လူငယ်ကစားသမားဘဝ ပထမဆုံး Panini card ပေါင် ၆၀၀၀၀ နဲ့လေလံအောင်မြင်သွားတဲ့ စီရော်နယ်ဒို

စီရော်နယ်ဒို ကစားသမားဘဝအစပိုင်းကထုတ်လုပ်ထားတဲ့

သူ့ရဲ့ Panini card ကိုအမေရိကန်နိုင်ငံမှာရှိတဲ့ နယူးဂျာစီလေ လံပွဲတစ်ခုမှာ

ပေါင် ၆၀၀၀၀ နဲ့လေလံအောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး Panini card လေးတစ်ခုအတွက်

အခု ပမာဏနဲ့လေလံအောင်ခဲ့တာဟာ တကယ့်ကိုရှားပါးဖြစ်ရပ်ပါဘဲ။

လက်ရှိမှာအသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ

၂၀၀၂-၀၃ ဘောလုံးရာသီက စပို့တင်းလစ္စဘွန်းအတွက်

ပွဲထွက်စတင်ကစားခဲ့တာဖြစ်ပြီး အဲဒီတုန်းကအီတလီကုမ္ပဏီဖြစ်တဲ့

Panini ကဒီကတ်ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Panini card ဆိုတာ တံဆိပ်ခေါင်း လိုအရာမျိုးဖြစ်ပေမယ့်

တံဆိပ်ခေါင်း ထက်အရွယ်ပိုကြီးကာ ကပ်ခွာအမျိုးအစားလည်းဖြစ်ပါတယ်။

အခုအချိန်မှာ ဂန္ထဝင်တစ်ဦးဖြစ်နေတဲ့

စီရော်နယ်ဒိုရဲ့အစော ပိုင်းကစားတုန်းက Panini card ဟာလက်ရှိမှာတော့

အခု ၂၀၀ လောက်သာကျန်ရှိတော့ပြီး ဒီအထဲမှာအခု ၂၀ လောက် သာ

သုံးလို့ရတဲ့အခြေအနေမှာရှိတော့လို့ တန်ဖိုးမြင့်မားလာရတာလည်းဖြစ်ပါတယ်။

ဒီကတ်ထုတ်လုပ်ပြီး မကြာခင်မှာ စပို့တင်းနဲ့မန်ယူတို့ခြေစမ်းခဲ့တော့

စပို့တင်းက ၃-၁ နဲ့နိုင်ခဲ့ပြီး အသက် ၁၈ နှစ်သာရှိသေးတဲ့

စီရော်နယ်ဒိုလည်းခြေစွမ်းပြနိုင် ခဲ့လို့ မန်ယူကပေါင် ၁၂ သန်းနဲ့ခေါ်ယူသွားခဲ့ပါတယ်။

ဒီကတ်ပေါ်မှာ စီရော်နယ်ဒိုငယ်စဥ်က ဘောလုံးနဲ့ပတ်သက်တဲ့

ကိုယ်ရေးအကျဥ်းကိုအပြည့်အစုံဖော်ပြထားလို့

နယူးဂျာစီက Goldin လေလံပွဲမှာ ဒါကိုစုဆောင်းသူတွေက စိတ်လှုပ်ရှားမှုအပြည့်နဲ့

အပြိုင်အဆိုင်ဈေးပေးခဲ့ကြတာဖြစ်ပြီး

ဒေါ်လာ ၈၀၀၀၀(ပေါင် ၅၉၀၀၀) နဲ့လေလံအောင်သွားတာပါ။

Goldin လေလံအဖွဲ့ရဲ့ဒါရိုက်တာဖြစ်တဲ့ ဂျေမီဆော့လ်တ်က

”ဒီကတ် ထဲမှာ ဘောလုံးရဲ့ထာဝရအကြီးကျယ်ဆုံးသော

ကစားသမားတွေထဲကတစ်ဦးရဲ့အစောပိုင်းဘဝ မှတ်တမ်းတွေကိုဖော်ပြထား ပြီး

တရားဝင်လိုင်စင်ယူထုတ်လုပ်ထားတဲ့ ကတ်ဖြစ်ပါတယ်။

ဘောလုံးရဲ့အမှန်အကန်လူသစ်ကလေးတစ်ယောက်ရဲ့မှတ် တမ်းပေါ့ဗျာ။

ဒါကိုထုတ်လုပ်တာအီတလီမှာဖြစ်ပေမယ့်

ပေါ်တူဂီမှာဈေးကွက်မှာဘဲရောင်းချခဲ့တာဖြစ်ပါတယ်။

ဒါကိုအများ ကြီးထုတ်လုပ်ခဲ့ပေမယ့် စုထားတဲ့လူအများစုက

လွှင့်ပစ်တာ၊ မီးရှို့ပစ်လိုက်တာ၊ အခြားနည်းတစ်ခုခုနဲ့ပျောက်ဆုံးခဲ့တာ တွေကြောင့်

အကောင်းအတိုင်းသုံးလို့ရတာ အနည်းငယ်ဘဲရှိတော့တာပါ။

Professional Sports Authenticator (PSA) ကသုံးလို့ရသေးတယ်လို့

သတ်မှတ်ထားတဲ့အခု ၂၀၀ နီးပါးထဲမှာလုံးဝအကောင်းအတိုင်းသုံးလို့ရတာ

၂၂ ခုဘဲရှိတော့ ဈေး ကလည်းကြီးသွားတာပေါ့” လို့ပြောသွားပါတယ်။

zawgyi

လူငယ္ကစားသမားဘဝ ပထမဆုံး Panini card ေပါင္ ၆၀၀၀၀ နဲ႔ေလလံေအာင္ျမင္သြားတဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒို ကစားသမားဘဝအစပိုင္းကထုတ္လုပ္ထားတဲ့

သူ႔ရဲ႕ Panini card ကိုအေမရိကန္ႏိုင္ငံမွာရွိတဲ့ နယူးဂ်ာစီေလ လံပြဲတစ္ခုမွာ

ေပါင္ ၆၀၀၀၀ နဲ႔ေလလံေအာင္သြားခဲ့တယ္လို႔ သိရပါတယ္။

ဒီလိုမ်ိဳး Panini card ေလးတစ္ခုအတြက္

အခု ပမာဏနဲ႔ေလလံေအာင္ခဲ့တာဟာ တကယ့္ကိုရွားပါးျဖစ္ရပ္ပါဘဲ။

လက္ရွိမွာအသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ

၂၀၀၂-၀၃ ေဘာလုံးရာသီက စပို႔တင္းလစၥဘြန္းအတြက္

ပြဲထြက္စတင္ကစားခဲ့တာျဖစ္ၿပီး အဲဒီတုန္းကအီတလီကုမၸဏီျဖစ္တဲ့

Panini ကဒီကတ္ကိုထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

Panini card ဆိုတာ တံဆိပ္ေခါင္း လိုအရာမ်ိဳးျဖစ္ေပမယ့္

တံဆိပ္ေခါင္း ထက္အ႐ြယ္ပိုႀကီးကာ ကပ္ခြာအမ်ိဳးအစားလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာ ဂႏၴဝင္တစ္ဦးျဖစ္ေနတဲ့

စီေရာ္နယ္ဒိုရဲ႕အေစာ ပိုင္းကစားတုန္းက Panini card ဟာလက္ရွိမွာေတာ့

အခု ၂၀၀ ေလာက္သာက်န္ရွိေတာ့ၿပီး ဒီအထဲမွာအခု ၂၀ ေလာက္ သာ

သုံးလို႔ရတဲ့အေျခအေနမွာရွိေတာ့လို႔ တန္ဖိုးျမင့္မားလာရတာလည္းျဖစ္ပါတယ္။

ဒီကတ္ထုတ္လုပ္ၿပီး မၾကာခင္မွာ စပို႔တင္းနဲ႔မန္ယူတို႔ေျခစမ္းခဲ့ေတာ့

စပို႔တင္းက ၃-၁ နဲ႔ႏိုင္ခဲ့ၿပီး အသက္ ၁၈ ႏွစ္သာရွိေသးတဲ့

စီေရာ္နယ္ဒိုလည္းေျခစြမ္းျပႏိုင္ ခဲ့လို႔ မန္ယူကေပါင္ ၁၂ သန္းနဲ႔ေခၚယူသြားခဲ့ပါတယ္။

ဒီကတ္ေပၚမွာ စီေရာ္နယ္ဒိုငယ္စဥ္က ေဘာလုံးနဲ႔ပတ္သက္တဲ့

ကိုယ္ေရးအက်ဥ္းကိုအျပည့္အစုံေဖာ္ျပထားလို႔

နယူးဂ်ာစီက Goldin ေလလံပြဲမွာ ဒါကိုစုေဆာင္းသူေတြက စိတ္လႈပ္ရွားမႈအျပည့္နဲ႔

အၿပိဳင္အဆိုင္ေဈးေပးခဲ့ၾကတာျဖစ္ၿပီး

ေဒၚလာ ၈၀၀၀၀(ေပါင္ ၅၉၀၀၀) နဲ႔ေလလံေအာင္သြားတာပါ။

Goldin ေလလံအဖြဲ႕ရဲ႕ဒါ႐ိုက္တာျဖစ္တဲ့ ေဂ်မီေဆာ့လ္တ္က

”ဒီကတ္ ထဲမွာ ေဘာလုံးရဲ႕ထာဝရအႀကီးက်ယ္ဆုံးေသာ

ကစားသမားေတြထဲကတစ္ဦးရဲ႕အေစာပိုင္းဘဝ မွတ္တမ္းေတြကိုေဖာ္ျပထား ၿပီး

တရားဝင္လိုင္စင္ယူထုတ္လုပ္ထားတဲ့ ကတ္ျဖစ္ပါတယ္။

ေဘာလုံးရဲ႕အမွန္အကန္လူသစ္ကေလးတစ္ေယာက္ရဲ႕မွတ္ တမ္းေပါ့ဗ်ာ။

ဒါကိုထုတ္လုပ္တာအီတလီမွာျဖစ္ေပမယ့္

ေပၚတူဂီမွာေဈးကြက္မွာဘဲေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ဒါကိုအမ်ား ႀကီးထုတ္လုပ္ခဲ့ေပမယ့္ စုထားတဲ့လူအမ်ားစုက

လႊင့္ပစ္တာ၊ မီးရႈိ႕ပစ္လိုက္တာ၊ အျခားနည္းတစ္ခုခုနဲ႔ေပ်ာက္ဆုံးခဲ့တာ ေတြေၾကာင့္

အေကာင္းအတိုင္းသုံးလို႔ရတာ အနည္းငယ္ဘဲရွိေတာ့တာပါ။

Professional Sports Authenticator (PSA) ကသုံးလို႔ရေသးတယ္လို႔

သတ္မွတ္ထားတဲ့အခု ၂၀၀ နီးပါးထဲမွာလုံးဝအေကာင္းအတိုင္းသုံးလို႔ရတာ

၂၂ ခုဘဲရွိေတာ့ ေဈး ကလည္းႀကီးသြားတာေပါ့” လို႔ေျပာသြားပါတယ္။