
ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်ဟာ အင်တာဗျုးတစ်ခုမှာ
လူကာကူက သူ့ရဲ့အနေအထားကို စိတ်ကျေနပ်မှုမရှိတော့ဘဲ
တူချယ်လ်ရဲ့နည်းစနစ်တွေနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုခဲ့တာကြောင့်
အဲဒီပြောစကားတွေအတွက်မကျေမနပ်ဖြစ်နေပါတယ်။
သြဂုတ်လတုန်းက အင်တာမီလန်ကနေ အသင်းဟောင်းချယ်လ်ဆီးကို
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၉၈)သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့
လူကာကူဟာ အသင်းကိုပြန်ရောက်ပြီး လပိုင်းအကြာမှာပဲ
ပြီးခဲ့တဲ့ကြာသပတေးနေ့က အင်တာဗျူးတစ်ခုမှာ
တူချယ်လ်ရဲ့နည်းစနစ်တွေက သူ့အတွက်အဆင်မပြေဘူးလို့
လူသိရှင်ကြားဝေဖန်ပြောဆိုခဲ့ပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူကာကူက ချယ်လ်ဆီးအသင်းကို
ပြောင်းရွှေ့ခဲ့တာက အမှားတစ်ခုကျူးလွန်သလိုဖြစ်ခဲ့ပြီး သူ့အသင်းဟောင်း
အင်တာမီလန်ကို ပြန်ချင်တယ်ဆိုတဲ့စကားတွေကို ဖွင့်ချပြောဆိုခဲ့တာပါ။
လူကာကူက ရုတ်တရက် အခုလိုဝေဖန်ပြောကြားခဲ့တဲ့အပေါ်
တူချယ်လ်တစ်ယောက် အံ့အားသင့်နေပြီး မကြာခင်မှာ လူကာကူနဲ့
တွေ့ဆုံစကားပြောသွားမယ်လို့ သူကအတည်ပြုခဲ့ပါတယ်။
လီဗာပူးလ်နဲ့ကစားမယ့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ
တူချယ်လ်က “လူကာကူရဲ့ပြောစကားတွေနဲ့ပတ်သက်လို့
ကျွန်တော်တို့ လုံးဝသဘောမကျပါဘူး။
သူ့ရဲ့စကားတွေကြောင့် မလိုအပ်ဘဲ ပွဲဆူစေသလို
ဒါက အသင်းအတွက်အထောက်အကူ မဖြစ်ပါဘူး။
ကျွန်တော်သာမက တာဝန်ရှိသူတွေလည်း လူကာကူရဲ့ပြောစကားတွေကို
သဘောမကျဘဲ ကျွန်တော်တို့အသင်းဟာ တည်ငြိမ်တဲ့
အနေအထားတစ်ခုမှာရှိနေဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဒီကိစ္စကို နားလည်မှုရအောင် အချိန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး
ဒါက လူကာကူရဲ့အသင်းအတွက်စွမ်းဆောင်ရည်အပေါ် ရိုက်ခတ်မှုရှိလာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ လူကာကူနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို
ပွင့်ပွင့်လင်းလင်းစကားပြောသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။
zawgyi
လူကာကူနဲ႔ သီးသန႔္ေတြ႕ဆုံေဆြးေႏြး ပြင့္ပြင့္လင္းလင္းေျပာမွ ျဖစ္ေတာ့မယ္ တူခ်ယ္
ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္ဟာ အင္တာဗ်ဳးတစ္ခုမွာ
လူကာကူက သူ႔ရဲ႕အေနအထားကို စိတ္ေက်နပ္မႈမရွိေတာ့ဘဲ
တူခ်ယ္လ္ရဲ႕နည္းစနစ္ေတြနဲ႔ပတ္သက္ၿပီးေဝဖန္ေျပာဆိုခဲ့တာေၾကာင့္
အဲဒီေျပာစကားေတြအတြက္မေက်မနပ္ျဖစ္ေနပါတယ္။
ၾသဂုတ္လတုန္းက အင္တာမီလန္ကေန အသင္းေဟာင္းခ်ယ္လ္ဆီးကို
ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၉၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့
လူကာကူဟာ အသင္းကိုျပန္ေရာက္ၿပီး လပိုင္းအၾကာမွာပဲ
ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အင္တာဗ်ဴးတစ္ခုမွာ
တူခ်ယ္လ္ရဲ႕နည္းစနစ္ေတြက သူ႔အတြက္အဆင္မေျပဘူးလို႔
လူသိရွင္ၾကားေဝဖန္ေျပာဆိုခဲ့ပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လူကာကူက ခ်ယ္လ္ဆီးအသင္းကို
ေျပာင္းေ႐ႊ႕ခဲ့တာက အမွားတစ္ခုက်ဴးလြန္သလိုျဖစ္ခဲ့ၿပီး သူ႔အသင္းေဟာင္း
အင္တာမီလန္ကို ျပန္ခ်င္တယ္ဆိုတဲ့စကားေတြကို ဖြင့္ခ်ေျပာဆိုခဲ့တာပါ။
လူကာကူက ႐ုတ္တရက္ အခုလိုေဝဖန္ေျပာၾကားခဲ့တဲ့အေပၚ
တူခ်ယ္လ္တစ္ေယာက္ အံ့အားသင့္ေနၿပီး မၾကာခင္မွာ လူကာကူနဲ႔
ေတြ႕ဆုံစကားေျပာသြားမယ္လို႔ သူကအတည္ျပဳခဲ့ပါတယ္။
လီဗာပူးလ္နဲ႔ကစားမယ့္ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ
တူခ်ယ္လ္က “လူကာကူရဲ႕ေျပာစကားေတြနဲ႔ပတ္သက္လို႔
ကြၽန္ေတာ္တို႔ လုံးဝသေဘာမက်ပါဘူး။
သူ႔ရဲ႕စကားေတြေၾကာင့္ မလိုအပ္ဘဲ ပြဲဆူေစသလို
ဒါက အသင္းအတြက္အေထာက္အကူ မျဖစ္ပါဘူး။
ကြၽန္ေတာ္သာမက တာဝန္ရွိသူေတြလည္း လူကာကူရဲ႕ေျပာစကားေတြကို
သေဘာမက်ဘဲ ကြၽန္ေတာ္တို႔အသင္းဟာ တည္ၿငိမ္တဲ့
အေနအထားတစ္ခုမွာရွိေနဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။
ဒီကိစၥကို နားလည္မႈရေအာင္ အခ်ိန္ယူေဆာင္႐ြက္သြားမွာျဖစ္ၿပီး
ဒါက လူကာကူရဲ႕အသင္းအတြက္စြမ္းေဆာင္ရည္အေပၚ ႐ိုက္ခတ္မႈရွိလာမွာ မဟုတ္ပါဘူး။
ကြၽန္ေတာ္တို႔ လူကာကူနဲ႔ သီးသန႔္ေတြ႕ဆုံေဆြးေႏြးသြားမွာျဖစ္သလို
ပြင့္ပြင့္လင္းလင္းစကားေျပာသြားမွာပါ”လို႔ ဆိုခဲ့ပါတယ္။