
ချယ်လ်ဆီးအသင်းတောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ
အင်တာဗျူးတစ်ခုမှာ ဒီရာသီတစ်လျှောက်လုံးခြေစွမ်းပြဖို့
ရုန်းကန်နေရတာနဲ့ပတ်သက်လို့ ဖွင့်ဟပြောဆိုုခဲ့ပါတယ်။
ပူလီဆစ်ဟာ နည်းပြတူချယ်လ်လက်ထက်မှာ
ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရသလို ၂၀၁၉ ခုနှစ်တုန်းက
ဒေ့ါမွန်အသင်းကနေ ပေါင်(၅၈)သန်းနဲ့ ချယ်လ်ဆီးအသင်းဆီ
ရောက်ရှိလာချိန်ကစလို့ ဒဏ်ရာပြဿနာတွေနဲ့
မကြာခဏရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။
မကြာသေးခင်က ချယ်လ်ဆီးအသင်းတိုက်စစ်မှူးလူကာကူဟာ
အင်တာဗျူးတစ်ခုမှာ တူချယ်လ်ရဲ့နည်းစနစ်တွေကို ဝေဖန်ခဲ့သလို
အင်တာမီလန်ကို ပြန်သွားချင်တယ်လို့ လူသိရှင်ကြားပြောခဲ့တာကြောင့်
လူကာကူနဲ့တူချယ်လ်တို့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး
လူကာကူကို အသင်းက ဒဏ်ငွေချမှတ်အရေးယူခဲ့ပါတယ်။
အခုလောလောဆယ် ပူလီဆစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ
ကစားဖို့အတွက် အမေရိကန်အသင်းနဲ့အတူ
ပူးပေါင်းလေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။
ဒါပေမဲ့ ပူလီဆစ်က NBC Sports နဲ့အင်တာဗျူးမှာ
သူကစားချင်တဲ့နေရာမှာ ကစားခွင့်မရဘူးလို့ ဖွင့်ဟပြောဆိုလိုက်ပြီး
တူချယ်လ်အတွက် နောက်ထပ်မီးမွှေးလိုက်ပြန်ပါတယ်။
NBC Sports နဲ့အင်တာဗျူးမှာ ပူလီဆစ်က “ဒီနှစ်ထဲမှာ
အနိမ့်အမြင့်အတက်အကျတွေနဲ့ ရုန်းကန်နေရပြီး
ကျွန်တော်လိုချင်တဲ့အနေအထားမျိုးမဟုတ်ပါဘူး။
နိုင်ငံအသင်းနဲ့ပူးပေါင်းတဲ့အခါ အသင်းဖော်တွေက
“ချယ်လ်ဆီးမှာကစားရတာ ဘယ်လိုအခြေအနေရှိလဲလို့”မေးလေ့ရှိပြီး
တော်တော်လေးရုန်းကန်ရတဲ့အနေအထားပါပဲ။
ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ကစားချင်တဲ့နေရာမှာ
ကစားနေရတာမဟုတ်ပါဘူး၊
ဒါပေမဲ့လည်း ကစားသမားတစ်ယောက်ဟာ နေရာစုံကစားနိုင်ရင်
ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်အများကြီး သင်ယူခဲ့ပြီးဖြစ်တာကြောင့်
လာမယ့်ပွဲတွေကျရင် ကျွန်တော့်အတွက် ပိုအဆင်ပြေမယ့်နေရာမှာ
ကစားခွင့်ရမယ်လို့မျှော်လင့်ပါတယ်”ဆိုပြီးဖြေကြားခဲ့တာဖြစ်ပါတယ်။
zawgyi
လူကာကူၿပီးေတာ့ ပူလီဆစ္လား
ခ်ယ္လ္ဆီးအသင္းေတာင္ပံတိုက္စစ္ကစားသမား ပူလီဆစ္ဟာ
အင္တာဗ်ဴးတစ္ခုမွာ ဒီရာသီတစ္ေလွ်ာက္လုံးေျခစြမ္းျပဖို႔
႐ုန္းကန္ေနရတာနဲ႔ပတ္သက္လို႔ ဖြင့္ဟေျပာဆိုုခဲ့ပါတယ္။
ပူလီဆစ္ဟာ နည္းျပတူခ်ယ္လ္လက္ထက္မွာ
ပုံမွန္ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ေနရသလို ၂၀၁၉ ခုႏွစ္တုန္းက
ေဒ့ါမြန္အသင္းကေန ေပါင္(၅၈)သန္းနဲ႔ ခ်ယ္လ္ဆီးအသင္းဆီ
ေရာက္ရွိလာခ်ိန္ကစလို႔ ဒဏ္ရာျပႆနာေတြနဲ႔
မၾကာခဏရင္ဆိုင္ခဲ့သူျဖစ္ပါတယ္။
မၾကာေသးခင္က ခ်ယ္လ္ဆီးအသင္းတိုက္စစ္မႉးလူကာကူဟာ
အင္တာဗ်ဴးတစ္ခုမွာ တူခ်ယ္လ္ရဲ႕နည္းစနစ္ေတြကို ေဝဖန္ခဲ့သလို
အင္တာမီလန္ကို ျပန္သြားခ်င္တယ္လို႔ လူသိရွင္ၾကားေျပာခဲ့တာေၾကာင့္
လူကာကူနဲ႔တူခ်ယ္လ္တို႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး
လူကာကူကို အသင္းက ဒဏ္ေငြခ်မွတ္အေရးယူခဲ့ပါတယ္။
အခုေလာေလာဆယ္ ပူလီဆစ္ဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြ
ကစားဖို႔အတြက္ အေမရိကန္အသင္းနဲ႔အတူ
ပူးေပါင္းေလ့က်င့္ခန္းဆင္းေနတာျဖစ္ပါတယ္။
ဒါေပမဲ့ ပူလီဆစ္က NBC Sports နဲ႔အင္တာဗ်ဴးမွာ
သူကစားခ်င္တဲ့ေနရာမွာ ကစားခြင့္မရဘူးလို႔ ဖြင့္ဟေျပာဆိုလိုက္ၿပီး
တူခ်ယ္လ္အတြက္ ေနာက္ထပ္မီးေမႊးလိုက္ျပန္ပါတယ္။
NBC Sports နဲ႔အင္တာဗ်ဴးမွာ ပူလီဆစ္က “ဒီႏွစ္ထဲမွာ
အနိမ့္အျမင့္အတက္အက်ေတြနဲ႔ ႐ုန္းကန္ေနရၿပီး
ကြၽန္ေတာ္လိုခ်င္တဲ့အေနအထားမ်ိဳးမဟုတ္ပါဘူး။
ႏိုင္ငံအသင္းနဲ႔ပူးေပါင္းတဲ့အခါ အသင္းေဖာ္ေတြက
“ခ်ယ္လ္ဆီးမွာကစားရတာ ဘယ္လိုအေျခအေနရွိလဲလို႔”ေမးေလ့ရွိၿပီး
ေတာ္ေတာ္ေလး႐ုန္းကန္ရတဲ့အေနအထားပါပဲ။
ခ်ယ္လ္ဆီးအသင္းမွာ ကြၽန္ေတာ္ကစားခ်င္တဲ့ေနရာမွာ
ကစားေနရတာမဟုတ္ပါဘူး၊
ဒါေပမဲ့လည္း ကစားသမားတစ္ေယာက္ဟာ ေနရာစုံကစားႏိုင္ရင္
ပိုေကာင္းမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
ကြၽန္ေတာ္အမ်ားႀကီး သင္ယူခဲ့ၿပီးျဖစ္တာေၾကာင့္
လာမယ့္ပြဲေတြက်ရင္ ကြၽန္ေတာ့္အတြက္ ပိုအဆင္ေျပမယ့္ေနရာမွာ
ကစားခြင့္ရမယ္လို႔ေမွ်ာ္လင့္ပါတယ္”ဆိုၿပီးေျဖၾကားခဲ့တာျဖစ္ပါတယ္။