လီဗာပူး ဖလား ၄လုံးချန်ပီယံဖြစ်နိုင်ကြောင်း ဝန်ခံဖို့ အင်တင်တင်ဖြစ်နေတဲ့ ယူနိုက်တက်ဂန္ထဝင် ဖာဒီနန်

ယူနိုက်တက်အသင်း ဂန္ထဝင်နောက်ခံလူ

ရီယိုဖာဒီနန်ဟာ ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို
ကျော်ဖြတ်ကာ လီဗာပူးအသင်း ကွာတားဖိုင်နယ်
တက်ရောက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့
ခါးသီးပြိုင်ဘက်ကြီး လီဗာပူးအသင်း ယခုရာသီမှာ
ဖလား ၄လုံး ရနိုင်တယ်ဆိုတဲ့အကြောင်း ဝန်ခံဖို့

အင်တင်တင်ဖြစ်နေပြီး နောက်ပြောင်တဲ့သဘောမျိုးနဲ့ စဉ်းစားကြည့်မရဘူးလို့ ပြောပါတယ်။
လီဗာပူးဟာ ဒု-အကျော့အိမ်ကွင်းမှာ အင်တာကို
ဝ-၁ဂိုးနဲ့ အရေးနိမ့်ခဲ့ရပေမယ့် နှစ်ကျော့ပေါင်း
၂-၁ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး အသင်းက
ကာရာဘောင်ဖလားရယူထားပြီးဖြစ်သလို

ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း
ချန်ပီယံမျှော်လင့်ချက် အပြည့်ရှိနေပါတယ်။


အင်တာနဲ့ပွဲအပြီးမှာ BT Sport ရဲ့အစီအစဉ်တင်ဆက်သူ

ဂျိတ်ဟမ်းဖရေးက ယခုရာသီမှာ
လီဗာပူးအသင်း ဖလား ၄လုံးချန်ပီယံအဖြစ်
တွေးတောကြည့်လို့ရလားဆိုပြီး
ဖာဒီနန်ကို မေးမြန်းခဲ့တဖြစ်ပါတယ်။
အဲဒီမှာ ဖာဒီနန်က ”ဘယ်လိုမှစဉ်းစားတွေးတောလို့မရပါဘူး”လို့

နောက်ပြောင်ရင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီနောက် ဖာဒီနန်က ”လီဗာပူးအသင်းမှာ
အရည်အသွေးအပြည့်ရှိတာ သံသယဝင်စရာ မလိုပါဘူး။
လူစာရင်းမှာလည်း Winners တွေ အများကြီးပဲ။
အားလုံးက စိတ်ခံစားချက်အပြည့်နဲ့ အနိုင်ရဖို့

ကြိုးစားအားထုတ်မှုအပြည့်ရှိပါတယ်။
ပြီးတော့ သူတို့မှာ ကြီးကျယ်တဲ့နည်းပြလည်းရှိနေပါတယ်။
ဘာဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့”လို့ ပြောပါတယ်။

ခရစ္စမတ်ကာလအပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းက
အဆုံးသတ်သွားပြီလို့ အထင်ရှိခဲ့ပေမယ့် လီဗာပူးရဲ့
ခြေစွမ်းတိုးတက်လာမှု၊ မန်စီးတီးအသင်း အမှတ်လျော့မှုတွေကြောင့်
လီဗာပူးအသင်း ချန်ပီယံမျှော်လင့်ချက် ပြန်ရှိလာပြီး
လီဗာပူးက မန်စီးတီးနဲ့ ၆ မှတ်အကွာ၊ တစ်ပွဲလျော့နေသလို

အီတီဟတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်
တက်ရောက်နိုင်ခဲ့သလို အက်ဖ်အေဖလား
ကွာတားဖိုင်နယ်မှာလည်း ချန်ပီယံရှစ်ကလပ်
နော်တင်ဟမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။