
လီဗာပူးဟာ မနေ့ညက လန်ဒန်စတေဒီယမ်မှာ ဝက်ဟမ်းကို ရှုံးကာ ဒီရာသီရဲ့
ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဝက်စ်ဟမ်း ၃-၂ လီဗာပူးပွဲအတွက်
ဂိုးသွင်းခဲ့သူတွေကတော့အလီဆင် (၄မိနစ်၊ OG)၊ အာနိုးလ် (၄၁ မိနစ်)၊ဖော်နယ်
(၆၇ မိနစ်)၊ အိုရီဂီ(၈၃ မိနစ်)ဇူးမား (၇၄ မိနစ်)တို့ ဖြစ်ပါတယ်။
အဲဒီပွဲမှာ လီဗာပူးက တိုက်စစ်စခဲ့တယ်ဆိုပေမယ့် မထင်မှတ်ဘဲ ဝက်စ်ဟမ်းတို့
ထောင့်ကန်ဘောကတစ်ဆင့် ဂိုးရခဲ့ပြီး အလီဆင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
ဒီဂိုးမှာ အလီဆင်ကို အော့ဘွန်နာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်၊ လက်ထိခဲ့တယ်ဆိုတာနဲ့
VAR ကြည့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အော့ဘွန်နာအနေနဲ့ သာမန် Jumping
သာဖြစ်ခဲ့ပြီး အလီဆင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာမျိုးလည်း မရှိပါဘူး။ ဇူးမားအတွက်
ကတော့ မနေ့ကဂိုးဟာ ဝက်စ်ဟမ်းအတွက် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။
လီဗာပူးဂိုးသမား အလီဆင်ရဲ့အမှားတွေကလည်း သိသာထင်ရှားခဲ့ပြီး ပြောရမယ်ဆိုရင်
၃ဂိုးစလုံးက သူ့အမှားတွေ မကင်းခဲ့ပါဘူး။လီဗာပူးဟာ ၂၀၁၇ သြဂုတ်လက ဝက်ဖို့ဒ်နဲ့ပွဲ
နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ထောင့်ကန်ဘောကနေ ၂ဂိုးအထိ
ပေးခဲ့ရပါတယ်။ ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
အနည်းဆုံး ၁၀ဂိုးသွင်းခဲ့သူတွေအနက် ခေါင်းတိုက်သွင်းဂိုး ရာခိုင်နှုန်းအများဆုံးကစား
သမားအဖြစ် ၉၀%(၁၀ဂိုးမှာ ၉ဂိုး)နဲ့ ရပ်တည်နေပါတယ်။
လီဗာပူးရဲ့ ပြိုင်ပွဲစုံ ၂၅ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကတော့ ကျိုးပျက်ခဲ့ပါပြီ။ ဒါပေမယ့် ဒီရှုံးပွဲဟာ
title race မှာ ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ? လီဗာပူးဟာ စနေနေ့က ဘန်လေနဲ့ ပွဲမှာ
ချဲလ်ဆီးတို့ အမှတ်လျော့ခဲ့မှုကို ကောင်းစွာ အသုံးမချနိုင်ခဲ့ဘဲ ဒီရှုံးပွဲကြောင့်
အဆင့် ၄ နေရာထိ လျှောဆင်းသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘရိုက်တန်ကို
၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေကျခဲ့သလို ဘရန့်ဖို့ဒ်နဲ့ ပွဲမှာလည်း အကြိမ်ကြိမ် ဦးဆောင်
နိုင်ခဲ့ပေမယ့် ခံစစ်အားနည်းမှုနဲ့ အတူ ၂ မှတ်လျော့ခဲ့ပါတယ်။
အထူးသဖြင့် လီဗာပူး ကွင်းလယ်ပိုင်းဟာ အားနည်းလျက် ရှိနေပြီး ဒဏ်ရာပြဿနာတွေလည်း
တောက်လျှောက် ရှိနေခဲ့သလို ခံစစ်ကို ကောင်းစွာ ကာကွယ်မပေးနိုင်တာ ကလည်း
ခံစစ်ပိုင်းကို ဖိအားများစေပါတယ်။
Zawgyi
လီဗာပူးရႉံးတဲ့ပြဲက ေျပာစရာအခ်က္မ်ား
လီဗာပူးဟာ မေန႔ညက လန္ဒန္စေတဒီယမ္မွာ ဝက္ဟမ္းကို ရႈံးကာ ဒီရာသီရဲ႕
ပထမဦးဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္လိုက္ရပါတယ္။ ဝက္စ္ဟမ္း ၃-၂ လီဗာပူးပြဲအတြက္
ဂိုးသြင္းခဲ့သူေတြကေတာ့အလီဆင္ (၄မိနစ္၊ OG)၊ အာႏိုးလ္ (၄၁ မိနစ္)၊ေဖာ္နယ္
(၆၇ မိနစ္)၊ အိုရီဂီ(၈၃ မိနစ္)ဇူးမား (၇၄ မိနစ္)တို႔ ျဖစ္ပါတယ္။
အဲဒီပြဲမွာ လီဗာပူးက တိုက္စစ္စခဲ့တယ္ဆိုေပမယ့္ မထင္မွတ္ဘဲ ဝက္စ္ဟမ္းတို႔
ေထာင့္ကန္ေဘာကတစ္ဆင့္ ဂိုးရခဲ့ၿပီး အလီဆင္ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။
ဒီဂိုးမွာ အလီဆင္ကို ေအာ့ဘြန္နာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္၊ လက္ထိခဲ့တယ္ဆိုတာနဲ႔
VAR ၾကည့္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ေအာ့ဘြန္နာအေနနဲ႔ သာမန္ Jumping
သာျဖစ္ခဲ့ၿပီး အလီဆင္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာမ်ိဳးလည္း မရွိပါဘူး။ဇူးမားအတြက္
ကေတာ့ မေန႔ကဂိုးဟာ ဝက္စ္ဟမ္းအတြက္ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့ပါတယ္။
လီဗာပူးဂိုးသမား အလီဆင္ရဲ႕အမွားေတြကလည္း သိသာထင္ရွားခဲ့ၿပီး ေျပာရမယ္ဆိုရင္
၃ဂိုးစလုံးက သူ႔အမွားေတြ မကင္းခဲ့ပါဘူး။လီဗာပူးဟာ ၂၀၁၇ ၾသဂုတ္လက ဝက္ဖို႔ဒ္နဲ႔ပြဲ
ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ပထမဆုံးအႀကိမ္အျဖစ္ ေထာင့္ကန္ေဘာကေန ၂ဂိုးအထိ
ေပးခဲ့ရပါတယ္။ ဝက္စ္ဟမ္းေနာက္ခံလူ ဇူးမားဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္
အနည္းဆုံး ၁၀ဂိုးသြင္းခဲ့သူေတြအနက္ ေခါင္းတိုက္သြင္းဂိုး ရာခိုင္ႏႈန္းအမ်ားဆုံးကစား
သမားအျဖစ္ ၉၀%(၁၀ဂိုးမွာ ၉ဂိုး)နဲ႔ ရပ္တည္ေနပါတယ္။
လီဗာပူးရဲ႕ ၿပိဳင္ပြဲစုံ ၂၅ ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ကေတာ့ က်ိဳးပ်က္ခဲ့ပါၿပီ။ ဒါေပမယ့္ ဒီရႈံးပြဲဟာ
title race မွာ ဘယ္လို သက္ေရာက္မႈ ရွိႏိုင္သလဲ? လီဗာပူးဟာ စေနေန႔က ဘန္ေလနဲ႔ ပြဲမွာ
ခ်ဲလ္ဆီးတို႔ အမွတ္ေလ်ာ့ခဲ့မႈကို ေကာင္းစြာ အသုံးမခ်ႏိုင္ခဲ့ဘဲ ဒီရႈံးပြဲေၾကာင့္
အဆင့္ ၄ ေနရာထိ ေလွ်ာဆင္းသြားခဲ့ပါတယ္။ လီဗာပူးဟာ ၿပီးခဲ့တဲ့တစ္ပတ္က ဘ႐ိုက္တန္ကို
၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ သေရက်ခဲ့သလို ဘရန႔္ဖို႔ဒ္နဲ႔ ပြဲမွာလည္း အႀကိမ္ႀကိမ္ ဦးေဆာင္
ႏိုင္ခဲ့ေပမယ့္ ခံစစ္အားနည္းမႈနဲ႔ အတူ ၂ မွတ္ေလ်ာ့ခဲ့ပါတယ္။
အထူးသျဖင့္ လီဗာပူး ကြင္းလယ္ပိုင္းဟာ အားနည္းလ်က္ ရွိေနၿပီး ဒဏ္ရာျပႆနာေတြလည္း
ေတာက္ေလွ်ာက္ ရွိေနခဲ့သလို ခံစစ္ကို ေကာင္းစြာ ကာကြယ္မေပးႏိုင္တာ ကလည္း
ခံစစ္ပိုင္းကို ဖိအားမ်ားေစပါတယ္။