လီဗာဗူးနဲ့စီးချင်းထိုးမယ့်ပွဲမှာ ကက်စ်မီရိုတစ်ယောက် ဘာကြောင့် ကစားခွင့် မရတာလဲ

ရီးရဲလ်ကွင်းလယ်လူ ကက်စ်မီရိုကို မန်ယူက ပေါင်သန်း ၆၀ ဆိုတဲ့ ပြောင်း ရွှေ့ကြေးနဲ့ အမိအရ ခေါ်ယူနိုင်ခဲ့တဲ့ဟာ ဒီ weekend အတွက်တော့ အလှုပ် ခတ်ဆုံးသတင်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ

ပေါင်သန်း ၇၀ အထိ တိုးမြှင့်ခွင့်ရှိနေတယ်လို့လည်း သိရပါတယ်။ အသင်းကို ရောက်လာပြီဖြစ်တာကြောင့် မန်ယူရဲ့ တချို့ပရိသတ်တွေလည်း ကက်စ်မီ ရိုဝတ်ဆင်ကစားမယ့် ကျောနံပါတ်ကို စိတ်ဝင်စားနေပြီး

အွန်လိုင်းကနေတစ်ဆင့် မန်ယူဂျာစီတွေ အော်ဒါမှာယူဖို့အထိ စိုင်းပြင်းနေကြပါပြီ။ ဒါ့အပြင် ပရိသတ်အများစုကတော့ လာမယ့် တနင်္လာနေ့မှာ ကစားမယ့် လီဗာပူးနဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ ကက်စ်မီရိုကို တွေ့ချင်မြင်ချင်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ သရဲနီပရိသတ်တွေရဲ့ ဆုတောင်းကို ဘုရားသခင် ခွင့်မပြုခဲ့ပါဘူး။ ဒီအတွက် ကြိုးကြာနီတွေကို ဧည့်ခံရမယ့် ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ဘဲ ဆောက်သမ်တန်နဲ့ ကစားမယ့် ပွဲစဉ်ကျမှသာ မန်ယူအတွက် ပါဝင်ကစားခွင့် ရနိုင်မှာဖြစ်ပါတယ်။

အဓိက အကြောင်းအရင်းကတော့ လီဗာပူးနဲ့ ပွဲစဉ်အတွက် ကစားခွင့်ရဖို့ စာရင်းသွင်းရမယ့် နောက်ဆုံးအချိန်ကို ကျော်လွန်သွားခဲ့ပြီး စာရွက်စာတမ်းကိစ္စတွေကို အချိန်မီ စာရင်းမသွင်းနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။

ကက်စ်မီရိုရဲ့ အပြောင်း အရွှေ့ကိစ္စမှာ အရေးပါတဲ့ အချက်တစ်ချက်က ဗြိတိန်ပြည်ဝင်ခွင့် ဗီဇာဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။ ကက်စ်မီရိုဟာ လာမယ့် ၄၈ နာရီ အတွင်း မန်ချက်စတာမြို့ကို ရောက်လာဖို့ ရှိနေပြီး စာရွက်စာတမ်းကိစ္စတွေကို အပြီးသတ်

ဆောင်ရွက်ဖို့ ရှိနေပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးသားဟာ ရီးရဲလ်နဲ့အတူ ၈ ရာသီကြာ ဖြတ်သန်းကျင်လည်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် အဓိက ဆုဖလားပေါင်း ၁၈ ခုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရီးရဲလ်အတွက် ၃၃၆ ပွဲကစားပြီး ၃၁ ဂိုး သွင်း နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ကက်စ်မီရိုရဲ့ မန်ယူနဲ့ စာချုပ်သက်တမ်းက ၄ နှစ်ဖြစ်ပြီး အပိုထပ်ဆောင်း တစ်နှစ်ထပ်တိုးခွင့်ရှိတယ် လို့လည်း သိရပါတယ်။

(zawgyi)

ရီးရဲလ္ကြင္းလယ္လူ ကက္စ္မီ႐ိုကို မန္ယူက ေပါင္သန္း ၆၀ ဆိုတဲ့ ေျပာင္း ေ႐ႊ႕ေၾကးနဲ႔ အမိအရ ေခၚယူႏိုင္ခဲ့တဲ့ဟာ ဒီ weekend အတြက္ေတာ့ အလႈပ္ ခတ္ဆုံးသတင္းျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ

ေပါင္သန္း ၇၀ အထိ တိုးျမႇင့္ခြင့္ရွိေနတယ္လို႔လည္း သိရပါတယ္။ အသင္းကို ေရာက္လာၿပီျဖစ္တာေၾကာင့္ မန္ယူရဲ႕ တခ်ိဳ႕ပရိသတ္ေတြလည္း ကက္စ္မီ ႐ိုဝတ္ဆင္ကစားမယ့္ ေက်ာနံပါတ္ကို စိတ္ဝင္စားေနၿပီး အြန္လိုင္းကေနတစ္ဆင့္ မန္ယူဂ်ာစီေတြ ေအာ္ဒါမွာယူဖို႔အထိ

စိုင္းျပင္းေနၾကပါၿပီ။ ဒါ့အျပင္ ပရိသတ္အမ်ားစုကေတာ့ လာမယ့္ တနလၤာေန႔မွာ ကစားမယ့္ လီဗာပူးနဲ႔ အဂၤလန္ဒါဘီပြဲစဥ္မွာ ကက္စ္မီ႐ိုကို ေတြ႕ခ်င္ျမင္ခ်င္ေနၾကၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ သရဲနီပရိသတ္ေတြရဲ႕ ဆုေတာင္းကို ဘုရားသခင္ ခြင့္မျပဳခဲ့ပါဘူး။

ဒီအတြက္ ႀကိဳးၾကာနီေတြကို ဧည့္ခံရမယ့္ ပြဲစဥ္မွာ ပါဝင္ကစားခြင့္ရမွာ မဟုတ္ဘဲ ေဆာက္သမ္တန္နဲ႔ ကစားမယ့္ ပြဲစဥ္က်မွသာ မန္ယူအတြက္ ပါဝင္ကစားခြင့္ ရႏိုင္မွာျဖစ္ပါတယ္။ အဓိက အေၾကာင္းအရင္းကေတာ့ လီဗာပူးနဲ႔ ပြဲစဥ္အတြက္ ကစားခြင့္ရဖို႔

စာရင္းသြင္းရမယ့္ ေနာက္ဆုံးအခ်ိန္ကို ေက်ာ္လြန္သြားခဲ့ၿပီး စာ႐ြက္စာတမ္းကိစၥေတြကို အခ်ိန္မီ စာရင္းမသြင္းႏိုင္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ The Sun သတင္းစာက ေဖာ္ျပပါတယ္။ ကက္စ္မီ႐ိုရဲ႕ အေျပာင္း အေ႐ႊ႕ကိစၥမွာ အေရးပါတဲ့

အခ်က္တစ္ခ်က္က ၿဗိတိန္ျပည္ဝင္ခြင့္ ဗီဇာဆိုတဲ့ အခ်က္လည္း ပါဝင္ေနပါတယ္။ ကက္စ္မီ႐ိုဟာ လာမယ့္ ၄၈ နာရီ အတြင္း မန္ခ်က္စတာၿမိဳ႕ကို ေရာက္လာဖို႔ ရွိေနၿပီး စာ႐ြက္စာတမ္းကိစၥေတြကို အၿပီးသတ္ ေဆာင္႐ြက္ဖို႔ ရွိေနပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဘရာဇီးသားဟာ ရီးရဲလ္နဲ႔အတူ ၈ ရာသီၾကာ ျဖတ္သန္းက်င္လည္ခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္ အပါအဝင္ အဓိက ဆုဖလားေပါင္း ၁၈ ခုအထိ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ရီးရဲလ္အတြက္ ၃၃၆ ပြဲကစားၿပီး ၃၁ ဂိုး သြင္း ႏိုင္ခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ကက္စ္မီ႐ိုရဲ႕ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္းက ၄ ႏွစ္ျဖစ္ၿပီး အပိုထပ္ေဆာင္း တစ္ႏွစ္ထပ္တိုးခြင့္ရွိတယ္ လို႔လည္း သိရပါတယ္။