လီဗာပူး ဈေးဗန်းခင်းတဲ့ကိစ္စက သူနဲ့ မဆိုင်ဘူးဆိုတဲ့ ဂျာဂင်ကလော့ပ်

လီဗာပူးအသင်းကို အရောင်းစာရင်း တင်လိုက်တာဟာ သူ့ရဲ့ အနာဂတ်နဲ့ လုံးဝကို သက်ဆိုင်မှု မရှိဘူးလို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောဆို လိုက်ပါတယ်။

မာဆေးဆိုဒ်ကလပ်ကို FSG ကုမ္ပဏီအုပ်စုက တနင်္လာနေ့မှာ အရောင်းစာရင်း တင်လိုက်ပြီးတဲ့နောက် ကလော့ပ်က သူ့ရဲ့ ရာထူးနဲ့ပတ် သက်ပြီး ပထမဆုံး ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ တန်းနိမ့်ကလပ် ဒါဘီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့ နောက် စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဂျာမန်သား နည်းပြက

အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်း ဈေးဗန်းခင်းတဲ့ ကိစ္စဟာ အလုပ်သဘောသာဖြစ်ပြီး ကန့်လန့်ကာ နောက်ကွယ်မှာ သူ့ အပေါ် ဂယက်ရိုက်တာမျိုးတွေ

မရှိဘူးလို့ ဒေါ့တ်မန်နည်းပြဟောင်းက ပြောဆိုခဲ့သလို လက်ရှိ လည်ပတ်နေတဲ့ အသင်းတွင်း လုပ်ငန်းစဉ်တွေအပေါ်မှာ လည်း ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

‘’ဘာဆို ဘာမှ မထိခိုက်ပါဘူးဗျာ။ ပက်လင်ဂျာ (လက်ထောက်နည်းပြ) ကလည်း ဒါကို သတင်းစာရှင်းလင်းပွဲတွေမှာ အများကြီး ပြောခဲ့ပြီးပါပြီ။ ဒါက နည်းနည်း ကြာ ဦးမယ်ဆိုတာ

ကျွန်တော်တို့ သိထားတယ်။ ဘာလို့ ရောင်းထုတ်သလဲဆိုတာတော့ ကျွန်တော် အလုံးစုံ မသိပါဘူး။ ကျွန်တော် သိရတာတော့ သူတို့က ရင်းနှီးမြှုပ်နှံသူ အသစ်ရှာချင်တာဖြစ်ပြီး

ဒါက အဓိပ္ပာယ်ရှိပါတယ်။ စိတ်ကူး လည်း ကောင်းပါတယ်။ ဒါမျိုးကို ကျွန်တော် ကြိုက်တယ်။ ကြိုတင်ပြင်ဆင်မှု တွေနဲ့ ပတ်သက်ပြီး အာရုံနောက်တာမျိုး မရှိပါဘူး။

ကစားသမားတွေက လည်း ကျွန်တော့်ကို မမေးကြပါဘူး။ သူတို့ မေးလာရင်လည်း ကျွန်တော်က အကုန်ပြောမှာပါ။ ကျွန်တော့်အတွက်တော့ ဘာမှ မဖြစ်ပါဘူးဗျာ’’ လို့

ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ ဂျာမန်သားနည်းပြဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကမှ လီဗာပူးနဲ့အတူ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ သက်တမ်း ရှိနေပါတယ်။

နောက်ပြီး လက်ရှိ အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ FSG အုပ်စုနဲ့လည်း ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိနေသူဖြစ်ပါ တယ်။

(Zawgyi)

လီဗာပူး ေဈးဗန္းခင္းတဲ့ကိစၥက သူနဲ႔ မဆိုင္ဘူးဆိုတဲ့ ဂ်ာဂင္ကေလာ့ပ္

လီဗာပူးအသင္းကို အေရာင္းစာရင္း တင္လိုက္တာဟာ သူ႔ရဲ႕ အနာဂတ္နဲ႔ လုံးဝကို သက္ဆိုင္မႈ မရွိဘူးလို႔ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က ေျပာဆို လိုက္ပါတယ္။ မာေဆးဆိုဒ္ကလပ္ကို FSG

ကုမၸဏီအုပ္စုက တနလၤာေန႔မွာ အေရာင္းစာရင္း တင္လိုက္ၿပီးတဲ့ေနာက္ ကေလာ့ပ္က သူ႔ရဲ႕ ရာထူးနဲ႔ပတ္ သက္ၿပီး ပထမဆုံး ထုတ္ေျပာလာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ တန္းနိမ့္ကလပ္ ဒါဘီကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့ၿပီးတဲ့ ေနာက္ စတုတၳအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဂ်ာမန္သား နည္းျပက

အခုလိုမ်ိဳး ေျပာဆိုခဲ့တာျဖစ္ပါတယ္။ လီဗာပူးအသင္း ေဈးဗန္းခင္း တဲ့ ကိစၥဟာ အလုပ္သေဘာသာျဖစ္ၿပီး ကန႔္လန႔္ကာ ေနာက္ကြယ္မွာ သူ႔ အေပၚ ဂယက္႐ိုက္တာမ်ိဳးေတြ မရွိဘူးလို႔

ေဒါ့တ္မန္နည္းျပေဟာင္းက ေျပာ ဆိုခဲ့သလို လက္ရွိ လည္ပတ္ေနတဲ့ အသင္းတြင္း လုပ္ငန္းစဥ္ေတြအေပၚမွာ လည္း ဘာမွ သက္ေရာက္မႈ ရွိမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

‘’ဘာဆို ဘာ မွ မထိခိုက္ပါဘူးဗ်ာ။ ပက္လင္ဂ်ာ (လက္ေထာက္နည္းျပ) ကလည္း ဒါကို သတင္းစာရွင္းလင္းပြဲေတြမွာ အမ်ားႀကီး ေျပာခဲ့ၿပီးပါၿပီ။ ဒါက နည္းနည္း ၾကာ

ဦးမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိထားတယ္။ ဘာလို႔ ေရာင္းထုတ္သလဲဆိုတာ ေတာ့ ကြၽန္ေတာ္ အလုံးစုံ မသိပါဘူး။ ကြၽန္ေတာ္ သိရတာေတာ့ သူတို႔က

ရင္းႏွီးျမႇဳပ္ႏွံသူ အသစ္ရွာခ်င္တာျဖစ္ၿပီး ဒါက အဓိပၸာယ္ရွိပါတယ္။ စိတ္ကူး လည္း ေကာင္းပါတယ္။ ဒါမ်ိဳးကို ကြၽန္ေတာ္ ႀကိဳက္တယ္။ ႀကိဳတင္ျပင္ဆင္မႈ ေတြနဲ႔

ပတ္သက္ၿပီး အာ႐ုံေနာက္တာမ်ိဳး မရွိပါဘူး။ ကစားသမားေတြက လည္း ကြၽန္ေတာ့္ကို မေမးၾကပါဘူး။ သူတို႔ ေမးလာရင္လည္း ကြၽန္ေတာ္က အကုန္ေျပာမွာပါ။

ကြၽန္ေတာ့္အတြက္ေတာ့ ဘာမွ မျဖစ္ပါဘူးဗ်ာ’’ လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။ ဂ်ာမန္သားနည္းျပဟာ ၿပီးခဲ့တဲ့ ဧၿပီလတုန္းကမွ လီဗာပူးနဲ႔အတူ စာခ်ဳပ္သက္တမ္း တိုးခဲ့တာျဖစ္ၿပီး

၂၀၂၆ ခုႏွစ္အထိ သက္တမ္း ရွိေနပါတယ္။ ေနာက္ၿပီး လက္ရွိ အသင္းပိုင္ရွင္ေတြ ျဖစ္တဲ့ FSG အုပ္စုနဲ႔လည္း ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရး ရွိေနသူျဖစ္ပါ တယ္။