
ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့လက်ရှိတိုက်စစ်မှူး လီဝန်ဒေါစကီး
တစ်ယောက်အနာဂတ်မသေချာတော့လို့ သူ့ကိုရောင်းချ ပြီး ဟာလန်းကို
ဝယ်ယူဖို့ကြံစည်နေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြပါတယ်။ ပိုလန်
လက်ရွေးစင်ဖြစ်တဲ့ လီဝန်ဒေါစကီးဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပေမယ့်
ခြေစွမ်းပြကာ ဂိုးတွေသွင်းနေဆဲဖြစ်ပြီး သူ့ရဲ့ဘိုင်ယန်နဲ့စာချုပ်သက်တမ်းက
လည်း ၂၀၂၃ အထိ ရှိထားပါတယ်။
လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းတိုးလိုပေမယ့်
ကလပ်ဘက်ကသူ့အသက်အရွယ်ကြောင့် စာချုပ် သစ်ချုပ်ဖို့ တုံ့ဆိုင်းနေ
တာကြောင့် ဒီပိုလန်သားကအသင်းကနေထွက်ခြင်နေတာပါ။
သူတို့ကြားမှာစာချုပ်သစ်ဆွေးနွေးမှုအဆင် မပြေဘူးဆိုရင် လာမယ့်
နွေရာသီမှာ လီဝန်ဒေါစကီးကိုရောင်းချပြီး ဟာလန်းကိုခေါ်ယူဖို့ဘိုင်ယန်က
ကြိုးစားလာမှာဖြစ်ပါတယ်။ ဘိုင်ယန်အနေနဲ့ လီဝန်ဒေါစကီးကိုရောင်းချရင်
ပေါင် ၅၁ သန်းအထိရမယ်လို့ ခန့်မှန်းထားတာကြောင့် ဟာလန်းကိုခေါ်ယူဖို့
အတွက် အိတ်ထဲကနေဘယ်လောက်မှစိုက်ရမှာမဟုတ်ပါဘူး။ ဟာလန်းရဲ့
ဒေါ့မန်နဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးကပေါင် ၆၄ သန်းသာဖြစ်တာ
ကြောင့် ဘိုင်ယန်ဘက်က အလွန်ဆုံးပေါင် ၁၄ သန်းထက်ပိုစိုက်ရဖွယ်မရှိဘူး
လို့လည်း သိရပါတယ်။ လီဝန် ဒေါစကီးဟာဒီရာသီမှာဘိုင်ယန်အတွက်ပြိုင်ပွဲ
အရပ်ရပ် ၂၉ ဂိုးသွင်းကာခြေစွမ်းပြနေသူဖြစ်လို့ သူ့ကိုဆုံးရှုံးရင်ဘိုင်ယန်အတွက်
အစားထိုးရနိုင်မှာမဟုတ်ပေမယ့် အသက် ၂၁ နှစ်သာရှိသေးတဲ့ ဟာလန်းရဲ့
ဂိုးသွင်းစွမ်းရည်ကလည်းအရမ်းကိုမြင့်မားလို့ အချိန် တိုအတွင်းမှာတင်
ဘိုင်ယန်အနေနဲ့ဂိုးသွင်းစက်တစ်လုံးကိုအစားထိုးနိုင်မယ်လို့လည်း ဂျာမနီ
သတင်းတွေမှာဖော်ပြပါတယ်။
ဟာလန်းဟာ ဒီရာသီမှာဒေါ့မန်အတွက်ပြိုင်ပွဲစုံ
၁၄ ပွဲမှာ ၁၇ ဂိုးသွင်းထားတာကြောင့် ဒေါ့မန်ကိုရောက်ပြီးနောက်ပိုင်းမှာသူဟာ
၇၃ ပွဲ ကစားပြီး ၇၄ ဂိုးအထိရရှိထားပြီးဖြစ်လို့ သူ့ရဲ့ဂိုးသွင်းစွမ်းရည်မြင့်မားမှုကို
မှန်းဆနိုင်မှာဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဒီရာသီချန်ပီယံ လိဂ်ကနေပြုတ်ပြီး
ယူရိုပါလိဂ်ကိုရောက်ရှိသွားမှုမှာလည်း ဟာလန်းဒဏ်ရာရလို့နားနေရမှုနဲ့
အများကြီးသက်ဆိုင်ပြီး ပုံမှန်ဂိုး သွင်းမယ့်သူမရှိလို့ အခုလိုအခြေအနေ
ကြုံခဲ့ရတာဖြစ်ပါတယ်။
Zawgyi
ဘိုင္ယန္ျမဴးနစ္အသင္းဟာ သူတို႔ရဲ႕လက္ရွိတိုက္စစ္မႉး လီဝန္ေဒါစကီး
တစ္ေယာက္အနာဂတ္မေသခ်ာေတာ့လို႔ သူ႔ကိုေရာင္းခ် ၿပီး ဟာလန္းကို
ဝယ္ယူဖို႔ႀကံစည္ေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပပါတယ္။ ပိုလန္
လက္ေ႐ြးစင္ျဖစ္တဲ့ လီဝန္ေဒါစကီးဟာ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္ေပမယ့္
ေျခစြမ္းျပကာ ဂိုးေတြသြင္းေနဆဲျဖစ္ၿပီး သူ႔ရဲ႕ဘိုင္ယန္နဲ႔စာခ်ဳပ္သက္တမ္းက
လည္း ၂၀၂၃ အထိ ရွိထားပါတယ္။
လီဝန္ေဒါစကီးဟာ ဘိုင္ယန္နဲ႔စာခ်ဳပ္သက္တမ္းတိုးလိုေပမယ့္
ကလပ္ဘက္ကသူ႔အသက္အ႐ြယ္ေၾကာင့္ စာခ်ဳပ္ သစ္ခ်ဳပ္ဖို႔ တုံ႔ဆိုင္းေန
တာေၾကာင့္ ဒီပိုလန္သားကအသင္းကေနထြက္ျခင္ေနတာပါ။
သူတို႔ၾကားမွာစာခ်ဳပ္သစ္ေဆြးေႏြးမႈအဆင္ မေျပဘူးဆိုရင္ လာမယ့္
ေႏြရာသီမွာ လီဝန္ေဒါစကီးကိုေရာင္းခ်ၿပီး ဟာလန္းကိုေခၚယူဖို႔ဘိုင္ယန္က
ႀကိဳးစားလာမွာျဖစ္ပါတယ္။ ဘိုင္ယန္အေနနဲ႔ လီဝန္ေဒါစကီးကိုေရာင္းခ်ရင္
ေပါင္ ၅၁ သန္းအထိရမယ္လို႔ ခန႔္မွန္းထားတာေၾကာင့္ ဟာလန္းကိုေခၚယူဖို႔
အတြက္ အိတ္ထဲကေနဘယ္ေလာက္မွစိုက္ရမွာမဟုတ္ပါဘူး။ ဟာလန္းရဲ႕
ေဒါ့မန္နဲ႔စာခ်ဳပ္ထဲမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးကေပါင္ ၆၄ သန္းသာျဖစ္တာ
ေၾကာင့္ ဘိုင္ယန္ဘက္က အလြန္ဆုံးေပါင္ ၁၄ သန္းထက္ပိုစိုက္ရဖြယ္မရွိဘူး
လို႔လည္း သိရပါတယ္။ လီဝန္ ေဒါစကီးဟာဒီရာသီမွာဘိုင္ယန္အတြက္ၿပိဳင္ပြဲ
အရပ္ရပ္ ၂၉ ဂိုးသြင္းကာေျခစြမ္းျပေနသူျဖစ္လို႔ သူ႔ကိုဆုံးရႈံးရင္ဘိုင္ယန္အတြက္
အစားထိုးရႏိုင္မွာမဟုတ္ေပမယ့္ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဟာလန္းရဲ႕
ဂိုးသြင္းစြမ္းရည္ကလည္းအရမ္းကိုျမင့္မားလို႔ အခ်ိန္ တိုအတြင္းမွာတင္
ဘိုင္ယန္အေနနဲ႔ဂိုးသြင္းစက္တစ္လုံးကိုအစားထိုးႏိုင္မယ္လို႔လည္း ဂ်ာမနီ
သတင္းေတြမွာေဖာ္ျပပါတယ္။
ဟာလန္းဟာ ဒီရာသီမွာေဒါ့မန္အတြက္ၿပိဳင္ပြဲစုံ
၁၄ ပြဲမွာ ၁၇ ဂိုးသြင္းထားတာေၾကာင့္ ေဒါ့မန္ကိုေရာက္ၿပီးေနာက္ပိုင္းမွာသူဟာ
၇၃ ပြဲ ကစားၿပီး ၇၄ ဂိုးအထိရရွိထားၿပီးျဖစ္လို႔ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ျမင့္မားမႈကို
မွန္းဆႏိုင္မွာျဖစ္ပါတယ္။ ေဒါ့မန္ဟာ ဒီရာသီခ်န္ပီယံ လိဂ္ကေနျပဳတ္ၿပီး
ယူ႐ိုပါလိဂ္ကိုေရာက္ရွိသြားမႈမွာလည္း ဟာလန္းဒဏ္ရာရလို႔နားေနရမႈနဲ႔
အမ်ားႀကီးသက္ဆိုင္ၿပီး ပုံမွန္ဂိုး သြင္းမယ့္သူမရွိလို႔ အခုလိုအေျခအေန
ႀကဳံခဲ့ရတာျဖစ္ပါတယ္။