လီဝန်ဒေါစကီး ပြောင်းရွှေ့နိုင်တဲ့အသင်းဟာ မန်စီးတီးဖြစ်တယ်လို့ သူ့အေးဂျင့်ဖြစ်သူပြောခဲ့

မန်စီတီးဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးလီဝန်ဒေါစကီး ပြောင်းရွှေ့နိုင်တဲ့

အသင်းတစ်ခုဖြစ်တယ်ဆိုတာ သူ့အေးဂျင့်ဖြစ်သူက ပြောခဲ့ကြောင်း

သတင်းထွက်လာပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ

အပြောင်းအရွှေ့တုန်းက ဗဟိုတိုက်စစ်နေရာအတွက် တစပါးကြယ်ပွင့်

ဟယ်ရီကိန်းကို အထူးကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လီဝန်ဒေါစကီးကတော့ မန်စီးတီးနဲ့သတင်းထွက်နေတဲ့ နောက်ထပ်

ဗဟိုတိုက်စစ်မှုးဖြစ်ပြီး သူ့ကိုယ်စားလှယ်ဖြစ်သူ အေးဂျင့်ဇဟာဗီကလည်း

ငြင်းပယ်ခြင်းမရှိခဲ့တဲ့အတွက် မန်စီးတီးရဲ့မျှော်လင့်ချက်တွေ ပိုတိုးလာပါတယ်။

မန်စီးတီးဟာ သူ့ကစားသမားပြောင်းရွှေ့နိုင်တဲ့ နေရာတစ်ခုလို့ဇဟာဗီက

ယုံကြည်နေတဲ့အကြောင်း ဂျာမန်သတင်းစာ Sport Bild က ဖော်ပြခဲ့တာပါ။

မန်စီးတီးအနေနဲ့ အနာဂါတ်ကာလမှာ လီဝန်ဒေါစကီးကို စိတ်ဝင်စားမယ်ဆိုတာ

သေချာပေါက်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဂွါဒီယိုလာဟာ

ဘိုင်ယန်မြူးနစ်အသင်းကို ကိုယ်တွယ်စဉ်က လီဝန်ဒေါစကီးကို နည်းပြခဲ့ဖူးပြီး

အဲဒီဝါရင့်ပိုလန်သားဟာ မန်စီးတီးတိုက်စစ်ကို အကူအညီလည်း ဖြစ်စေနိုင်မှာပါ။

ကာယကံရှင်ကစားသမားကတော့ ဘိုင်ယန်နဲ့ ၂၀၂၃ နွေရာသီအထိ

စာချုပ်ရှိထားပေမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ကို လမ်းဖွင့်ထားတယ်လို့

နားလည်ရပါတယ်။ သူကိုယ်တိုင်ကလည်း ထိပ်တန်းအဆင့်မှာ နောက်ထပ်

၄ နှစ်ကြာ ကစားနိုင်ဖို့ ရည်မှန်းထားကြောင်း ဝန်ခံထားလို့ မန်စီးတီးဘက်က

တန်ဖိုးကြီးကမ်းလှမ်းမှုလုပ်မယ်ဆိုရင် ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာ ဘိုင်ယန်ကတော့ သူတို့ရဲ့စူပါစတားကစားသမားကို အသင်းကနေ

လက်လွှတ်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ လီဝန်ဒေါစကီးဟာ ဒီရာသီကစားခဲ့တဲ့

ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲမှာ ၁၃ ဂိုးသွင်းထားပြီး ၁ ဂိုးဖန်တီးပေးထားပါတယ်။

zawgyi

လီဝန္ေဒါစကီး ေျပာင္းေ႐ႊ႕ႏိုင္တဲ့အသင္းဟာ မန္စီးတီးျဖစ္တယ္လို႔ သူ႔ေအးဂ်င့္ျဖစ္သူေျပာခဲ့

မန္စီတီးဟာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႈးလီဝန္ေဒါစကီး ေျပာင္းေ႐ႊ႕ႏိုင္တဲ့

အသင္းတစ္ခုျဖစ္တယ္ဆိုတာ သူ႔ေအးဂ်င့္ျဖစ္သူက ေျပာခဲ့ေၾကာင္း

သတင္းထြက္လာပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီ

အေျပာင္းအေ႐ႊ႕တုန္းက ဗဟိုတိုက္စစ္ေနရာအတြက္ တစပါးၾကယ္ပြင့္

ဟယ္ရီကိန္းကို အထူးႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

လီဝန္ေဒါစကီးကေတာ့ မန္စီးတီးနဲ႔သတင္းထြက္ေနတဲ့ ေနာက္ထပ္

ဗဟိုတိုက္စစ္မႈးျဖစ္ၿပီး သူ႔ကိုယ္စားလွယ္ျဖစ္သူ ေအးဂ်င့္ဇဟာဗီကလည္း

ျငင္းပယ္ျခင္းမရွိခဲ့တဲ့အတြက္ မန္စီးတီးရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ပိုတိုးလာပါတယ္။

မန္စီးတီးဟာ သူ႔ကစားသမားေျပာင္းေ႐ႊ႕ႏိုင္တဲ့ ေနရာတစ္ခုလို႔ဇဟာဗီက

ယုံၾကည္ေနတဲ့အေၾကာင္း ဂ်ာမန္သတင္းစာ Sport Bild က ေဖာ္ျပခဲ့တာပါ။

မန္စီးတီးအေနနဲ႔ အနာဂါတ္ကာလမွာ လီဝန္ေဒါစကီးကို စိတ္ဝင္စားမယ္ဆိုတာ

ေသခ်ာေပါက္ျဖစ္ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။ တကယ္ေတာ့ ဂြါဒီယိုလာဟာ

ဘိုင္ယန္ျမဴးနစ္အသင္းကို ကိုယ္တြယ္စဥ္က လီဝန္ေဒါစကီးကို နည္းျပခဲ့ဖူးၿပီး

အဲဒီဝါရင့္ပိုလန္သားဟာ မန္စီးတီးတိုက္စစ္ကို အကူအညီလည္း ျဖစ္ေစႏိုင္မွာပါ။

ကာယကံရွင္ကစားသမားကေတာ့ ဘိုင္ယန္နဲ႔ ၂၀၂၃ ေႏြရာသီအထိ

စာခ်ဳပ္ရွိထားေပမယ့္ ပရီးမီးယားလိဂ္မွာ ကစားဖို႔ကို လမ္းဖြင့္ထားတယ္လို႔

နားလည္ရပါတယ္။ သူကိုယ္တိုင္ကလည္း ထိပ္တန္းအဆင့္မွာ ေနာက္ထပ္

၄ ႏွစ္ၾကာ ကစားႏိုင္ဖို႔ ရည္မွန္းထားေၾကာင္း ဝန္ခံထားလို႔ မန္စီးတီးဘက္က

တန္ဖိုးႀကီးကမ္းလွမ္းမႈလုပ္မယ္ဆိုရင္ ျဖစ္လာႏိုင္ပါတယ္။

တစ္ဖက္မွာ ဘိုင္ယန္ကေတာ့ သူတို႔ရဲ႕စူပါစတားကစားသမားကို အသင္းကေန

လက္လႊတ္ဖို႔ ဆႏၵရွိမွာ မဟုတ္ပါဘူး။ လီဝန္ေဒါစကီးဟာ ဒီရာသီကစားခဲ့တဲ့

ၿပိဳင္ပြဲအရပ္ရပ္ ၁၀ ပြဲမွာ ၁၃ ဂိုးသြင္းထားၿပီး ၁ ဂိုးဖန္တီးေပးထားပါတယ္။