လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့  ယိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိ

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဖက် အာဆင်နယ်အသင်း ခေါ်ယူဖို့

စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်မှူး လူကာ ယိုဗစ် ကို

ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့

တိုက်စစ်ပိုင်းမှာ မာနေး ၊ မိုဆာလာ ၊ ဖာမီနို ၊ ဂျိုတာ ၊ အော်ရီဂီ စတဲ့

အားကိုးရတဲ့ တိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားပေမဲ့ အသင်းရဲ့အင်အားကို

ထပ်မံဖြည့်တင်းချင်နေတဲ့ နည်းပြ ယာဂန်ကလော့ပ် က ရီးရဲလ်မက်ဒရစ်အသင်းမှာ

ရုန်းကန်နေရတဲ့ ယိုဗစ် ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ ဖရန့်ဖတ်အသင်းအတွက်

ပြိုင်ပွဲစုံ ၄၈ ပွဲပါဝင်ကစားပေးပြီး သွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ယိုဗစ် ကို

အဲ့ဒီရာသီအကုန်မှာ ပေါင်သန်း ၅၀ နဲ့ စျေးကြီးပေးပြီးခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့

ယိုဗစ် ဟာ ရီးရဲလ်အသင်းမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ ပထမဆုံးရာသီမှာ

စပိန်ကလပ်အတွက် သွင်းဂိုး ၂ ဂိုးသာသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းက

မနှစ်က ရာသီဝက်ကာလမှာ ယိုဗစ် ကို ဖရန့်ဖတ်အသင်းဆီ အဌားပြန်လည်ချခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းနဲ့ နောက်တကြိမ်ပြန်လည် လက်တွဲမှုကလည်း မျှော်လင့်သလို

ဖြစ်မလာခဲ့ပဲ သွင်းဂိုး ၄ ဂိုးသာ ယိုဗစ် သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း

ယိုဗစ် ဟာ နည်းပြသစ် အန်ဆယ်လော့တီ ကိုင်တွယ်နေတဲ့ ရီးရဲလ်အသင်းမှာ

ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး ၆ ပွဲသာ ကစားခွင့်ရထားကာ သွင်းဂိုးလည်း

မရရှိသေးပါဘူး။ ဒါကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ

ရီးရဲလ်အသင်းကနေ ထပ်မံထွက်ခွါဖို့ ယိုဗစ် ပြင်ဆင်နေတယ်လို့ သတင်းတွေ

ထွက်ပေါ်နေတာဖြစ်ပါတယ်။ ယိုဗစ် ဟာ ရီးရဲလ်အသင်းမှာ ရုန်းကန်နေရပေမဲ့

ဖရန့်ဖတ်အသင်းမှာ ကစားနေစဉ်တုန်းက သူ့ရဲ့ခြေစွမ်းတွေဟာ ဥရောပအသင်း

အတော်များများကို စွဲဆောင်နိုင်ခဲ့တာကြောင့် အခုချိန်မှာလည်း သူ့ကိုခေါ်ယူဖို့

ဥရောပကလပ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။ အဲ့ဒီအသင်းတွေထဲမှာ

အာဆင်နယ် နဲ့ လီဗာပူးလ် လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အာဆင်နယ်အသင်းက ရာသီကုန်ရင် စာချုပ်သက်တမ်းကုန်တော့မယ့်

ပြင်သစ်တိုက်စစ်မှူး လာကာဇက် ရဲ့ နေရာကို ယိုဗစ် နဲ့ အစားထိုးချင်နေတာဖြစ်ပြီး

လီဗာပူးလ်အသင်းကတော့ ဖာမီနို ရဲ့ အရန်အနေနဲ့ ယိုဗစ် ကို ခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။

zawgyi

လီဗာပူးလ္အသင္းဟာ အာဆင္နယ္အသင္း ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့  ယိုဗစ္ကို ေခၚယူဖို႔ ႀကိဳးစားဖြယ္ရွိ

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ဖက္ အာဆင္နယ္အသင္း ေခၚယူဖို႔

စိတ္ဝင္စားေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဆာဘီးယား တိုက္စစ္မႉး လူကာ ယိုဗစ္ ကို

ေခၚယူဖို႔ ႀကိဳးစားဖြယ္ရွိတယ္လို႔ သတင္းေတြအရ သိရပါတယ္။ လီဗာပူးလ္အသင္းရဲ႕

တိုက္စစ္ပိုင္းမွာ မာေနး ၊ မိုဆာလာ ၊ ဖာမီႏို ၊ ဂ်ိဳတာ ၊ ေအာ္ရီဂီ စတဲ့

အားကိုးရတဲ့ တိုက္စစ္ကစားသမားေတြကို ပိုင္ဆိုင္ထားေပမဲ့ အသင္းရဲ႕အင္အားကို

ထပ္မံျဖည့္တင္းခ်င္ေနတဲ့ နည္းျပ ယာဂန္ကေလာ့ပ္ က ရီးရဲလ္မက္ဒရစ္အသင္းမွာ

႐ုန္းကန္ေနရတဲ့ ယိုဗစ္ ကို ေခၚယူေပးဖို႔ အသင္းကို ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၂၀၁၈-၂၀၁၉ ရာသီမွာ ဖရန္႔ဖတ္အသင္းအတြက္

ၿပိဳင္ပြဲစုံ ၄၈ ပြဲပါဝင္ကစားေပးၿပီး သြင္းဂိုး ၂၇ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ ယိုဗစ္ ကို

အဲ့ဒီရာသီအကုန္မွာ ေပါင္သန္း ၅၀ နဲ႔ ေစ်းႀကီးေပးၿပီးေခၚယူခဲ့ပါတယ္။ ဒါေပမဲ့

ယိုဗစ္ ဟာ ရီးရဲလ္အသင္းမွာ ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပဲ ပထမဆုံးရာသီမွာ

စပိန္ကလပ္အတြက္ သြင္းဂိုး ၂ ဂိုးသာသြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္အသင္းက

မႏွစ္က ရာသီဝက္ကာလမွာ ယိုဗစ္ ကို ဖရန္႔ဖတ္အသင္းဆီ အဌားျပန္လည္ခ်ခဲ့ပါတယ္။

ဖရန္႔ဖတ္အသင္းနဲ႔ ေနာက္တႀကိမ္ျပန္လည္ လက္တြဲမႈကလည္း ေမွ်ာ္လင့္သလို

ျဖစ္မလာခဲ့ပဲ သြင္းဂိုး ၄ ဂိုးသာ ယိုဗစ္ သြင္းေပးႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာလည္း

ယိုဗစ္ ဟာ နည္းျပသစ္ အန္ဆယ္ေလာ့တီ ကိုင္တြယ္ေနတဲ့ ရီးရဲလ္အသင္းမွာ

ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနၿပီး ၆ ပြဲသာ ကစားခြင့္ရထားကာ သြင္းဂိုးလည္း

မရရွိေသးပါဘူး။ ဒါေၾကာင့္ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ

ရီးရဲလ္အသင္းကေန ထပ္မံထြက္ခြါဖို႔ ယိုဗစ္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ

ထြက္ေပၚေနတာျဖစ္ပါတယ္။ ယိုဗစ္ ဟာ ရီးရဲလ္အသင္းမွာ ႐ုန္းကန္ေနရေပမဲ့

ဖရန္႔ဖတ္အသင္းမွာ ကစားေနစဥ္တုန္းက သူ႔ရဲ႕ေျခစြမ္းေတြဟာ ဥေရာပအသင္း

အေတာ္မ်ားမ်ားကို စြဲေဆာင္ႏိုင္ခဲ့တာေၾကာင့္ အခုခ်ိန္မွာလည္း သူ႔ကိုေခၚယူဖို႔

ဥေရာပကလပ္အသင္းတခ်ိဳ႕က စိတ္ဝင္စားေနၾကပါတယ္။ အဲ့ဒီအသင္းေတြထဲမွာ

အာဆင္နယ္ နဲ႔ လီဗာပူးလ္ လည္း ပါဝင္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

အာဆင္နယ္အသင္းက ရာသီကုန္ရင္ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္

ျပင္သစ္တိုက္စစ္မႉး လာကာဇက္ ရဲ႕ ေနရာကို ယိုဗစ္ နဲ႔ အစားထိုးခ်င္ေနတာျဖစ္ၿပီး

လီဗာပူးလ္အသင္းကေတာ့ ဖာမီႏို ရဲ႕ အရန္အေနနဲ႔ ယိုဗစ္ ကို ေခၚယူခ်င္ေနတာပဲျဖစ္ပါတယ္။