လူကာကူအထွက်နဲ့အတူ စတင်မယ့် ချဲလ်ဆီးရီဗော်လူးရှင်း

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ ဒီတစ်ပတ်ထဲမှာပဲ

အသင်းဟောင်း အင်တာကို ပြန်ရောက်တော့မှာဖြစ်ပြီး
လူကာကူရဲ့ထွက်ခွာမှုနဲ့ အသင်းရဲ့နွေရာသီ
ရီဗော်လူးရှင်းလည်း စတင်တော့မှာဖြစ်ပါတယ်။
အင်တာက လူကာကူကို အငှားခေါ်ယူမှုအတွက်
ငှားရမ်းခ ပေါင် ၆သန်းကနေ ပေါင် ၈.၅သန်းအထိ

တိုးမြှင့်ကမ်းလှမ်းလိုက်ပြီးနောက် နှစ်သင်းကြား
သဘောတူညီမှုရဖို့ ပိုမိုနီးစပ်လာပြီး
ဒီနေ့မှာ အပြီးသတ်ဆွေးနွေးမှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အဲဒီအပြောင်းအရွှေ့မှာ
စကင်နီယာနဲ့ ဒမ်ဖရီးစ်တု့ိအပါအဝင်

အလဲအထပ်လုပ်ဖို့ ဆွေးနွေးခဲ့ပေမယ့်
ဒီပုံစံအတိုင်းဆိုရင်တော့ လူကာကူရဲ့
အငှားပြောင်းရွှေ့မှုက တိုက်ရိုက်ပဲဖြစ်လာဖို့များပါတယ်။
ပူးတွဲအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီက
အသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး

လူကာကူ အင်တာကို အငှားနဲ့
ပြောင်းတာက အားလုံးအတွက်
အကောင်းဆုံးပဲလို့ ယုံကြည်နေပြီး
လူကာကူ ထွက်ခွာသွားရင် တိုက်စစ်ပိုင်း
လိုအပ်ချက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ စီးတီးတိုက်စစ်မှူး စတာလင်းကို
မကမ်းလှမ်းရသေးပေမယ့် စာချုပ်သက်တမ်း
ကုန်ဆုံးဖို့ တစ်နှစ်ပဲကျန်တော့တဲ့ စတာလင်းရဲ့
တန်ဖိုးက ပေါင် ၅၅သန်းဝန်းကျင်ပဲ
ရှိလိမ့်မယ်လို့ ယူဆထားပါတယ်။

စီးတီးက စတာလင်းရဲ့ဆန္ဒကို
တားဆီးမှာမဟုတ်ပေမယ့် ကစားသမားဘက်က
လက်ရှိအခြေအနေတွေကို စဉ်းစား
ဆုံးဖြတ်နေဆဲဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဘိုင်ယန်တိုက်စစ်မှူး

လီဝန်ဒေါစကီးကို ခေါ်ယူချင်ပေမယ့်
အဆိုပါပိုလန်အသင်းခေါင်းဆောင်က
ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ချင်နေပြီး
လိုက်ပ်ဇစ်တိုက်စစ်မှူး အန်ကွန်ကူနဲ့
ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီတို့ကလည်း

ချဲလ်ဆီးရဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။
ချဲလ်ဆီးဟာ နောက်ခံလူ အနည်းဆုံး
၃ဦးလိုအပ်နေပြီး ဆီဗီလာနောက်ခံလူ
ကူယန်ဒီက ဒဏ်ရာရသွားပေမယ့်
သူ့ကို ခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် ကြိုးစားနေပါတယ်။

စီးတီးနောက်ခံလူ အကီကို ချဲလ်ဆီးအသင်း
ခေါ်ယူချင်ပေမယ့် ချဲလ်ဆီးကစားသမားဟောင်းက
မန်စီးတီးမှာ ဆက်နေဖို့ များနေပြီး
ချဲလ်ဆီးဟာ လိုက်ပ်ဇစ်နောက်ခံလူ ဗာဒီယိုနဲ့
ပီအက်စ်ဂျီနောက်ခံလူ ကင်ပမ်ဘီတို့ကိုလည်း

စောင့်ကြည့်နေပါတယ်။

Zawgyi

လူကာကူအထြက္နဲ႔အတူ စတင္မယ့္ ခ်ဲလ္ဆီးရီေဗာ္လူးရွင္း

ခ်ဲလ္ဆီးတုိက္စစ္မွဴး လူကာကူဟာ ဒီတစ္ပတ္ထဲမွာပဲ
အသင္းေဟာင္း အင္တာကို ျပန္ေရာက္ေတာ့မွာျဖစ္ၿပီး
လူကာကူရဲ႕ထြက္ခြာမႈနဲ႔ အသင္းရဲ႕ေႏြရာသီ
ရီေဗာ္လူးရွင္းလည္း စတင္ေတာ့မွာျဖစ္ပါတယ္။
အင္တာက လူကာကူကို အငွားေခၚယူမႈအတြက္

ငွားရမ္းခ ေပါင္ ၆သန္းကေန ေပါင္ ၈.၅သန္းအထိ
တုိးျမႇင့္ကမ္းလွမ္းလုိက္ၿပီးေနာက္ ႏွစ္သင္းၾကား
သေဘာတူညီမႈရဖို႔ ပိုမိုနီးစပ္လာၿပီး
ဒီေန႔မွာ အၿပီးသတ္ေဆြးေႏြးမွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ အဲဒီအေျပာင္းအေရႊ႕မွာ

စကင္နီယာနဲ႔ ဒမ္ဖရီးစ္တု႔ိအပါအ၀င္
အလဲအထပ္လုပ္ဖို႔ ေဆြးေႏြးခဲ့ေပမယ့္
ဒီပုံစံအတုိင္းဆိုရင္ေတာ့ လူကာကူရဲ႕
အငွားေျပာင္းေရႊ႕မႈက တုိက္ရိုက္ပဲျဖစ္လာဖို႔မ်ားပါတယ္။
ပူးတြဲအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ဘိုလီက

အသင္းကေန ထြက္ခြာခ်င္ေနတဲ့ တုိက္စစ္မွဴး
လူကာကူ အင္တာကို အငွားနဲ႔
ေျပာင္းတာက အားလုံးအတြက္
အေကာင္းဆုံးပဲလုိ႔ ယုံၾကည္ေနၿပီး
လူကာကူ ထြက္ခြာသြားရင္ တုိက္စစ္ပုိင္း

လိုအပ္ခ်က္ျဖစ္ေပၚလာမွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ စီးတီးတုိက္စစ္မွဴး စတာလင္းကို
မကမ္းလွမ္းရေသးေပမယ့္ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးဖို႔ တစ္ႏွစ္ပဲက်န္ေတာ့တဲ့ စတာလင္းရဲ႕
တန္ဖိုးက ေပါင္ ၅၅သန္း၀န္းက်င္ပဲ

ရွိလိမ့္မယ္လုိ႔ ယူဆထားပါတယ္။
စီးတီးက စတာလင္းရဲ႕ဆႏၵကို
တားဆီးမွာမဟုတ္ေပမယ့္ ကစားသမားဘက္က
လက္ရွိအေျခအေနေတြကို စဥ္းစား
ဆုံးျဖတ္ေနဆဲျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဘုိင္ယန္တုိက္စစ္မွဴး
လီ၀န္ေဒါစကီးကို ေခၚယူခ်င္ေပမယ့္
အဆုိပါပိုလန္အသင္းေခါင္းေဆာင္က
ဘာစီလိုနာကိုပဲ ေျပာင္းေရႊ႕ခ်င္ေနၿပီး
လုိက္ပ္ဇစ္တုိက္စစ္မွဴး အန္ကြန္ကူနဲ႔

ဘာစီလိုနာတုိက္စစ္မွဴး ဒမ္ဘီလီတို႔ကလည္း
ခ်ဲလ္ဆီးရဲ႕စာရင္းထဲမွာ ပါ၀င္ေနပါတယ္။
ခ်ဲလ္ဆီးဟာ ေနာက္ခံလူ အနည္းဆုံး
၃ဦးလိုအပ္ေနၿပီး ဆီဗီလာေနာက္ခံလူ
ကူယန္ဒီက ဒဏ္ရာရသြားေပမယ့္

သူ႕ကို ေခၚယူဖုိ႔ အဓိကပစ္မွတ္အျဖစ္ ႀကိဳးစားေနပါတယ္။
စီးတီးေနာက္ခံလူ အကီကို ခ်ဲလ္ဆီးအသင္း
ေခၚယူခ်င္ေပမယ့္ ခ်ဲလ္ဆီးကစားသမားေဟာင္းက
မန္စီးတီးမွာ ဆက္ေနဖို႔ မ်ားေနၿပီး
ခ်ဲလ္ဆီးဟာ လုိက္ပ္ဇစ္ေနာက္ခံလူ ဗာဒီယိုနဲ႔

ပီအက္စ္ဂ်ီေနာက္ခံလူ ကင္ပမ္ဘီတုိ႔ကိုလည္း
ေစာင့္ၾကည့္ေနပါတယ္။