လူငယ်ကြယ်ပွင့် ရမ်ဆေးကို လီဗာပူး ခေါ်ယူ

လီဗာပူးဟာ စကော့တလန်ကလပ်

အဘာဒင်းအသင်းကနေ လူငယ်ညာနောက်ခံလူ
ကယ်လ်ဗင်ရမ်ဆေးကို ပေါင် ၆.၅ သန်းနဲ့
ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်။
အသက် ၁၈ နှစ်အရွယ် ရမ်ဆေးဟာ
ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက်

စကော့တလန်အမှတ်ပေးပြိုင်ပွဲရဲ့
တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက်
ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး
စကော့တလန် ယူ၂၁ အသင်းအတွက်
၃ပွဲကစားထားပြီးဖြစ်ကာ မကြာခင်

လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။
ရမ်ဆေးဟာ ပြီးခဲ့တဲ့ရာသီက
အဘာဒင်းအတွက် ဂိုးဖန်တီးမှု ၉ကြိမ်အထိ
ပြုလုပ်ပေးနိုင်ခဲ့ပြီး လီဗာပူးညာနောက်ခံလူ
အာနိုးလ်လိုပဲ တိုက်စစ်အားသန်

ညာနောက်ခံလူ ဖြစ်ပါတယ်။
ရမ်ဆေးဟာ အသက်ငယ်ရွယ်ပေမယ့်
လီဗာပူးအသင်းကြီးမှာ ပါဝင်ခွင့်ရဖို့
ပစ်မှတ်ထားနေပါတယ်။
”လီဗာပူးက အသင်းကြီးတစ်သင်းအဖြစ်သာမက

လူငယ်တွေကိုလည်း နေရာပေးလေ့ရှိတဲ့အသင်းပါ။
ဒီအတွက်ကြောင့်ပဲ ကျွန်တော် ပြောင်းရွှေ့ခဲ့တာပါ။
အသင်းနဲ့အတူ ရာသီကြိုအစီအစဉ်တွေမှာ
ပူးပေါင်းရတဲ့အချိန်မှာ အားကုန်ကြိုးစားမှာဖြစ်လို့
အသင်းကြီးမှာ ပါဝင်ခွင့်ရလိမ့်မယ်လို့

မျှော်လင့်ထားပါတယ်”လို့ ရမ်ဆေးက ပြောပါတယ်။

Zawgyi

လူငယ္ၾကယ္ပြင့္ ရမ္ေဆးကို လီဗာပူး ေခၚယူ

လီဗာပူးဟာ စေကာ့တလန္ကလပ္
အဘာဒင္းအသင္းကေန လူငယ္ညာေနာက္ခံလူ
ကယ္လ္ဗင္ရမ္ေဆးကို ေပါင္ ၆.၅ သန္းနဲ႔
ေခၚယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာပါတယ္။
အသက္ ၁၈ ႏွစ္အရြယ္ ရမ္ေဆးဟာ

ၿပီးခဲ့တဲ့ရာသီက အထူးေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္
စေကာ့တလန္အမွတ္ေပးၿပိဳင္ပြဲရဲ႕
တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္
ဆန္ခါတင္စာရင္းမွာ ေရြးခ်ယ္ခံခဲ့ရၿပီး
စေကာ့တလန္ ယူ၂၁ အသင္းအတြက္

၃ပြဲကစားထားၿပီးျဖစ္ကာ မၾကာခင္
လက္ေရြးစင္အသင္းႀကီးမွာ ေရြးခ်ယ္ခံရလိမ့္မယ္လုိ႔ ထင္ေၾကးေပးခံထားရပါတယ္။
ရမ္ေဆးဟာ ၿပီးခဲ့တဲ့ရာသီက
အဘာဒင္းအတြက္ ဂိုးဖန္တီးမႈ ၉ႀကိမ္အထိ
ျပဳလုပ္ေပးနိုင္ခဲ့ၿပီး လီဗာပူးညာေနာက္ခံလူ

အာႏိုးလ္လိုပဲ တုိက္စစ္အားသန္
ညာေနာက္ခံလူ ျဖစ္ပါတယ္။
ရမ္ေဆးဟာ အသက္ငယ္ရြယ္ေပမယ့္
လီဗာပူးအသင္းႀကီးမွာ ပါ၀င္ခြင့္ရဖို႔
ပစ္မွတ္ထားေနပါတယ္။

”လီဗာပူးက အသင္းႀကီးတစ္သင္းအျဖစ္သာမက
လူငယ္ေတြကိုလည္း ေနရာေပးေလ့ရွိတဲ့အသင္းပါ။
ဒီအတြက္ေၾကာင့္ပဲ ကၽြန္ေတာ္ ေျပာင္းေရႊ႕ခဲ့တာပါ။
အသင္းနဲ႔အတူ ရာသီႀကိဳအစီအစဥ္ေတြမွာ
ပူးေပါင္းရတဲ့အခ်ိန္မွာ အားကုန္ႀကိဳးစားမွာျဖစ္လုိ႔

အသင္းႀကီးမွာ ပါ၀င္ခြင့္ရလိမ့္မယ္လုိ႔
ေမွ်ာ္လင့္ထားပါတယ္”လုိ႔ ရမ္ေဆးက ေျပာပါတယ္။