လုပ်ပွဲကစားမှုကို အဆုံးသတ်ဖို့ Own Goal ၂ဂိုးတောင် ပေါ်တင်ကြီး သွင်းပြလိုက်တဲ့ ဂါနာဘောလုံးသမား

ဂါနာပရီးမီးယားလိဂ်ပြိုင်ပွဲဝင် နောက်ခံလူတစ်ဦးဟာ

သူ့အသင်း လုပ်ပွဲကစားမှုကို တားဆီးတဲ့အနေနဲ့
တမင်တကာ Own Goal ၂ဂိုးတောင် သွင်းခဲ့လို့
၆ လကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။
အင်တာအယ်လိစ်နောက်ခံလူ ဟက်ရှ်မင်းမူဆာဟာ
ဇူလိုင်လအတွင်း ကစားခဲ့တဲ့ ဂါနာပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာ

ကိုယ့်ဂိုးကိုယ် ရည်ရွယ်ချက်ရှိရှိသွင်းယူခဲ့လို့ အတော်လေးနာမည်ကြီးသွားပြီး
အရှန်ဒီဂိုးလ်အသင်းကို ၅-၀ ဂိုးနဲ့ အရေးနိမ့်နေချိန်မှာ
မူဆာက ၇-၀ ဂိုးဖြစ်သွားအောင် OG ၂ ဂိုးသွင်းယူခဲ့တာပါ။
ပွဲအပြီးပြုလုပ်တဲ့ အင်တာဗျူးမှာ မူဆာက
သူ့အသင်း တည်းခိုတဲ့ဟိုတယ်မှာ ၅-၁ ဂိုးနဲ့

ပွဲပြီးဖို့ ညှိနှိုင်းနေကြတာကို မတော်တဆ
ကြားမိခဲ့တာကြောင့် အဲဒီလိုမဖြစ်အောင်
တမင်တကာ OG ဂိုးတွေ သွင်းယူလိုက်ာတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ဂါနာအက်ဖ်အေက တမင်တကာ OG သွင်းခဲ့တဲ့
မူဆာကို အစောပိုင်းမှာ ၂၄ လကြာ ပွဲကစားခွင့်ပိတ်ပင်ခဲ့ပေမယ့်

ကစားသမားဖြစ်သူက လုပ်ပွဲကစားမှုကို တားဆီးခဲ့တာဖြစ်ကြောင်း
ရှင်းပြခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကိုလည်း ၂၄ လကနေ
၆လကို လျှော့ချပေးခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီလို OG ဂိုးတွေ သွင်းယူခဲ့ပြီးနောက် မူဆာကို
အသင်းဘက်က လူစားလဲလိုက်ပြီး အသင်းရဲ့

နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့ကတော့ ကျွန်တော့်ရဲ့
လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။
နည်းပြကိုလည်း ကျွန်တော်သာ ကစားခွင့်ရရင်
အသင်းရဲ့လုပ်ပွဲကစားမှုကို ဖျက်ဆီးပြမယ်လို့ ပြောခဲ့ပါတယ်။
ပွဲအပြီးမှာလည်း အသင်းက ကျွန်တော့်ကို ဂုဏ်ပြုခဲ့ပါတယ်။

အရှန်ဒီဂိုးလ်အသင်းနဲ့ပွဲမှာ ကျွန်တော်တို့အသင်း
၅-၁ ဂိုးနဲ့အရှုံးပေးမယ်လို့ ပြောဆိုညှိနှိုင်းနေကြတာ ကျွန်တော် ကြားလိုက်ပါတယ်။
ကျွန်တော်လည်း လောင်းကစားကို သဘောမကျလို့
ဒီလိုမဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”လို့ မူဆာက ပြောပါတယ်။
အင်တာအသင်းက သူတို့ လုပ်ပွဲကစားခဲ့တာမဟုတ်ကြောင်း

ဖြေရှင်းချက်ထုတ်ခဲ့ပေမယ့် အသင်းကတော့ ဒုတိယတန်းကို
တန်းဆင်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လုပ်ပွဲမှာပါဝင်ခဲ့တဲ့
ကစားသမားတွေလည်း ပြစ်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ မူဆာဟာ ပြီးခဲ့တဲ့နှစ်က
နိုင်ဂျီးရီးယားကလပ် ယူနီယံစပိုတစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Zawgyi

လုပ္ပြဲကစားမႈကုိ အဆုံးသတ္ဖုိ႔ Own Goal ၂ဂိုးေတာင္ ေပၚတင္ႀကီး သြင္းျပလုိက္တဲ့ ဂါနာေဘာလုံးသမား
ဂါနာပရီးမီးယားလိဂ္ၿပိဳင္ပြဲ၀င္ ေနာက္ခံလူတစ္ဦးဟာ

သူ႕အသင္း လုပ္ပြဲကစားမႈကို တားဆီးတဲ့အေနနဲ႔
တမင္တကာ Own Goal ၂ဂိုးေတာင္ သြင္းခဲ့လို႔
၆ လၾကာ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလုိက္ရပါတယ္။
အင္တာအယ္လိစ္ေနာက္ခံလူ ဟက္ရွ္မင္းမူဆာဟာ
ဇူလုိင္လအတြင္း ကစားခဲ့တဲ့ ဂါနာပရီးမီးယားလိဂ္ပြဲတစ္ပြဲမွာ

ကိုယ့္ဂိုးကိုယ္ ရည္ရြယ္ခ်က္ရွိရိွသြင္းယူခဲ့လုိ႔ အေတာ္ေလးနာမည္ႀကီးသြားၿပီး
အရွန္ဒီဂိုးလ္အသင္းကို ၅-၀ ဂိုးနဲ႔ အေရးနိမ့္ေနခ်ိန္မွာ
မူဆာက ၇-၀ ဂိုးျဖစ္သြားေအာင္ OG ၂ ဂိုးသြင္းယူခဲ့တာပါ။
ပြဲအၿပီးျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ မူဆာက
သူ႕အသင္း တည္းခုိတဲ့ဟုိတယ္မွာ ၅-၁ ဂိုးနဲ႔

ပြဲၿပီးဖို႔ ညႇိႏႈိင္းေနၾကတာကို မေတာ္တဆ
ၾကားမိခဲ့တာေၾကာင့္ အဲဒီလုိမျဖစ္ေအာင္
တမင္တကာ OG ဂိုးေတြ သြင္းယူလုိက္ာတာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။
ဂါနာအက္ဖ္ေအက တမင္တကာ OG သြင္းခဲ့တဲ့
မူဆာကို အေစာပိုင္းမွာ ၂၄ လၾကာ ပြဲကစားခြင့္ပိတ္ပင္ခဲ့ေပမယ့္

ကစားသမားျဖစ္သူက လုပ္ပြဲကစားမႈကို တားဆီးခဲ့တာျဖစ္ေၾကာင္း
ရွင္းျပခဲ့ၿပီးေနာက္ ပြဲပယ္ျပစ္ဒဏ္ကိုလည္း ၂၄ လကေန
၆လကို ေလွ်ာ့ခ်ေပးခဲ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။
အဲဒီလုိ OG ဂိုးေတြ သြင္းယူခဲ့ၿပီးေနာက္ မူဆာကို
အသင္းဘက္က လူစားလဲလုိက္ၿပီး အသင္းရဲ႕

နည္းစနစ္ပိုင္းဆုိင္ရာအဖြဲ႕ကေတာ့ ကၽြန္ေတာ့္ရဲ႕
လုပ္ရပ္ကို ခ်ီးက်ဴးခဲ့ပါတယ္။
နည္းျပကိုလည္း ကၽြန္ေတာ္သာ ကစားခြင့္ရရင္
အသင္းရဲ႕လုပ္ပြဲကစားမႈကို ဖ်က္ဆီးျပမယ္လုိ႔ ေျပာခဲ့ပါတယ္။
ပြဲအၿပီးမွာလည္း အသင္းက ကၽြန္ေတာ့္ကို ဂုဏ္ျပဳခဲ့ပါတယ္။

အရွန္ဒီဂိုးလ္အသင္းနဲ႔ပြဲမွာ ကၽြန္ေတာ္တုိ႔အသင္း
၅-၁ ဂိုးနဲ႔အရံႈးေပးမယ္လုိ႔ ေျပာဆုိညွိႏိႈင္းေနၾကတာ ကၽြန္ေတာ္ ၾကားလုိက္ပါတယ္။
ကၽြန္ေတာ္လည္း ေလာင္းကစားကို သေဘာမက်လုိ႔
ဒီလိုမျဖစ္ေအာင္ လုပ္မယ္လို႔ ဆုံးျဖတ္ခဲ့တာပါ”လုိ႔ မူဆာက ေျပာပါတယ္။
အင္တာအသင္းက သူတုိ႔ လုပ္ပြဲကစားခဲ့တာမဟုတ္ေၾကာင္း

ေျဖရွင္းခ်က္ထုတ္ခဲ့ေပမယ့္ အသင္းကေတာ့ ဒုတိယတန္းကို
တန္းဆင္းျပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီး လုပ္ပြဲမွာပါ၀င္ခဲ့တဲ့
ကစားသမားေတြလည္း ျပစ္ဒဏ္အသီးသီးခ်မွတ္ခံခဲ့ရပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ရွိ မူဆာဟာ ၿပီးခဲ့တဲ့ႏွစ္က
ႏိုင္ဂ်ီးရီးယားကလပ္ ယူနီယံစပိုတစ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။