လူကာကူ မပါဘူးတဲ့ လက်စတာရေ …

ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်က တိုက်စစ်မှူးလူကာကူဟာ အခုတစ်ပတ်

စနေနေ့ကျရင် လက်စတာအသင်းနဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားနိုင်မှာ

မဟုတ်ဘူးလို့အတည်ပြုခဲ့ပြီး ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့

ကစားမယ့်ပွဲတွေကိုလည်း လွဲချော်ဖို့ရှိနေပါပြီ။

ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူဟာ အောက်တိုဘာလ(၂၀)တုန်းက

မာလ်မိုအသင်းကို(၄-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ

ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး (၁)လနီးပါးအထိအနားယူနေရသလို

အခုတစ်ပတ်ကုန်မှ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ရှိနေပါတယ်။

လူကာကူလိုပဲ ကွင်းလယ်လူကိုဗာချစ်ကလည်း အသင်းအတွက်ပါဝင်ကစားနိုင်မယ့်

အနေအထားမရှိသေးဘဲ တူချယ်လ်အတွက် သတင်းကောင်းကတော့

ဗာနာ၊ မေဆင်မောင့်၊ ပူလီဆစ်တို့ဟာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်တာကြောင့်

လက်စတာနဲ့ပွဲမှာပါဝင်ကစားမယ့်အနေအထားပါပဲ။

လူကာကူရဲ့အနေအထားနဲ့ပတ်သက်လို့ တူချယ်လ်က “လူကာကူကတော့

ဘောလုံးပြန်ကစားနိုင်ဖို့ တော်တော်လေးကြိုးစားနေပါတယ်။ အခုအချိန်မှာ

ကျွန်တော်ပြောနိုင်တာက လူကာကူ ပြန်ကစားနိုင်အောင် ကျွန်တော်တို့အားလုံး

ဝိုင်းဝန်းကြိုးပမ်းနေတယ်ဆိုတာပါပဲ။ ဖြစ်နိုင်တဲ့ခန့်မှန်းချက်တွေပြောလို့ရပေမယ့်

လူကာကူကို ကျွန်တော် ဖိအားမပေးလိုပါဘူး။ သူ့ဟာသူနဲ့တောင် ဖိအား

များနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အသင်းရဲ့ဆရာဝန်တွေ၊

ကြံ့ခိုင်ရေးမှူး၊ ကစားသမားနဲ့တိုင်ပင်ဆွေးနွေးပြီး ဘာလုပ်ရမလဲဆိုတာ

အလေးအနက်ထားစဉ်းစားသွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက,ကစားသမားတွေဟာ သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်

အသင်းတွေအတွက် ပါဝင်ကစားခဲ့ရတာကြောင့် ကစားသမားအစုံအလင်နဲ့

လေ့ကျင့်ခန်းပြုလုပ်ဖို့ သောကြာနေ့တစ်ရက်သာအချိန်ရပြီး (၂၄)နာရီအကြာမှာ

လက်စတာနဲ့ကစားရမှာဖြစ်လို့ တူချယ်လ်ကတော့ နိုင်ငံပွဲတွေအပေါ်

မကျေမနပ်ဖြစ်နေပါတယ်။

Zawgyi

လူကာကူ မပါဘူးတဲ့ လက္စတာေရ …

ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္က တိုက္စစ္မႉးလူကာကူဟာ အခုတစ္ပတ္

စေနေန႔က်ရင္ လက္စတာအသင္းနဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ကစားႏိုင္မွာ

မဟုတ္ဘူးလို႔အတည္ျပဳခဲ့ၿပီး ဂ်ဴဗင္တပ္စ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔

ကစားမယ့္ပြဲေတြကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူဟာ ေအာက္တိုဘာလ(၂၀)တုန္းက

မာလ္မိုအသင္းကို(၄-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ

ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး (၁)လနီးပါးအထိအနားယူေနရသလို

အခုတစ္ပတ္ကုန္မွ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖို႔ရွိေနပါတယ္။

 

လူကာကူလိုပဲ ကြင္းလယ္လူကိုဗာခ်စ္ကလည္း အသင္းအတြက္ပါဝင္ကစားႏိုင္မယ့္

အေနအထားမရွိေသးဘဲ တူခ်ယ္လ္အတြက္ သတင္းေကာင္းကေတာ့

ဗာနာ၊ ေမဆင္ေမာင့္၊ ပူလီဆစ္တို႔ဟာ ႀကံ့ခိုင္မႈျပည့္ဝလာၿပီျဖစ္တာေၾကာင့္

လက္စတာနဲ႔ပြဲမွာပါဝင္ကစားမယ့္အေနအထားပါပဲ။

လူကာကူရဲ႕အေနအထားနဲ႔ပတ္သက္လို႔ တူခ်ယ္လ္က “လူကာကူကေတာ့

ေဘာလုံးျပန္ကစားႏိုင္ဖို႔ ေတာ္ေတာ္ေလးႀကိဳးစားေနပါတယ္။ အခုအခ်ိန္မွာ

ကြၽန္ေတာ္ေျပာႏိုင္တာက လူကာကူ ျပန္ကစားႏိုင္ေအာင္ ကြၽန္ေတာ္တို႔အားလုံး

ဝိုင္းဝန္းႀကိဳးပမ္းေနတယ္ဆိုတာပါပဲ။ ျဖစ္ႏိုင္တဲ့ခန႔္မွန္းခ်က္ေတြေျပာလို႔ရေပမယ့္

လူကာကူကို ကြၽန္ေတာ္ ဖိအားမေပးလိုပါဘူး။ သူ႔ဟာသူနဲ႔ေတာင္ ဖိအား

မ်ားေနတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အသင္းရဲ႕ဆရာဝန္ေတြ၊

ႀကံ့ခိုင္ေရးမႉး၊ ကစားသမားနဲ႔တိုင္ပင္ေဆြးေႏြးၿပီး ဘာလုပ္ရမလဲဆိုတာ

အေလးအနက္ထားစဥ္းစားသြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

 

ခ်ယ္လ္ဆီးအသင္းက,ကစားသမားေတြဟာ သက္ဆိုင္ရာႏိုင္ငံလက္ေ႐ြးစင္

အသင္းေတြအတြက္ ပါဝင္ကစားခဲ့ရတာေၾကာင့္ ကစားသမားအစုံအလင္နဲ႔

ေလ့က်င့္ခန္းျပဳလုပ္ဖို႔ ေသာၾကာေန႔တစ္ရက္သာအခ်ိန္ရၿပီး (၂၄)နာရီအၾကာမွာ

လက္စတာနဲ႔ကစားရမွာျဖစ္လို႔ တူခ်ယ္လ္ကေတာ့ ႏိုင္ငံပြဲေတြအေပၚ

မေက်မနပ္ျဖစ္ေနပါတယ္။