လူကျွံဘောအတွက် ဆုံးဖြတ်ချက်မှန်ကန်တိကျဖို့ ဆီမီးအော်တို နည်းပညာ ကို သုံးတော့မယ့် ယူအီးအက်ဖ်အေ

သြဂုတ်လ ၁၀ ရက်နေ့ ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဖရန့်ဖတ် တို့ရဲ့ ဥရောပ စူပါဖလားပွဲစဉ်မှာ လူကျွံဘောကို တိတိကျကျ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် ဆီမီးအော်တို နည်းပညာကို စတင်အသုံးပြုသွားမယ် လို့

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြေညာခဲ့ပါတယ်။ ဥရောပ စူပါ ဖလားပြိုင်ပွဲဆိုတာက ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ အသင်းနဲ့ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ချန်ပီယံအသင်းနှစ်သင်း အကြား အားပြိုင်တဲ့

ရာသီကြို ဖလားပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ ဆီမီး အော်တို နည်းပညာကို ယူအီးအက်ဖ်အေက အခုမှ ပထမဆုံးအကြိမ် စတင် အသုံးပြုမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် အာရပ်ဖလားပြိုင်ပွဲနဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာတော့

စမ်းသပ်အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှာ စတင်ကျင်းပတော့မယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာလည်း အဲဒီ နည်းပညာကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြ ထားတာကို တွေ့ရပါတယ်။

ဒီနည်းပညာရဲ့ အားသာချက်ကဟာ အထူးတီ ထွင်ထားတဲ့ ကင်မရာပေါင်းများစွာ ပါဝင်လာမှာဖြစ်ပြီး ကစားသမားတစ်ဦးရဲ့ တစ်ကိုယ်လုံးမှာရှိနေတဲ့ မတူညီတဲ့ အစိတ်အပိုင်း ၂၉ နေရာကို ခြေရာခံ နိုင်မှာ ဖြစ်ပါတယ်။

‘’အခု တီထွင်ဆန်းသစ်ထားတဲ့ နည်းပညာဟာဆိုရင် လူကျွံဘောအခြေအနေ မျုးတွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာ ဗီဒီယိုအကူဒိုင်လူကြီး နည်းပညာ ကို လျင်လျင်မြန်မြန် အကူအညီပေးနိုင်မှာဖြစ်ပြီး ပိုပြီး တိကျသေချာစေပါ လိမ့်မယ်။

နောက်ပြီး ပွဲရဲ့ အရှိန်နဲ့ ဆုံးဖြတ်ချက်တွေ တစ်သမတ်တည်းရှိမှု ကိုလည်း အထောက်အကူ ပြုမှာပါ’’ လို့ ယူအီးအက်ဖ်အေ ဒိုင်လူကြီးရေးရာ ဌာန အကြီးအကဲ ရောဘတ်တိုရိုဆက်တီက ပြောဆိုခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ၁၉၆၀ ခုနှစ် ဥရောပ

ဖလားပြိုင်ပွဲမှာ ရီးရဲလ်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံ ခဲ့ပြီးတဲ့နောက် ၆၆ နှစ်အကြာ အခု ၂၀၂၂ ခုနှစ်ကျမှ ပြန်လည်ပြီး ထိပ်တိုက်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အဲဒီ နောက်ဆုံးအကြိမ် တွေ့ဆုံမှုမှာ ရီးရဲလ်က ဖရန့်ဖတ်ကို ၇-၃ ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

(zawgyi)

ၾသဂုတ္လ ၁၀ ရက္ေန႔ ယွဥ္ၿပိဳင္ကစားမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဖရန႔္ဖတ္ တို႔ရဲ႕ ဥေရာပ စူပါဖလားပြဲစဥ္မွာ လူကြၽံေဘာကို တိတိက်က် မွန္မွန္ကန္ကန္ ဆုံးျဖတ္ႏိုင္ဖို႔အတြက္ ဆီမီးေအာ္တို နည္းပညာကို စတင္အသုံးျပဳသြားမယ္ လို႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ (UEFA) က

ေၾကညာခဲ့ပါတယ္။ ဥေရာပ စူပါ ဖလားၿပိဳင္ပြဲဆိုတာက ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ဆုဖလား ဆြတ္ခူး ႏိုင္ခဲ့တဲ့ အသင္းနဲ႔ ယူ႐ိုပါလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ ခ်န္ပီယံအသင္းႏွစ္သင္း အၾကား အားၿပိဳင္တဲ့ ရာသီႀကိဳ ဖလားၿပိဳင္ပြဲတစ္ခုလည္း ျဖစ္ပါတယ္။

ဒီ ဆီမီး ေအာ္တို နည္းပညာကို ယူအီးအက္ဖ္ေအက အခုမွ ပထမဆုံးအႀကိမ္ စတင္ အသုံးျပဳမွာ ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ အာရပ္ဖလားၿပိဳင္ပြဲနဲ႔ ကလပ္ ကမာၻ႔ဖလား ၿပိဳင္ပြဲေတြမွာေတာ့ စမ္းသပ္အသုံးျပဳခဲ့ၿပီးျဖစ္ပါတယ္။ ႏိုဝင္ဘာ ၂၁ ရက္မွာ စတင္က်င္းပေတာ့မယ့္

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာလည္း အဲဒီ နည္းပညာကို အသုံးျပဳသြားမွာျဖစ္တယ္လို႔ ဘီဘီစီ သတင္းဌာနက ေဖာ္ျပ ထားတာကို ေတြ႕ရပါတယ္။ ဒီနည္းပညာရဲ႕ အားသာခ်က္ကဟာ အထူးတီ ထြင္ထားတဲ့ ကင္မရာေပါင္းမ်ားစြာ ပါဝင္လာမွာျဖစ္ၿပီး

ကစားသမားတစ္ဦးရဲ႕ တစ္ကိုယ္လုံးမွာရွိေနတဲ့ မတူညီတဲ့ အစိတ္အပိုင္း ၂၉ ေနရာကို ေျခရာခံ ႏိုင္မွာ ျဖစ္ပါတယ္။ ‘’အခု တီထြင္ဆန္းသစ္ထားတဲ့ နည္းပညာဟာဆိုရင္ လူကြၽံေဘာအေျခအေန မ်ဳးေတြကို ဆုံးျဖတ္ခ်က္ခ်မွတ္တဲ့ ေနရာမွာ

ဗီဒီယိုအကူဒိုင္လူႀကီး နည္းပညာ ကို လ်င္လ်င္ျမန္ျမန္ အကူအညီေပးႏိုင္မွာျဖစ္ၿပီး ပိုၿပီး တိက်ေသခ်ာေစပါ လိမ့္မယ္။ ေနာက္ၿပီး ပြဲရဲ႕ အရွိန္နဲ႔ ဆုံးျဖတ္ခ်က္ေတြ တစ္သမတ္တည္းရွိမႈ ကိုလည္း အေထာက္အကူ ျပဳမွာပါ’’ လို႔

ယူအီးအက္ဖ္ေအ ဒိုင္လူႀကီးေရးရာ ဌာန အႀကီးအကဲ ေရာဘတ္တို႐ိုဆက္တီက ေျပာဆိုခဲ့ပါတယ္။ ဖရန႔္ဖတ္ဟာ ၁၉၆၀ ခုႏွစ္ ဥေရာပ ဖလားၿပိဳင္ပြဲမွာ ရီးရဲလ္နဲ႔ ေနာက္ဆုံးအႀကိမ္ ေတြ႕ဆုံ ခဲ့ၿပီးတဲ့ေနာက္ ၆၆ ႏွစ္အၾကာ

အခု ၂၀၂၂ ခုႏွစ္က်မွ ျပန္လည္ၿပီး ထိပ္တိုက္ရင္ဆိုင္ရတာ ျဖစ္ပါတယ္။ အဲဒီ ေနာက္ဆုံးအႀကိမ္ ေတြ႕ဆုံမႈမွာ ရီးရဲလ္က ဖရန႔္ဖတ္ကို ၇-၃ ဂိုး ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တာပါ။