လူကာကူ မစိုးရိမ်ဖို့ ပြောတဲ့ အေးဂျင့်

ချဲလ်ဆီး အသင်းရဲ့ ကြေးအကြီးဆုံး ကစားသမား ဖြစ်တဲ့ တိုက်စစ်မှူး

ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ အပတ် ကြားရက်မှာ ကစားခဲ့တဲ့ မယ်လ်မိုနဲ့

ချန်ပီယံလိဂ် အုပ်စုပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ပြီးနောက် ၊ ခန့်မှန်းခြေ

အရသီတင်းပတ် ၂ပတ်နဲ့ အထက် အနားယူရဖို့ ရှိနေပါတယ် ။လူကာကူဟာ

ဒီဒဏ်ရာ မရခင် ၊ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲဆက် ဂိုးပေါက်

ပျောက်ခဲ့ပါတယ် ။


အေးဂျင့် ဖြစ်သူ ဖက်ဒရီကို ပတ်စတိုရယ်လို ကတော့ လတ်တလောမှာ

လူကာကူ ဂိုးမိုးခေါင်နေတာကို မစိုးရိမ်ကြဖို့ ချဲလ်ဆီး ပရိသတ်တွေထံ

အမှာစကား ပါးထားပါတယ်။

ပတ်စတိုရယ်လို က ” လူကာကူအပေါ် ထားတဲ့ မျှော်မှန်းချက်တွေက အရမ်း

မြင့်မားလွန်းပါတယ် ။ သူ့လို ခြေစွမ်း အဆင့်အတန်းမျိုးနဲ့ တိုက်စစ်မှူးတစ်ဦးက

ငယ်ဘဝ ကလပ်ဆီ တစ်ကျော့ပြန် အခြေချတဲ့အခါ လူတွေက သူ့ကို ပွဲတိုင်း

ဂိုးပြန်သွင်းနိုင်မယ်လို့ ထင်နေကြတာပါ ။ ဒဏ်ရာ ပြဿနာသာ ကင်းရှင်းမယ်

ဆိုရင် ၊ သူဟာ ပွဲတိုင်းလိုလို တစ်ဂိုးနဲ့ အထက် သွင်းနိုင်မယ်လို့ ကျွန်တော်

ရာနှုန်းပြည့် ယုံကြည်ပါတယ် ။ ”

” လူကာကူ ဟာ သွင်းဂိုးတွေ အတွက် မွေးဖွားလာတာပါ ။ နည်းပြတူချယ်က

လူကာကူအကြောင်း တခြားသူတွေထက် ပိုပြီး သိပါတယ်။ လူကာကူရဲ့ ဦးနှောက်နဲ့

နှလုံးသား ဟာ ချဲလ်ဆီး အသင်းနဲ့ အတူ ရှိနေပါတယ် ။ ”

“လူကာကူဟာ ကြံ့ခိုင်မှု အသားပေး နည်းစနစ်ရော ၊ တိုက်စစ် ကစားကွက်ဖော်တဲ့

နည်းစနစ်မှာပါ လိုက်ဖက်မှု ရှိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ နည်းစနစ်ပိုင်းမှာ

ကျွမ်းကျင်မှု ရှိသလို ၊ အသင်းဖော်တွေနဲ့ အတွဲအဖက် ညီညီ ဂိုးတွေ သွင်းယူပေးနိုင်ပြီး

ဖန်တီးမှုတွေလည်း လုပ်ပေးနိုင်လို့ပါ ။ ”လို့ ပြောဆိုပါတယ်။

Zawgyi

လူကာကူ မစိုးရိမ္ဖို႔ ေျပာတဲ့ ေအးဂ်င့္

ခ်ဲလ္ဆီး အသင္းရဲ႕ ေၾကးအႀကီးဆုံး ကစားသမား ျဖစ္တဲ့ တိုက္စစ္မႉး

႐ိုမီလူ လူကာကူ ဟာ ၿပီးခဲ့တဲ့ အပတ္ ၾကားရက္မွာ ကစားခဲ့တဲ့ မယ္လ္မိုနဲ႔

ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ ေျခက်င္းဝတ္ ဒဏ္ရာ ရခဲ့ၿပီးေနာက္ ၊ ခန႔္မွန္းေျခ

အရသီတင္းပတ္ ၂ပတ္နဲ႔ အထက္ အနားယူရဖို႔ ရွိေနပါတယ္ ။လူကာကူဟာ

ဒီဒဏ္ရာ မရခင္ ၊ ခ်ဲလ္ဆီး အတြက္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၆ပြဲဆက္ ဂိုးေပါက္

ေပ်ာက္ခဲ့ပါတယ္ ။
ေအးဂ်င့္ ျဖစ္သူ ဖက္ဒရီကို ပတ္စတိုရယ္လို ကေတာ့ လတ္တေလာမွာ

လူကာကူ ဂိုးမိုးေခါင္ေနတာကို မစိုးရိမ္ၾကဖို႔ ခ်ဲလ္ဆီး ပရိသတ္ေတြထံ

အမွာစကား ပါးထားပါတယ္။

ပတ္စတိုရယ္လို က ” လူကာကူအေပၚ ထားတဲ့ ေမွ်ာ္မွန္းခ်က္ေတြက အရမ္း

ျမင့္မားလြန္းပါတယ္ ။ သူ႔လို ေျခစြမ္း အဆင့္အတန္းမ်ိဳးနဲ႔ တိုက္စစ္မႉးတစ္ဦးက

ငယ္ဘဝ ကလပ္ဆီ တစ္ေက်ာ့ျပန္ အေျခခ်တဲ့အခါ လူေတြက သူ႔ကို ပြဲတိုင္း

ဂိုးျပန္သြင္းႏိုင္မယ္လို႔ ထင္ေနၾကတာပါ ။ ဒဏ္ရာ ျပႆနာသာ ကင္းရွင္းမယ္

ဆိုရင္ ၊ သူဟာ ပြဲတိုင္းလိုလို တစ္ဂိုးနဲ႔ အထက္ သြင္းႏိုင္မယ္လို႔ ကြၽန္ေတာ္

ရာႏႈန္းျပည့္ ယုံၾကည္ပါတယ္ ။ ”

” လူကာကူ ဟာ သြင္းဂိုးေတြ အတြက္ ေမြးဖြားလာတာပါ ။ နည္းျပတူခ်ယ္က

လူကာကူအေၾကာင္း တျခားသူေတြထက္ ပိုၿပီး သိပါတယ္။ လူကာကူရဲ႕ ဦးေႏွာက္နဲ႔

ႏွလုံးသား ဟာ ခ်ဲလ္ဆီး အသင္းနဲ႔ အတူ ရွိေနပါတယ္ ။ ”

“လူကာကူဟာ ႀကံ့ခိုင္မႈ အသားေပး နည္းစနစ္ေရာ ၊ တိုက္စစ္ ကစားကြက္ေဖာ္တဲ့

နည္းစနစ္မွာပါ လိုက္ဖက္မႈ ရွိပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ သူဟာ နည္းစနစ္ပိုင္းမွာ

ကြၽမ္းက်င္မႈ ရွိသလို ၊ အသင္းေဖာ္ေတြနဲ႔ အတြဲအဖက္ ညီညီ ဂိုးေတြ သြင္းယူေပးႏိုင္ၿပီး

ဖန္တီးမႈေတြလည္း လုပ္ေပးႏိုင္လို႔ပါ ။ ”လို႔ ေျပာဆိုပါတယ္။