
လီဗာပူးဟာသူတို့ရဲ့အဓိကကစားသမားများဖြစ်ကြတဲ့မိုဟာမက်ဆာလက်နှင့်
ဆာဒေယိုမာနေးတို့အားအာဖရိကဖလားပြိုင်ပွဲအတွက်စေလွှတ်ရာတွင်
အချိန်လျှော့ချပြီးစေလွှတ်နိုင်ရေးအတွက်သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များနှင့်
ဆွေးနွေးမှုများပြုလုပ်သွားရန်စီစဉ်ထားကြောင်းသိရပါတယ်။
လီဗာပူးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဒဏ်ရာပြဿနာများစွာကြုံခဲ့ရကာ
ချန်ပီယံဆုအားကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။၎င်းတို့ဟာယခုရာသီတွင်လည်း
လာမယ့်နှစ်အစောပိုင်းတွင်ကျင်းပမယ့်အာဖရိကဖလားပြိုင်ပွဲကြောင့်အဓိက
ကစားသမားများကိုလက်လွှတ်ရဦးမှာဖြစ်ပါတယ်။
လီဗာပူးနည်းပြကလော့ပ်ဟာမိုဟာမက်ဆာလက်ကိုအီဂျစ်သို့လည်းကောင်း၊
ဆာဒေယိုမာနေးကိုဆီနီဂေါသို့လည်းကောင်း၊ နာဘေးကီတာကိုဂီနီသို့
လည်းကောင်းလက်လွှတ်ရပါမယ်။ အာဖရိကဖလားပြိုင်ပွဲကိုလာမယ့်ဇန်နဝါရီ
၉ ရက်နေ့မှဖေဖော်ဝါရီလ၆ရက်နေ့အထိကင်မရွန်းနိုင်ငံတွင်လက်ခံ
ကျင်းပသွားပါမယ်။အာဖရိကဖလားပြိုင်ပွဲကို၂၀၂၁ခုနှစ်တွင်ကျင်းပရမှာဖြစ်ပေမယ့်
ကိုဗစ်ကြောင့်တစ်နှစ်ရွှေ့ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။
ဖီဖာစည်းမျဉ်းအရခြေစစ်ပွဲအောင်အသင်းများအနေဖြင့်ကစားသမားများကို
ဒီဇင်ဘာလ၂၇ရက်နေ့မှစတင်ကာစေလွှတ်ရန်ကလပ်များထံတောင်းဆိုခွင့်ရှိနေပါတယ်။
လီဗာပူးဟာအဆိုပါအဓိကကစားသမားသုံးဦးတို့အားပရီးမီးယားလိဂ်ပွဲ၄ပွဲ၊
အက်ဖ်အေဖလားပွဲ၂ပွဲ၊ခါရာဘောင်းဖလားဆီမီးပွဲ၂ပွဲလက်လွှတ်ရနိုင်ပါတယ်။
ဒါပေမယ့်လီဗာပူးနည်းပြကလော့ပ်ဟာအီဂျစ်၊ကင်မရွန်း၊ဂီနီဘောလုံး
အဖွဲ့ချုပ်သုံးခုလုံးနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးများရှိနေမှုနဲ့အတူ ကစားသမားများကို
ဇန်နဝါရီလတွင်မှစေလွှတ်နိုင်ရေး ဆွေးနွေးမှုပြုလုပ်သွားရန်မျှော်လင့်နေပါတယ်။
The Mirror ရဲ့ဖော်ပြချက်ကလော့ပ်ဟာလာမယ့်နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်များ
ကျရောက်လာတဲ့အချိန်တွင်သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များနှင့်ဆွေးနွေးမှုပြုလုပ်သွားပါမယ်။
လီဗာပူးဟာဒီဇင်ဘာလ၂၈ရက်နေ့တွင်လက်စတာနှင့်လည်းကောင်း၊ဇန်နဝါရီလ
၂ရက်နေ့တွင်စတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ကာချဲလ်ဆီးနှင့်လည်းကောင်း
ရင်ဆိုင်ရမယ့်ပွဲများအထိ ဆာဒေယိုမာနေး၊မိုဟာမက်ဆာလက်၊နာဘေးကီတာ
တို့ကိုထိန်းထားလိုနေတာလည်းဖြစ်ပါတယ်။
တစ်ဖက်တွင်အိမ်ရှင်ကင်မရွန်းဟာဇန်နဝါရီလ၉ရက်နေ့တွင်မှဘူကီနာဖာဆိုနှင့်
အဖွင့်ပွဲကစားရမှာဖြစ်သလိုဆီနီဂေါနှင့်ဂီနီတို့မှာဇန်နဝါရီလ၁၀ရက်နေ့တွင်မှ
အဖွင့်ပွဲကစားရမှာဖြစ်ပြီးအီဂျစ်မှာလည်းဇန်နဝါရီလ၁၂ရက်နေ့တွင်မှနိုင်ဂျီးရီးယားနှင့်
အုပ်စုအဖွင့်ပွဲကစားရမှာဖြစ်လို့ လီဗာပူးကဆွေးနွေးမှုအောင်မြင်မယ်လို့ယုံကြည်နေပါတယ်။
zawgyi
လီဗာပူးဟာ ဆာလက္ႏွင့္မာေနးတို႔အား အာဖရိကဖလားၿပိဳင္ပြဲအတြက္ ေစလႊတ္ရန္ သက္ဆိုင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္သြားရန္စီစဥ္ထား
လီဗာပူးဟာသူတို႔ရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့မိုဟာမက္ဆာလက္ႏွင့္
ဆာေဒယိုမာေနးတို႔အားအာဖရိကဖလားၿပိဳင္ပြဲအတြက္ေစလႊတ္ရာတြင္
အခ်ိန္ေလွ်ာ့ခ်ၿပီးေစလႊတ္ႏိုင္ေရးအတြက္သက္ဆိုင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားႏွင့္
ေဆြးေႏြးမႈမ်ားျပဳလုပ္သြားရန္စီစဥ္ထားေၾကာင္းသိရပါတယ္။
လီဗာပူးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဒဏ္ရာျပႆနာမ်ားစြာႀကဳံခဲ့ရကာ
ခ်န္ပီယံဆုအားကာကြယ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။၎တို႔ဟာယခုရာသီတြင္လည္း
လာမယ့္ႏွစ္အေစာပိုင္းတြင္က်င္းပမယ့္အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္အဓိက
ကစားသမားမ်ားကိုလက္လႊတ္ရဦးမွာျဖစ္ပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္ဟာမိုဟာမက္ဆာလက္ကိုအီဂ်စ္သို႔လည္းေကာင္း၊
ဆာေဒယိုမာေနးကိုဆီနီေဂါသို႔လည္းေကာင္း၊ နာေဘးကီတာကိုဂီနီသို႔
လည္းေကာင္းလက္လႊတ္ရပါမယ္။ အာဖရိကဖလားၿပိဳင္ပြဲကိုလာမယ့္ဇန္နဝါရီ
၉ ရက္ေန႔မွေဖေဖာ္ဝါရီလ၆ရက္ေန႔အထိကင္မ႐ြန္းႏိုင္ငံတြင္လက္ခံ
က်င္းပသြားပါမယ္။အာဖရိကဖလားၿပိဳင္ပြဲကို၂၀၂၁ခုႏွစ္တြင္က်င္းပရမွာျဖစ္ေပမယ့္
ကိုဗစ္ေၾကာင့္တစ္ႏွစ္ေ႐ႊ႕ဆိုင္းလိုက္တာလည္းျဖစ္ပါတယ္။
ဖီဖာစည္းမ်ဥ္းအရေျခစစ္ပြဲေအာင္အသင္းမ်ားအေနျဖင့္ကစားသမားမ်ားကို
ဒီဇင္ဘာလ၂၇ရက္ေန႔မွစတင္ကာေစလႊတ္ရန္ကလပ္မ်ားထံေတာင္းဆိုခြင့္ရွိေနပါတယ္။
လီဗာပူးဟာအဆိုပါအဓိကကစားသမားသုံးဦးတို႔အားပရီးမီးယားလိဂ္ပြဲ၄ပြဲ၊
အက္ဖ္ေအဖလားပြဲ၂ပြဲ၊ခါရာေဘာင္းဖလားဆီမီးပြဲ၂ပြဲလက္လႊတ္ရႏိုင္ပါတယ္။
ဒါေပမယ့္လီဗာပူးနည္းျပကေလာ့ပ္ဟာအီဂ်စ္၊ကင္မ႐ြန္း၊ဂီနီေဘာလုံး
အဖြဲ႕ခ်ဳပ္သုံးခုလုံးႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးမ်ားရွိေနမႈနဲ႔အတူ ကစားသမားမ်ားကို
ဇန္နဝါရီလတြင္မွေစလႊတ္ႏိုင္ေရး ေဆြးေႏြးမႈျပဳလုပ္သြားရန္ေမွ်ာ္လင့္ေနပါတယ္။
The Mirror ရဲ႕ေဖာ္ျပခ်က္ကေလာ့ပ္ဟာလာမယ့္ႏိုဝင္ဘာလႏိုင္ငံတကာပြဲစဥ္မ်ား
က်ေရာက္လာတဲ့အခ်ိန္တြင္သက္ဆိုင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားႏွင့္ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္။
လီဗာပူးဟာဒီဇင္ဘာလ၂၈ရက္ေန႔တြင္လက္စတာႏွင့္လည္းေကာင္း၊ဇန္နဝါရီလ
၂ရက္ေန႔တြင္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ကာခ်ဲလ္ဆီးႏွင့္လည္းေကာင္း
ရင္ဆိုင္ရမယ့္ပြဲမ်ားအထိ ဆာေဒယိုမာေနး၊မိုဟာမက္ဆာလက္၊နာေဘးကီတာ
တို႔ကိုထိန္းထားလိုေနတာလည္းျဖစ္ပါတယ္။
တစ္ဖက္တြင္အိမ္ရွင္ကင္မ႐ြန္းဟာဇန္နဝါရီလ၉ရက္ေန႔တြင္မွဘူကီနာဖာဆိုႏွင့္
အဖြင့္ပြဲကစားရမွာျဖစ္သလိုဆီနီေဂါႏွင့္ဂီနီတို႔မွာဇန္နဝါရီလ၁၀ရက္ေန႔တြင္မွ
အဖြင့္ပြဲကစားရမွာျဖစ္ၿပီးအီဂ်စ္မွာလည္းဇန္နဝါရီလ၁၂ရက္ေန႔တြင္မွႏိုင္ဂ်ီးရီးယားႏွင့္
အုပ္စုအဖြင့္ပြဲကစားရမွာျဖစ္လို႔ လီဗာပူးကေဆြးေႏြးမႈေအာင္ျမင္မယ္လို႔ယုံၾကည္ေနပါတယ္။