လူငယ်တွေကိုဦးဆောင်ရမယ့်အစားဆရာကြီးတွေလိုပြုမူနေတယ်လို့ ဝေဖန်လိုက်တဲ့ ဂယ်ရီနဗီးလ်

နယူးကာဆယ်နဲ့ မန်ယူတို့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ

စီရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့အမူအယာနဲ့ပတ်သက်လို့

မန်ယူနောက် ခံလူဟောင်း ဂယ်ရီနဗီးလ်ကဝေဖန်လိုက်ပြီး

ဒီပေါ်တူဂီသားနှစ်ယောက်ဟာ လူငယ်တွေကိုဦးဆောင်ရမယ့်အစား

ဆရာကြီးတွေ လိုပြုမူနေတယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ မန်ယူဟာခြေစွမ်းပြနိုင်ခြင်းမရှိဘဲပွဲအပြီးမှာ စီရော်နယ်ဒိုဟာ ပရိသတ်တွေကို

နှုတ်ဆက်ခြင်းမရှိဘဲ အဝတ်လဲခန်းထဲကိုတိုက်ရိုက် ဝင်သွားခဲ့သလို

ဖာနန်ဒက်စ်ကလည်း စိတ်ပျက်လက်ပျက် အမူအယာလုပ်ခဲ့ပြီး

စီရော်နယ်ဒိုလိုပြုမူခဲ့တာပါ။ စီရော်နယ်ဒိုဆိုရင် အခုလိုလုပ်နေတာ

၃ ခါလောက်ရှိနေပြီဖြစ်ပြီး အခုဆိုရင် ဖာနန်ဒက်စ်ကပါလိုက် လံပြုမူပြီး

ဒီအသင်းနဲ့မကစားချင်တဲ့ပုံစံမျိုးလုပ်ပြခဲ့တာပါ။ ဒီအတွက် နဗီးလ်ကဒေါသထွက်ပြီး

သူတို့နှစ်ယောက်ရဲ့အပြုအမူဟာ မန်ယူအသင်းရဲ့အဝတ်လဲခန်းထဲအထိ

ရိုက်ခတ်မှာကို စိုးရိမ်ကြောင်းပြောခဲ့ပါတယ်။

နဗီးလ်က” သူတို့တွေဟာအဝတ်လဲခန်းထဲမှာ စီနီယာကစားသမားတွေဖြစ်ကြပါတယ်။

အသင်းရဲ့အကောင်းဆုံးကစားသမားနှစ် ဦးကဒီလိုလုပ်တာဟာ

လူငယ်ကစားသမားတွေအတွက်လည်း စိတ်ပျက်စရာဖြစ်ပါတယ်။

ကာဗာနီကတော့ဒီလိုမဟုတ်ပါဘူး။ သူဟာ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်လိုမျိုး

စိတ်ပျက်လက်ပျက်ပုံစံမရှိဘဲ လူငယ်တွေရှေ့မှာ မားမားမတ်မတ်ရပ်ကာ

ကူညီပေးတဲ့ သူပါ။ သူတို့နှစ်ယောက်အနေနဲ့ ငြီးငြူတဲ့ပုံစံလုပ်နေမှုကို

စွန့်လွှတ်ရပါမယ်။ လူငယ်တွေရှေ့မှာဒီလိုမျိုးလာလုပ်လို့မရပါဘူး။

ပွဲ ပြီးတာနဲ့ ဖြစ်ခဲ့တာကိုမေ့ပြီး ပရိသတ်တွေရှေ့သွားကာ လက်ခုပ်တီးကိုတီးရပါမယ်။

သူတို့ဘယ်လိုကစားခဲ့သလဲ၊ ရလဒ်ဘယ်လို ရှိခဲ့သလဲဆိုတာတွေကို

ကျွန်တော်ဂရုမစိုက်ပါဘူး။ စီရော်နယ်ဒို ဒီလိုပြုမူတာနဲ့ပတ်သက်ပြီး

ကျွန်တော်စိတ်ပျက်နေတာ ၂ လ လောက်ရှိနေပါပြီ။

အသင်းရဲ့အကောင်းဆုံးကစားသမား ကိုဒီလိုပုံစံနဲ့မြင်ရတာစိတ်ပျက်စရာပါ။

သူတို့ဟာအဝတ်လဲခန်းထဲမှာ လူငယ်တွေအတွက် ဖအေတစ်ယောက်၊

အဖိုးတစ်ယောက်လိုဖြစ်နေရမှာပါ။ ဖာနန်ဒက်စ်ဆိုရင်လည်း

တစ်ချိန်လုံးမြည်တွန် တောက်တီးနေတာပါ။ ဘယ်လိုပုံစံဘဲဖြစ်နေပါစေ

ကွင်းထဲကနေပြေးထွက်လို့မရပါဘူး” လို့ပြောသွားပါတယ်။

zawgyi

လူငယ္ေတြကိုဦးေဆာင္ရမယ့္အစားဆရာႀကီးေတြ လိုျပဳမူေနတယ္လို႔ ေဝဖန္လိုက္တဲ့ ဂယ္ရီနဗီးလ္

နယူးကာဆယ္နဲ႔ မန္ယူတို႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ

စီေရာ္နယ္ဒိုနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕အမူအယာနဲ႔ပတ္သက္လို႔

မန္ယူေနာက္ ခံလူေဟာင္း ဂယ္ရီနဗီးလ္ကေဝဖန္လိုက္ၿပီး

ဒီေပၚတူဂီသားႏွစ္ေယာက္ဟာ လူငယ္ေတြကိုဦးေဆာင္ရမယ့္အစား

ဆရာႀကီးေတြ လိုျပဳမူေနတယ္လို႔ ေျပာလိုက္ပါတယ္။ ဒီပြဲမွာ မန္ယူဟာ

ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲပြဲအၿပီးမွာ စီေရာ္နယ္ဒိုဟာ ပရိသတ္ေတြကို

ႏႈတ္ဆက္ျခင္းမရွိဘဲ အဝတ္လဲခန္းထဲကိုတိုက္႐ိုက္ ဝင္သြားခဲ့သလို

ဖာနန္ဒက္စ္ကလည္း စိတ္ပ်က္လက္ပ်က္ အမူအယာလုပ္ခဲ့ၿပီး

စီေရာ္နယ္ဒိုလိုျပဳမူခဲ့တာပါ။ စီေရာ္နယ္ဒိုဆိုရင္ အခုလိုလုပ္ေနတာ

၃ ခါေလာက္ရွိေနၿပီျဖစ္ၿပီး အခုဆိုရင္ ဖာနန္ဒက္စ္ကပါလိုက္ လံျပဳမူၿပီး

ဒီအသင္းနဲ႔မကစားခ်င္တဲ့ပုံစံမ်ိဳးလုပ္ျပခဲ့တာပါ။ ဒီအတြက္ နဗီးလ္ကေဒါသထြက္ၿပီး

သူတို႔ႏွစ္ေယာက္ရဲ႕အျပဳအမူဟာ မန္ယူအသင္းရဲ႕အဝတ္လဲခန္းထဲအထိ

႐ိုက္ခတ္မွာကို စိုးရိမ္ေၾကာင္းေျပာခဲ့ပါတယ္။

နဗီးလ္က” သူတို႔ေတြဟာအဝတ္လဲခန္းထဲမွာ စီနီယာကစားသမားေတြျဖစ္ၾကပါတယ္။

အသင္းရဲ႕အေကာင္းဆုံးကစားသမားႏွစ္ ဦးကဒီလိုလုပ္တာဟာ

လူငယ္ကစားသမားေတြအတြက္လည္း စိတ္ပ်က္စရာျဖစ္ပါတယ္။

ကာဗာနီကေတာ့ဒီလိုမဟုတ္ပါဘူး။ သူဟာ စီေရာ္နယ္ဒိုနဲ႔ ဖာနန္ဒက္စ္လိုမ်ိဳး

စိတ္ပ်က္လက္ပ်က္ပုံစံမရွိဘဲ လူငယ္ေတြေရွ႕မွာ မားမားမတ္မတ္ရပ္ကာ

ကူညီေပးတဲ့ သူပါ။ သူတို႔ႏွစ္ေယာက္အေနနဲ႔ ၿငီးျငဴတဲ့ပုံစံလုပ္ေနမႈကို

စြန႔္လႊတ္ရပါမယ္။ လူငယ္ေတြေရွ႕မွာဒီလိုမ်ိဳးလာလုပ္လို႔မရပါဘူး။

ပြဲ ၿပီးတာနဲ႔ ျဖစ္ခဲ့တာကိုေမ့ၿပီး ပရိသတ္ေတြေရွ႕သြားကာ လက္ခုပ္တီးကိုတီးရပါမယ္။

သူတို႔ဘယ္လိုကစားခဲ့သလဲ၊ ရလဒ္ဘယ္လို ရွိခဲ့သလဲဆိုတာေတြကို

ကြၽန္ေတာ္ဂ႐ုမစိုက္ပါဘူး။ စီေရာ္နယ္ဒို ဒီလိုျပဳမူတာနဲ႔ပတ္သက္ၿပီး

ကြၽန္ေတာ္စိတ္ပ်က္ေနတာ ၂ လ ေလာက္ရွိေနပါၿပီ။

အသင္းရဲ႕အေကာင္းဆုံးကစားသမား ကိုဒီလိုပုံစံနဲ႔ျမင္ရတာစိတ္ပ်က္စရာပါ။

သူတို႔ဟာအဝတ္လဲခန္းထဲမွာ လူငယ္ေတြအတြက္ ဖေအတစ္ေယာက္၊

အဖိုးတစ္ေယာက္လိုျဖစ္ေနရမွာပါ။ ဖာနန္ဒက္စ္ဆိုရင္လည္း

တစ္ခ်ိန္လုံးျမည္တြန္ ေတာက္တီးေနတာပါ။ ဘယ္လိုပုံစံဘဲျဖစ္ေနပါေစ

ကြင္းထဲကေနေျပးထြက္လို႔မရပါဘူး” လို႔ေျပာသြားပါတယ္။