လူကာကူပြန်ပါမှ ချယ်လ်ဆီး တိုင်ပတ်မှာလား

ချယ်လ်ဆီးအသင်းဟာ အဓိကတိုက်စစ်မှူးလူကာကူ ဒဏ်ရာကြောင့်

မကစားနိုင်တဲ့ပွဲတွေမှာ ဂိုးတွေပိုသွင်းနိုင်တဲ့အပြင် ရလဒ်ကောင်းတွေ

ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို

အားဖြည့်ဖို့အတွက် ပြီးခဲ့တဲ့နွေရာသီတုန်းက ကစားသမားဟောင်း

လူကာကူကို အင်တာမီလန်အသင်းဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး

ပေါင်(၉၈)သန်းအထိအသုံးပြုခဲ့ပြီး လူကာကူဟာ အသင်းအတွက်(၁၁)ပွဲကစား၊

(၄)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လူကာကူဟာ ဇင်းနစ်အသင်းကို(၁-၀)ဂိုးနဲ့

အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၅)ပွဲဆက်

သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဖြစ်ခဲ့ပြီး,ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက

မာလ်မိုနဲ့ချန်ပီယံလိဂ်ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့အတွက်

အသင်းရဲ့ပွဲတော်တော်များများလွဲချော်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းအားနည်းမှုကြောင့် လူကာကူကိုခေါ်ယူခဲ့တာဖြစ်ပေမယ့်

ဒဏ်ရာကြောင့် လူကာကူ ပွဲတော်တော်များများလွဲချော်ခဲ့တဲ့ကာလအတွင်း

သူပါဝင်ကစားခဲ့တဲ့ပွဲတွေထက် သွင်းဂိုး၊ ရလဒ်တွေပိုကောင်းနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မာလ်မိုနဲ့ပွဲမှာ လူကာကူ ဒဏ်ရာကြောင့်

လူစားလဲခံခဲ့ရပြီးနောက်ပိုင်း သွင်းယူခဲ့တဲ့(၂)ဂိုးအပါအဝင် လူကာကူ

မပါနိုင်တဲ့ပြိုင်ပွဲစုံ(၉)ပွဲမှာ (၂၄)ဂိုးအထိသွင်းယူခဲ့ပြီး (၃)ပွဲသာသရေကျခဲ့သလို

(၆)ပွဲအထိအနိုင်ရခဲ့သလို တစ်ပွဲပျမ်းမျှသွင်းဂိုး(၂.၇)ဂိုးအထိရှိခဲ့ပါတယ်။

လူကာကူပါဝင်ကစားခဲ့တဲ့ (၁၁)ပွဲမှာ (၇)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့ပြီး

သွင်းဂိုး(၁၉)ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး(၁.၇)ဂိုးသာရှိခဲ့တာပါ။

အခုအချိန်မှာတော့ လူကာကူဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ပြီး,

ပြီးခဲ့တဲ့ကြားရက်က ဂျူဗင်တပ်စ်အသင်းကို (၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ

အသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့ပေမယ့် တူချယ်လ်က သူ့ကို အသုံးမပြုခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပရီးမီးယားလိဂ်

အိမ်ကွင်းပွဲကျရင် ချယ်လ်ဆီးအသင်းအတွက် (၁)လကျော်အကြာမှာ

ပထမဆုံးအကြိမ်အဖြစ် လူကာကူပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။

လူကာကူမပါနိုင်တဲ့အချိန်မှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီး

အခု အဓိကတိုက်စစ်မှူးလူကာကူ ပြန်ပါလာပြီဖြစ်လို့ အခုထက်

ပိုကောင်းမလား ..ဒါမှမဟုတ် အရှိန်ရပ်တန့်သွားမလားဆိုတာစောင့်ကြည့်ရျွှာပါ။

zawgyi

လူကာကူျပန္ပါမွ ခ်ယ္လ္ဆီး တိုင္ပတ္မွာလား

ခ်ယ္လ္ဆီးအသင္းဟာ အဓိကတိုက္စစ္မႉးလူကာကူ ဒဏ္ရာေၾကာင့္

မကစားႏိုင္တဲ့ပြဲေတြမွာ ဂိုးေတြပိုသြင္းႏိုင္တဲ့အျပင္ ရလဒ္ေကာင္းေတြ

ဆက္တိုက္ရယူႏိုင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ တိုက္စစ္ပိုင္းကို

အားျဖည့္ဖို႔အတြက္ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ကစားသမားေဟာင္း

လူကာကူကို အင္တာမီလန္အသင္းဆီကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး

ေပါင္(၉၈)သန္းအထိအသုံးျပဳခဲ့ၿပီး လူကာကူဟာ အသင္းအတြက္(၁၁)ပြဲကစား၊

(၄)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ လူကာကူဟာ ဇင္းနစ္အသင္းကို(၁-၀)ဂိုးနဲ႔

အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ(၅)ပြဲဆက္

သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိျဖစ္ခဲ့ၿပီး,ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက

မာလ္မိုနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ့အတြက္

အသင္းရဲ႕ပြဲေတာ္ေတာ္မ်ားမ်ားလြဲေခ်ာ္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔

တိုက္စစ္ပိုင္းအားနည္းမႈေၾကာင့္ လူကာကူကိုေခၚယူခဲ့တာျဖစ္ေပမယ့္

ဒဏ္ရာေၾကာင့္ လူကာကူ ပြဲေတာ္ေတာ္မ်ားမ်ားလြဲေခ်ာ္ခဲ့တဲ့ကာလအတြင္း

သူပါဝင္ကစားခဲ့တဲ့ပြဲေတြထက္ သြင္းဂိုး၊ ရလဒ္ေတြပိုေကာင္းေနတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ မာလ္မိုနဲ႔ပြဲမွာ လူကာကူ ဒဏ္ရာေၾကာင့္

လူစားလဲခံခဲ့ရၿပီးေနာက္ပိုင္း သြင္းယူခဲ့တဲ့(၂)ဂိုးအပါအဝင္ လူကာကူ

မပါႏိုင္တဲ့ၿပိဳင္ပြဲစုံ(၉)ပြဲမွာ (၂၄)ဂိုးအထိသြင္းယူခဲ့ၿပီး (၃)ပြဲသာသေရက်ခဲ့သလို

(၆)ပြဲအထိအႏိုင္ရခဲ့သလို တစ္ပြဲပ်မ္းမွ်သြင္းဂိုး(၂.၇)ဂိုးအထိရွိခဲ့ပါတယ္။

လူကာကူပါဝင္ကစားခဲ့တဲ့ (၁၁)ပြဲမွာ (၇)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၂)ပြဲရႈံးခဲ့ၿပီး

သြင္းဂိုး(၁၉)ဂိုး၊ တစ္ပြဲပ်မ္းမွ်သြင္းဂိုး(၁.၇)ဂိုးသာရွိခဲ့တာပါ။ အခုအခ်ိန္မွာေတာ့

လူကာကူဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္ၿပီး,

ၿပီးခဲ့တဲ့ၾကားရက္က ဂ်ဴဗင္တပ္စ္အသင္းကို (၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ

အသင္းရဲ႕လူစာရင္းမွာပါဝင္ခဲ့ေပမယ့္ တူခ်ယ္လ္က သူ႔ကို အသုံးမျပဳခဲ့ပါဘူး။

ဒါေပမဲ့ ဒီေန႔ကစားမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ပရီးမီးယားလိဂ္

အိမ္ကြင္းပြဲက်ရင္ ခ်ယ္လ္ဆီးအသင္းအတြက္ (၁)လေက်ာ္အၾကာမွာ

ပထမဆုံးအႀကိမ္အျဖစ္ လူကာကူပါဝင္ကစားႏိုင္ဖို႔ရွိေနပါၿပီ။

လူကာကူမပါႏိုင္တဲ့အခ်ိန္မွာ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီး

အခု အဓိကတိုက္စစ္မႉးလူကာကူ ျပန္ပါလာၿပီျဖစ္လို႔ အခုထက္

ပိုေကာင္းမလား ..ဒါမွမဟုတ္ အရွိန္ရပ္တန႔္သြားမလားဆိုတာေစာင့္ၾကည့္ရႊၽာပါ။