လီဗိုင်းနဲ့ စပါးအသင်းပိုင်ရှင်တို့ ပရိသတ်တွေရဲ့ ဒေါသအမျက်ရှခံရပြီး အသင်းကနေ ထွက်သွားဖို့ ဖိအားပေးခံနေရ

ယမန်နေ့က စပါးအသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ

အန်တိုနီယိုရူဒီဂါရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်

ကာရာဘောင်ဖလားရဲ့ဗိုလ်လုပွဲကြီးကို တက်လှမ်းသွားခဲ့ပါတယ်။

စပါးဟာ ဒုတိယအကျော့ကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့သလို၊ပထမအကျော့ကိုလည်း

၂-၀ ဖြင့် အရေးနိမ့်ထားခဲ့သေးတာကြောင့် နှစ်ကျော့ပေါင်း ၃-၀ ဆိုတဲ့

ရလဒ်ဖြင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

စပါးပရိသတ်တွေကတော့ ကာရာဘောင်း ဆီမီးဖိုင်နယ်ကို အရေးနိမ့်အပြီး

#LevyOut နဲ့ #ENICOut တို့ကို တွစ်တာ trending အဖြစ်

ဖန်တီးပြီး သူတို့ရဲ့ ဒေါသကို ဖော်ပြလာခဲ့ကြပြီဖြစ်ပါတယ်။

စပါးပရိသတ်တွေက ၁၄ နှစ်ကြာ ဝေးကွားနေတဲ့ ဆုဖလား တစ်ကျော့ပြန်ရဖို့

ကလပ်ဥက္ကဋ္ဌ လီဗိုင်းကော၊ အသင်းပိုင်ရှင် ENIC Group ကပါ

စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆလာခဲ့ကြပါတယ်။

စပါးပရိသတ် တစ်ဦးက ” ဒီပွဲက ပိုင်ရှင်နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြနေပါတယ်။

တစ်ယောက်က ဆုဖလား ပိုင်ဆိုင်မှုကို အောင်မြင်မှု

အဆင့်အတန်းအဖြစ် မှတ်ယူထားသူ၊

တစ်ယောက်ကတော့ ကလပ်ကို ပိုင်ဆိုင်ထားတာကို

ဆုဖလား ပိုင်ဆိုင်သလို မှတ်ယူထားသူပါ။

အသင်းရဲ့ လက်ရှိ အနေအထားကနေ ထွက်ခွာပြီး

ပိုပြီး ရင်းနှီးမြုပ်နှံလိုသူကို အစားထိုးလိုက်ပါ။

#ENICOut #LevyOut ” ဆိုပြီး ဖော်ပြခဲ့တယ်။

အခြားတစ်ဦးကလည်း ” ကွင်းတွင်း ကွင်းပြင် ငါတို့ ဘယ်လောက်တောင်

လုပ်ဆောင်ဖို့တွေ လိုနေသေးလဲဆိုတာ ပြသခြင်းပါပဲ။

နောက်ထပ် ဈေးကွက်တစ်ခုမှာ အိပ်မောကျရင်း ကျော်ဖြတ်နေရပြန်ပါပြီ။

စိတ်လှုပ်ရှားစရာ ဘာ ေ-ာက် ကောလဟာလတွေမှတောင် ထွက်မလာဘူးကွာ။

#BackConte #LevyOut ” လို့ ရေးသားခဲ့ပါတယ်။

အခြားတစ်ဦးကလည်း ” ကွန်တီကို အပြစ်မတင်ပါနဲ့

ဒီဘုတ်အဖွဲ့ ဒီပိုင်ရှင်နဲ့အတူ သူလက်တွဲ လုပ်နေရတာကိုက

ဟာလာကြီးကို ဖြစ်လို့..။ #ENICOut #LevyOut ” ဆိုပြီး ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi

လီဗိုင္းနဲ႔ စပါးအသင္းပိုင္ရွင္တို႔ ပရိသတ္ေတြရဲ႕ ေဒါသအမ်က္ရွခံရၿပီး အသင္းကေန ထြက္သြားဖို႔ ဖိအားေပးခံေနရ

ယမန္ေန႔က စပါးအသင္းရဲ႕အိမ္ကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းဟာ

အန္တိုနီယို႐ူဒီဂါရဲ႕တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္

ကာရာေဘာင္ဖလားရဲ႕ဗိုလ္လုပြဲႀကီးကို တက္လွမ္းသြားခဲ့ပါတယ္။

စပါးဟာ ဒုတိယအေက်ာ့ကို ၁-၀ ျဖင့္ အေရးနိမ့္ခဲ့သလို၊ပထမအေက်ာ့ကိုလည္း

၂-၀ ျဖင့္ အေရးနိမ့္ထားခဲ့ေသးတာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ၃-၀ ဆိုတဲ့

ရလဒ္ျဖင့္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

စပါးပရိသတ္ေတြကေတာ့ ကာရာေဘာင္း ဆီမီးဖိုင္နယ္ကို အေရးနိမ့္အၿပီး

#LevyOut နဲ႔ #ENICOut တို႔ကို တြစ္တာ trending အျဖစ္

ဖန္တီးၿပီး သူတို႔ရဲ႕ ေဒါသကို ေဖာ္ျပလာခဲ့ၾကၿပီျဖစ္ပါတယ္။

စပါးပရိသတ္ေတြက ၁၄ ႏွစ္ၾကာ ေဝးကြားေနတဲ့ ဆုဖလား တစ္ေက်ာ့ျပန္ရဖို႔

ကလပ္ဥကၠ႒ လီဗိုင္းေကာ၊ အသင္းပိုင္ရွင္ ENIC Group ကပါ

စြမ္းေဆာင္ႏိုင္မွာ မဟုတ္ဘူးလို႔ ယူဆလာခဲ့ၾကပါတယ္။

စပါးပရိသတ္ တစ္ဦးက ” ဒီပြဲက ပိုင္ရွင္ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းကို ေျပာျပေနပါတယ္။

တစ္ေယာက္က ဆုဖလား ပိုင္ဆိုင္မႈကို ေအာင္ျမင္မႈ

အဆင့္အတန္းအျဖစ္ မွတ္ယူထားသူ၊

တစ္ေယာက္ကေတာ့ ကလပ္ကို ပိုင္ဆိုင္ထားတာကို

ဆုဖလား ပိုင္ဆိုင္သလို မွတ္ယူထားသူပါ။

အသင္းရဲ႕ လက္ရွိ အေနအထားကေန ထြက္ခြာၿပီး

ပိုၿပီး ရင္းႏွီးျမဳပ္ႏွံလိုသူကို အစားထိုးလိုက္ပါ။

#ENICOut #LevyOut ” ဆိုၿပီး ေဖာ္ျပခဲ့တယ္။

အျခားတစ္ဦးကလည္း ” ကြင္းတြင္း ကြင္းျပင္ ငါတို႔ ဘယ္ေလာက္ေတာင္

လုပ္ေဆာင္ဖို႔ေတြ လိုေနေသးလဲဆိုတာ ျပသျခင္းပါပဲ။

ေနာက္ထပ္ ေဈးကြက္တစ္ခုမွာ အိပ္ေမာက်ရင္း ေက်ာ္ျဖတ္ေနရျပန္ပါၿပီ။

စိတ္လႈပ္ရွားစရာ ဘာ ေ-ာက္ ေကာလဟာလေတြမွေတာင္ ထြက္မလာဘူးကြာ။

#BackConte #LevyOut ” လို႔ ေရးသားခဲ့ပါတယ္။

အျခားတစ္ဦးကလည္း ” ကြန္တီကို အျပစ္မတင္ပါနဲ႔

ဒီဘုတ္အဖြဲ႕ ဒီပိုင္ရွင္နဲ႔အတူ သူလက္တြဲ လုပ္ေနရတာကိုက

ဟာလာႀကီးကို ျဖစ္လို႔..။ #ENICOut #LevyOut ” ဆိုၿပီး ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။