လီဝန်ဒေါစကီးရဲ့ ပေါင် ၅၉,၀၀၀ တန် နာရီကို ဘယ်သူမသွားတာလဲ

ဘာစီလိုနာတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးဟာ သူ့ရဲ့ ပေါင် ၅၉,၀၀၀ တန် နာရီကိုအခိုးခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘာစီလိုနာနဲ့ လေ့ကျင့်ရေးမဆင်းခင် ကွင်းအပြင်ဘက်မှာ

ပရိသတ်တွေကိုနှုတ်ဆက်နေစဉ် အခိုးခံလိုက်ရတာပါ။ အဲဒီသူခိုးဟာ ပရိသတ်တွေကို လီဝန်ဒေါစကီး နှုတ်ဆက်နေစဉ် ကားတံခါးဖွင့်ပြီး ပိုလန် အမှတ်တံဆိပ်ရေးထိုးထားတဲ့ နာရီကို ယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က သံသယရှိသူကို အမြန်ဆုံးဖမ်းဆီးနိုင်ခဲ့ပြီးနောက် လီဝန်ဒေါစကီးရဲ့ နာရီကို ပြန်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီမှဘာစီလိုနာကိုရောက်လာသူဖြစ်ပြီး

ပတ်ဝန်းကျင်နဲ့ စိမ်းနေတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဗယ်လီကာနိုနဲ့ကစားခဲ့တဲ့ ရာသီသစ်အဖွင့်ပွဲမှာ ဘာစီလိုနာအတွက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် စပိန်မီဒီယာတွေရဲ့ ဖိအားပေးမှုကို

ခံထားရသူလည်းဖြစ်ပါတယ်။ လီဝန်ဒေါစကီး ကိုယ်တိုင်ကလည်း ဗယ်လီ ကာနိုနဲ့ပွဲဟာ သူ့အတွက်ခက်ခဲပြီး ကစားသမား ခြောက်ယောက်လောက်ဝိုင်းပြီး လူကပ်ကစားတာမျိုးကို တစ်ခါမှမကြုံဖူးဘူးလို့

ဖွင့်ဟထားခဲ့တာပါ။ ဒီလိုကစားနည်းဟာ ဘောလုံးကစားနည်းကိုဆန့်ကျင်ရာရောက်ပြီး လာလီဂါမှာ ဗယ်လီကာနိုတစ်သင်းပဲရှိမယ်လို့ မျှော်လင့်တယ်လို့လည်း ဝေဖန်ထားခဲ့တာဖြစ်ပါတယ်။

(zawgyi)

ဘာစီလိုနာတိုက္စစ္မႉးသစ္ လီဝန္ေဒါစကီးဟာ သူ႔ရဲ႕ ေပါင္ ၅၉,၀၀၀ တန္ နာရီကိုအခိုးခံလိုက္ရပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ဘာစီလိုနာနဲ႔ ေလ့က်င့္ေရးမဆင္းခင္ ကြင္းအျပင္ဘက္မွာ

ပရိသတ္ေတြကိုႏႈတ္ဆက္ေနစဥ္ အခိုးခံလိုက္ရတာပါ။ အဲဒီသူခိုးဟာ ပရိသတ္ေတြကို လီဝန္ေဒါစကီး ႏႈတ္ဆက္ေနစဥ္ ကားတံခါးဖြင့္ၿပီး ပိုလန္ အမွတ္တံဆိပ္ေရးထိုးထားတဲ့ နာရီကို ယူသြားခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ရဲတပ္ဖြဲ႕က သံသယရွိသူကို အျမန္ဆုံးဖမ္းဆီးႏိုင္ခဲ့ၿပီးေနာက္ လီဝန္ေဒါစကီးရဲ႕ နာရီကို ျပန္ေပးႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။ လီဝန္ေဒါစကီးဟာ ဒီရာသီမွဘာစီလိုနာကိုေရာက္လာသူျဖစ္ၿပီး

ပတ္ဝန္းက်င္နဲ႔ စိမ္းေနတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ ဗယ္လီကာႏိုနဲ႔ကစားခဲ့တဲ့ ရာသီသစ္အဖြင့္ပြဲမွာ ဘာစီလိုနာအတြက္ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္

စပိန္မီဒီယာေတြရဲ႕ ဖိအားေပးမႈကို ခံထားရသူလည္းျဖစ္ပါတယ္။ လီဝန္ေဒါစကီး ကိုယ္တိုင္ကလည္း ဗယ္လီ ကာႏိုနဲ႔ပြဲဟာ သူ႔အတြက္ခက္ခဲၿပီး ကစားသမား ေျခာက္ေယာက္ေလာက္ဝိုင္းၿပီး

လူကပ္ကစားတာမ်ိဳးကို တစ္ခါမွမႀကဳံဖူးဘူးလို႔ ဖြင့္ဟထားခဲ့တာပါ။ ဒီလိုကစားနည္းဟာ ေဘာလုံးကစားနည္းကိုဆန႔္က်င္ရာေရာက္ၿပီး လာလီဂါမွာ ဗယ္လီကာႏိုတစ္သင္းပဲရွိမယ္လို႔ ေမွ်ာ္လင့္တယ္လို႔လည္း ေဝဖန္ထားခဲ့တာျဖစ္ပါတယ္။