အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုရဲ့အေးဂျင့်တွေဟာ
ယူနိုက်တက်ရဲ့နည်းပါးလွန်းတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ တန်
စာချုပ်သစ်ကိုငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်
အရွယ်ကစားသမားလေးဟာ ဒီရာသီနည်းပြတန်ဟတ်ရဲ့
အသင်းအတွက် ၁၇ပွဲ ပါဝင်ကစားပေးထားပြီး အထင်ကြီးလောက်စရာ
ခြေစွမ်းပြသထားသလို သရဲနီတွေအတွက် ၃ဂိုးသွင်းပေးထား
နိုင်တာဖြစ်တယ်။ သူ့ရဲ့ကောင်းမွန်တဲ့ပုံစံကြောင့်
ယူနိုက်တက်ဟာစာချုပ်သစ်ချုပ်ဆိုဖို့ စိတ်အားထက်သန်
နေပါတယ်။ The Independent သတင်းစာရဲ့ဖော်ပြချက်အရတော့
ယူနိုက်တက်ဟာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ နဲ့ကမ်းလှမ်း
ထားတယ်လို့သိရပါတယ်။ ပြဿနာကတော့ ကစားသမားရဲ့
အေးဂျင့်တွေဘက်က ဒီပမာဏကမလုံလောက်ဘူးလို့
ယုံကြည်နေတာဖြစ်တယ်။ ဂါနာချိုဟာ ယူနိုက်တက်နဲ့
စာချုပ်သက်တမ်း ၁၈ လကျန်ရှိသူဖြစ်ပြီး လက်ရှိမှာ
တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀ သာရရှိနေပါတယ်။
လက်ရှိပုံစံအတိုင်းရှေ့ဆက်သွားနိုင်မယ်ဆိုရင်တော့
ဂါနာချိုဟာ ယူနိုက်တက်မှာ ပိုမိုကြီးမားတဲ့သဘော
တူညီချက်ကိုရယူနိုင်တယ်ဆိုတာကို ကစားသမားရဲ့
အေးဂျင့်ဖြစ်သူတွေဘက်က နားလည်ထားတာဖြစ်တယ်။
လက်ရှိမှာတော့ ဂါနာချိုရဲ့အနေအထားကို ရီးရဲလ်နဲ့
ဂျူဗင်တပ်တို့အပြင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကပါ
စောင့်ကြည့်နေတာပါ။ ချဲလ်ဆီးအသင်းဟာ ဂါနာချိုကို
ခေါ်ယူဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့
တွေ့ဆုံခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဆီမွန်ဖိလစ်က အသိပေးထားပါတယ်။
zawgyi
လုပ်ခလစာ နည်းပါးလွန်းတဲ့အတွက် ယူနိုက်တက်နဲ့ စာချုပ်သစ်ကိစ္စရပ်တွေကို ဂါနာချို ရပ်နားလိုက်ပြီ 😮