ၁၈ အသင္းကလည္း
ေဖာရက္စ္ကို ၃-၁ ဂိုးနဲ႔ အႏိုင္ယူကာ ၂၀၁၁ ေနာက္ပိုင္း
ပထမဆုံးလူငယ္အက္ဖ္ေအဖလား ရယူႏိုင္ခဲ့ပါတယ္။
ယူႏုိက္တက္အတြက္ ေရးစ္ဘန္းနက္က ဦးေဆာင္ဂိုးသြင္းခဲ့ၿပီး
ေဖာရက္စ္အတြက္ ပါ၀ဲလ္က ေခ်ပဂိုး ျပန္လည္သြင္းယူႏုိင္ခဲ့ေပမယ့္

ဂါနာခ်ိဳက အႏိုင္ဂိုးေတြ သြင္းယူခ့ဲတာျဖစ္ပါတယ္။
ဂါနာခ်ိဳဟာ ပြဲၿပီးဖို႔ ၁၂မိနစ္အလုိမွာ ပင္နယ္တီကေန
အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္
ေထာင့္ကန္ေဘာအလံတုိင္ေထာင့္ဆီ ေျပးသြားကာ
အဲဒီလုိေျပးေနတဲ့အခ်ိန္မွာ ေရာ္နယ္ဒိုရဲ႕ပုံစံအတုိင္း

ညာဘက္လက္ ေျမႇာက္ရင္း ေျပးလႊားခဲ့တာပါ။
အဲဒီေနာက္ အလံတိုင္နား အေရာက္မွာ
ေရာ္နယ္ဒိုရဲ႕ မူပိုင္ေအာင္ပြဲခံမႈျဖစ္တဲ့
SIU ပုံစံအတုိင္း အျပည့္အ၀ေအာင္ပြဲခံခဲ့ပါတယ္။
နာက်င္အခ်ိန္ပိုမွာ ဂါနာခ်ိဳက ယူႏုိက္တက္လူငယ္အသင္းအတြက္

အဆုံးသတ္ဂိုးသြင္းယူခဲ့ၿပီး ဗင္နီဇြဲလား၊
အီေကြေဒါတုိ႔နဲ႔ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲေတြအတြက္
အာဂ်င္တီးနားအသင္းရဲ႕ ကစားသမား ၄၄ဦးပါ
လူစာရင္းမွာ အံ့အားသင့္ဖြယ္ေရြးခ်ယ္ခံခဲ့ရပါတယ္။
၂၀၂၀ ေႏြရာသီက အက္သလက္တီကိုကေန ေရာက္လာခဲ့တဲ့

ဂါနာခ်ိဳဟာ အသင္းႀကီးအတြက္ ပရီးမီးယားလိဂ္ပဲြဦးထြက္အျဖစ္
ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပါ၀င္ကစားခြင့္ရခဲ့ၿပီး
ဒီရာသီမွာ ေရာ္နယ္ဒို၊ မက္ဆီတို႔နဲ႔ပတ္သက္လုိ႔
လူမႈမီဒီယာမွာ အေတာ္ေလး လႈပ္ခတ္သြားပါေသးတယ္။
သူဟာ အာဂ်င္တီးနားလက္ေရြးစင္ျဖစ္ေပမယ့္ ေရာ္နယ္ဒိုကိုပဲ

ေလးစားအားက်သူျဖစ္ၿပီး ေရာ္နယ္ဒိုက သူ႕ကို
ဂ်ာစီလက္ေဆာင္ေပးတဲ့အေၾကာင္း လူမႈမီဒီယာမွာ
တင္ခဲ့တဲ့အေပၚ အဂြဲရိုးအပါအ၀င္ အာဂ်င္တုိင္းသားအမ်ားစုက
ေပါက္ကြဲခဲ့ေပမယ့္ သူကေတာ့ ေရာ္နယ္ဒိုနဲ႔သူ
တြဲရိုက္ထားတဲ့ဓာတ္ပုံကိုေတာင္ ပရိုဖုိင္းမွာ ေျပာင္းလဲတင္ခဲ့ပါတယ္။