လီဗာပူးလ်ကို ဂိုးသွင်းအပြီး အောင်ပွဲခံရာမှာ ထူပူပြီးပြောမိပြောရာပြောခဲ့မိတဲ့အတွက် ရက်ဖို့ဒ် ပြန်တောင်းပန်

လီဗာပူးနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီးနောက် ပြင်းထန်စွာပေါက်ကွဲပြီး အောင်ပွဲခံခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်က သူပြောမိခဲ့တဲ့ ဘာသာစကားအတွက် ပရိသတ်ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ မန်ယူအတွက် ဒုတိယအနိုင်ဂိုးကို

ပွဲချိန် ၅၃ မိနစ် မှာလူကျွံထောင်ချောက်ကနေပြေးထွက်ပြီး ရက်ဖို့ဒ်ကသွင်းယူနိုင်ခဲ့တာပါ။ အဲဒီနောက် ပရိသတ်တွေဘက်ကိုပြေးထွက်သွားခဲ့ပြီး ပြင်းထန်စွာအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး မန်ယူအသင်းကထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ

ရက်ဖို့ဒ်အောင်ပွဲခံအပြီး စကားသံတွေကြားခဲ့ရပေမယ့် ဘာတွေ ပြောသွားလဲဆိုတာကိုတော့ ဘယ်သူမှရှင်းရှင်းလင်းလင်းမကြားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရက်ဖို့ဒ်ကတော့ တွစ်တာ ပေါ်မှာ သူပြောမိတဲ့ ဘာသာစကားအတွက် ပရိသတ်တွေကို တောင်းပန်သွားခဲ့ပြီး

အဲဒီအခိုက်အတန့်မှာ ထူပူပြီး ပြောမိခဲ့တာလို့ ရေးသားထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေကြုံခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရက်ဖို့ဒ်ဟာ မန်ယူပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်နေခဲ့ရတာပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ သတင်းတွေကြောင့်လည်း မန်ယူပရိသတ်တွေရဲ့ ညိုညင်မှုကိုခံထားရတာပါ။ ရက်ဖို့ဒ်ကတော့ မန်ယူနဲ့အတူ အောင်မြင်မှုတွေ ပြန်လည်ယူသွားဖို့ ဆုံးဖြတ်ထားတယ်ဆိုပြီး

အဲဒီသတင်းတွေကို တုံ့ပြန်ထားခဲ့ပါတယ်။ အခုတော့ လီဗာပူးနဲ့ပွဲစဉ်က သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေရဲ့ခွင့်လွှတ်မှုကိုရနေခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်း

ရေးပါလာကလည်း လီဗာပူးနဲ့ပွဲမှာ ရက်ဖို့ဒ်သွင်းယူပြသွားတဲ့ဂိုးဟာ သူ့မှာ တခြားထိပ်တန်းတိုက်စစ်မှူးတွေနဲ့မတူညီတဲ့ အရည်အသွေးတွေရှိတယ်ဆိုတာကို ထုတ်ပြလိုက်တဲ့ဂိုးဖြစ်တယ် ဆိုပြီး ချီးကျူးထားခဲ့ပါတယ်။

(zawgyi)

လီဗာပူးနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းၿပီးေနာက္ ျပင္းထန္စြာေပါက္ကြဲၿပီး ေအာင္ပြဲခံခဲ့တဲ့ မန္ယူတိုက္စစ္မႉး ရက္ဖို႔ဒ္က သူေျပာမိခဲ့တဲ့ ဘာသာစကားအတြက္ ပရိသတ္ကို ျပန္လည္ေတာင္းပန္လိုက္ပါတယ္။

အဲဒီပြဲစဥ္မွာ မန္ယူအတြက္ ဒုတိယအႏိုင္ဂိုးကို ပြဲခ်ိန္ ၅၃ မိနစ္ မွာလူကြၽံေထာင္ေခ်ာက္ကေနေျပးထြက္ၿပီး ရက္ဖို႔ဒ္ကသြင္းယူႏိုင္ခဲ့တာပါ။ အဲဒီေနာက္ ပရိသတ္ေတြဘက္ကိုေျပးထြက္သြားခဲ့ၿပီး ျပင္းထန္စြာေအာင္ပြဲခံသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီး မန္ယူအသင္းကထုတ္ျပန္ခဲ့တဲ့ ဗီဒီယိုဖိုင္မွာ ရက္ဖို႔ဒ္ေအာင္ပြဲခံအၿပီး စကားသံေတြၾကားခဲ့ရေပမယ့္ ဘာေတြ ေျပာသြားလဲဆိုတာကိုေတာ့ ဘယ္သူမွရွင္းရွင္းလင္းလင္းမၾကားႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္ ရက္ဖို႔ဒ္ကေတာ့ တြစ္တာ ေပၚမွာ သူေျပာမိတဲ့ ဘာသာစကားအတြက္ ပရိသတ္ေတြကို ေတာင္းပန္သြားခဲ့ၿပီး အဲဒီအခိုက္အတန႔္မွာ ထူပူၿပီး ေျပာမိခဲ့တာလို႔ ေရးသားထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ဒဏ္ရာျပႆနာေတြႀကဳံခဲ့ၿပီးေနာက္ ေျခစြမ္းမျပႏိုင္ခဲ့တဲ့ ရက္ဖို႔ဒ္ဟာ မန္ယူပရိသတ္ေတြရဲ႕ေဝဖန္မႈနဲ႔ ရင္ဆိုင္ေနခဲ့ရတာပါတယ္။ ဒါ့အျပင္ ပီအက္စ္ဂ်ီနဲ႔ အေျပာင္းအေ႐ႊ႕ သတင္းေတြေၾကာင့္လည္း

မန္ယူပရိသတ္ေတြရဲ႕ ညိဳညင္မႈကိုခံထားရတာပါ။ ရက္ဖို႔ဒ္ကေတာ့ မန္ယူနဲ႔အတူ ေအာင္ျမင္မႈေတြ ျပန္လည္ယူသြားဖို႔ ဆုံးျဖတ္ထားတယ္ဆိုၿပီး အဲဒီသတင္းေတြကို တုံ႔ျပန္ထားခဲ့ပါတယ္။

အခုေတာ့ လီဗာပူးနဲ႔ပြဲစဥ္က သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ခြင့္လႊတ္မႈကိုရေနခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္ဂႏၲဝင္ကစားသမားေဟာင္း ေရးပါလာကလည္း

လီဗာပူးနဲ႔ပြဲမွာ ရက္ဖို႔ဒ္သြင္းယူျပသြားတဲ့ဂိုးဟာ သူ႔မွာ တျခားထိပ္တန္းတိုက္စစ္မႉးေတြနဲ႔မတူညီတဲ့ အရည္အေသြးေတြရွိတယ္ဆိုတာကို ထုတ္ျပလိုက္တဲ့ဂိုးျဖစ္တယ္ ဆိုၿပီး ခ်ီးက်ဴးထားခဲ့ပါတယ္။