
ဇန်နဝါရီဈေးကွက်ထဲမှာ မူဒရက်ကိုလက်လွှတ်ခဲ့ရတဲ့ ဂန်းနားတွေဟာ





ဘရိုက်တန်တိုက်စစ်မှူးထရိုဆက်ကိုခေါ်ယူဖို့အတွက် သဘောတူညီမှု
ရယူနိုင်ခဲ့ပြီလို့ The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။





အသက် ၂၈နှစ်အရွယ် ဘယ်လ်ဂျီယံသားဟာ ပရီးမီးယားလိဂ်
ဦးဆောင်သူတွေနဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူခဲ့ပြီးနောက်
ဆေးစစ်မှုတွေခံယူတော့မှာဖြစ်တယ်။ နည်းပြအာတီတာဟာ





ရှက်တာတောင်ပံတိုက်စစ်ကစားသမား မူဒရက်နောက်ကို
ကာလအတန်ကြာလိုက်ခဲ့ပြီးအဆင်မပြေခဲ့တဲ့နောက်





ပစ်မှတ်ပြောင်းလဲခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ အာတီတာဘက်ကတော့
ထရိုဆက်ရဲ့ဈေးနှုန်းကမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်လို့
ယူဆနေပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒီရာသီမှာ လီဗာပူးဘက်ကို





ဟက်ထရစ်ဂိုးအပါအဝင် မန်စီးတီးနဲ့ ချဲလ်ဆီးတို့လိုအသင်းကြီးတွေနဲ့
ပွဲတွေမှာ ဂိုးပေါက်ရှာတွေ့ခဲ့သူဖြစ်တယ်။ တောင်ကမ်းရိုးတန်းကလပ်





ဘရိုက်တန်အတွက်တော့ ဒီရာသီ ၇ဂိုး သွင်းပေးထားတဲ့ ထရိုဆက်က
ထိပ်တန်းဂိုးသွင်းသူဖြစ်ပြီး လက်ရှိမှာတော့ရောင်းချဖို့အတွက်
အသင့်ရှိနေခဲ့တာပါ။ ထရိုဆက်ဟာ ဘရိုက်တန်နဲ့





စာချုပ်သက်တမ်း ၆လ သာကျန်တော့မယ့် နောက်ထပ်
၁၂ လသက်တမ်းတိုးခွင့်ရှိနေသူဖြစ်ပေမဲ့ နည်းပြသစ်ဒီဇာဘီ





ရောက်လာချိန်မှာ အဆင်မပြေမှုတွေရှိခဲ့ပြီး အသင်းလူစားကနေ
ဖယ်ရှားခံထားရသူဖြစ်တယ်။ အာဆင်နယ်ရဲ့ ပေါင်သန်း ၂၀ တန်
ကနဦးကမ်းလှမ်းချက်ကို ဘရိုက်တန်ကပယ်ချခဲ့ပေမဲ့





ဂန်းနားတွေဘက်က ပိုကောင်းတဲ့အနေအထားနဲ့ချက်ချင်း
ပြန်လာနိုင်ခဲ့တာပါ။ ဂန်းနားတွေဟာ ဒီအပြောင်းအရွှေ့မှာ





ပေါင် ၂၁ သန်းအပါအဝင် အောင်မြင်မှုနဲ့ပက်သတ်တဲ့
အပိုဆုကြေး ပေါင် ၆ သန်းကိုထည့်သွင်းကမ်းလှမ်းပြီးနောက်
သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်။





zawgyi
လီဗာပူး၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးဘက္ကိုဂိုးသြင္းထားတဲ့ ထ႐ိုဆက္ကို ေပါင္ ၂၇ သန္းနဲ႔ ဂန္းနားေတြအပိုင္သိမ္းလိုက္ၿပီ





ဇန္နဝါရီေဈးကြက္ထဲမွာ မူဒရက္ကိုလက္လႊတ္ခဲ့ရတဲ့ ဂန္းနားေတြဟာ
ဘ႐ိုက္တန္တိုက္စစ္မႉးထ႐ိုဆက္ကိုေခၚယူဖို႔အတြက္ သေဘာတူညီမႈ
ရယူႏိုင္ခဲ့ၿပီလို႔ The Sun သတင္းစာက ေဖာ္ျပလိုက္ပါတယ္။





အသက္ ၂၈ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယံသားဟာ ပရီးမီးယားလိဂ္
ဦးေဆာင္သူေတြနဲ႔ ပုဂၢိဳလ္ေရးအရသေဘာတူခဲ့ၿပီးေနာက္





ေဆးစစ္မႈေတြခံယူေတာ့မွာျဖစ္တယ္။ နည္းျပအာတီတာဟာ
ရွက္တာေတာင္ပံတိုက္စစ္ကစားသမား မူဒရက္ေနာက္ကို
ကာလအတန္ၾကာလိုက္ခဲ့ၿပီးအဆင္မေျပခဲ့တဲ့ေနာက္





ပစ္မွတ္ေျပာင္းလဲခဲ့ရတာျဖစ္တယ္။ ဒါေပမဲ့ အာတီတာဘက္ကေတာ့
ထ႐ိုဆက္ရဲ႕ေဈးႏႈန္းကမွန္ကန္တဲ့ေ႐ြးခ်ယ္မႈတစ္ခုျဖစ္လိမ့္မယ္လို႔





ယူဆေနပါတယ္။ ဘယ္လ္ဂ်ီယံသားဟာ ဒီရာသီမွာ လီဗာပူးဘက္ကို
ဟက္ထရစ္ဂိုးအပါအဝင္ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔လိုအသင္းႀကီးေတြနဲ႔
ပြဲေတြမွာ ဂိုးေပါက္ရွာေတြ႕ခဲ့သူျဖစ္တယ္။ ေတာင္ကမ္း႐ိုးတန္းကလပ္





ဘ႐ိုက္တန္အတြက္ေတာ့ ဒီရာသီ ၇ဂိုး သြင္းေပးထားတဲ့ ထ႐ိုဆက္က
ထိပ္တန္းဂိုးသြင္းသူျဖစ္ၿပီး လက္ရွိမွာေတာ့ေရာင္းခ်ဖို႔အတြက္





အသင့္ရွိေနခဲ့တာပါ။ ထ႐ိုဆက္ဟာ ဘ႐ိုက္တန္နဲ႔
စာခ်ဳပ္သက္တမ္း ၆လ သာက်န္ေတာ့မယ့္ ေနာက္ထပ္
၁၂ လသက္တမ္းတိုးခြင့္ရွိေနသူျဖစ္ေပမဲ့ နည္းျပသစ္ဒီဇာဘီ





ေရာက္လာခ်ိန္မွာ အဆင္မေျပမႈေတြရွိခဲ့ၿပီး အသင္းလူစားကေန
ဖယ္ရွားခံထားရသူျဖစ္တယ္။ အာဆင္နယ္ရဲ႕ ေပါင္သန္း ၂၀ တန္





ကနဦးကမ္းလွမ္းခ်က္ကို ဘ႐ိုက္တန္ကပယ္ခ်ခဲ့ေပမဲ့
ဂန္းနားေတြဘက္က ပိုေကာင္းတဲ့အေနအထားနဲ႔ခ်က္ခ်င္း
ျပန္လာႏိုင္ခဲ့တာပါ။ ဂန္းနားေတြဟာ ဒီအေျပာင္းအေ႐ႊ႕မွာ





ေပါင္ ၂၁ သန္းအပါအဝင္ ေအာင္ျမင္မႈနဲ႔ပက္သတ္တဲ့
အပိုဆုေၾကး ေပါင္ ၆ သန္းကိုထည့္သြင္းကမ္းလွမ္းၿပီးေနာက္





သေဘာတူညီမႈရရွိခဲ့တာျဖစ္တယ္။