လီဝန်ဒေါစကီးကို စတေးဖို့စဥ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်

လီဝန်ဒေါစကီးကို စတေးဖို့စဥ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေ့ါမွန်လူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကို

ခေါ်ယူနိုင်ဖို့အတွက် အနာဂတ်မသေချာဖြစ်နေတဲ့ သူတို့အသင်းရဲ့

ပိုလန်ဝါရင့်တိုက်စစ်မှူးလီဝန်ဒေါစကီးကို ရောင်းချငွေရှာဖို့

ပြင်ဆင်နေတယ်ဆိုပြီးတော့ ဂျာမန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

လီဝန်ဒေါစကီးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိကျန်ရှိနေပြီး

ကာယကံရှင်က အသင်းနဲ့စာချုပ်သက်တမ်းတိုးလိုပေမယ့်

ဘိုင်ယန်မြူးနစ်အသင်းဘက်က အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့

တိုက်စစ်မှူးတစ်ဦးကို အလျင်စလိုစာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဘဲ

တကယ်လို့အဆင်မပြေဖြစ်ခဲ့ရင်တော့ လာမယ့်နွေရာသီကျရင်

ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက်

အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံမှာ

(၂၉)ဂိုးသွင်းယူထားသလို ဒီနှစ် Ballon d’Or ဆုအတွက်

အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဟာလန်းကိုခေါ်ယူနိုင်ဖို့အတွက်

လီဝန်ဒေါစကီးကို စတေးခံသွားဖို့ရှိနေပါပြီ။ နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူး

ဟာလန်းရဲ့စာချုပ်လျော်ကြေးက လာမယ့်နှစ်၊ နွေရာသီကျရင်

ပေါင်(၆၄)သန်းသာရှိတော့မှာဖြစ်လို့ ဘိုင်ယန်မြူးနစ်အပါအဝင်

ဥရောပထိပ်သီးကလပ်အသင်းတွေက ဟာလန်းကိုခေါ်ယူဖို့အပြိုင်

ကြိုးစားသွားဖို့ရှိနေတာပါ။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့

ဟာလန်းဟာ ဒီရာသီမှာ (၁၄)ပွဲကစား၊ (၁၇)ဂိုးသွင်းထားပြီး

ဒေ့ါမွန်ကစားသမားဘဝတစ်လျှောက် (၇၃)ပွဲကစား၊ (၇၄)ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးကို ရောင်းချတာကနေ

ပေါင်(၅၁)သန်းလောက်အထိရမယ်လို့ မျှော်လင့်ထားပြီး

နောက်ထပ်ငွေအနည်းငယ်သာ လိုအပ်မှာဖြစ်လို့ ဟာလန်းကို

ကမ်းလှမ်းဖို့အတွက် ပြဿနာမရှိနိုင်ဘူးလို့

ဂျာမန်နာမည်ကျော်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။