လီဗာပူးရဲ့ ချန်ပီယံလိဂ်ဒဏ်ရာကို ဆားနဲ့ပတ်သလိုဖြစ်လာတဲ့ မာနေးရဲ့သတင်း

သတင်းတွေရဲ့ဖော်ပြချက်အရ

လီဗာပူးတိုက်စစ်မှူး မာနေးဟာ
ယခုနွေရာသီမှာ အသင်းနဲ့
၆ရာသီကြာ လက်တွဲလာမှုကို
အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
စနေညက ရီးရဲလ်ကို

အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်
မာနေးရဲ့အပြောင်းအရွှေ့သတင်းတွေ
ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပေမယ့်
ကစားသမားဖြစ်သူကတော့
အဲဒီသတင်းတွေကို

မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယခုအခါ နာမည်ကျော်
အပြောင်းအရွှေ့စပယ်ရှယ်လစ်
အီတလီသတင်းထောက် ရိုမာနိုက
မာနေးအနေနဲ့ လီဗာပူးကနေ

ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့
အတည်ပြုခဲ့ပြီး သူ့ကို
ခေါ်ယူဖို့ ဘိုင်ယန်က
အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။
”မာနေးဟာ ဒီနွေရာသီမှာ

လီဗာပူးကနေ ထွက်ခွာဖို့
ဆုံးဖြတ်လိုက်ပါပြီ။
သူဟာ လီဗာပူးနဲ့အတူ
နှစ်အကြာကြီး လက်တွဲခဲ့ပြီးနောက်
အခုတော့ အတွေ့အကြုံသစ်တွေနဲ့

ရင်ဆိုင်ဖို့အတွက် အသင့်ရှိနေပါပြီ။
ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့လည်း
လီဗာပူးအသင်းတာဝန်ရှိသူတွေကို
အသိပေးအကြောင်းကြားတော့မှာပါ။
ဘိုင်ယန်က မာနေးကို

ခေါ်ယူဖို့ ရေပန်းအစားဆုံး
ဖြစ်နေပေမယ့် ဖြစ်နိုင်တွေက
အများကြီးရှိနေပြီး ဘာတစ်ခုမှ
တပ်အပ်ပြောလို့မရသေးပါဘူး”လို့
ရိုမာနိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Zawgyi

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ဒဏ္ရာကို ဆားနဲ႔ပတ္သလိုျဖစ္လာတဲ့ မာေနးရဲ႕သတင္း
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ

လီဗာပူးတုိက္စစ္မွဴး မာေနးဟာ
ယခုေႏြရာသီမွာ အသင္းနဲ႔
၆ရာသီၾကာ လက္တြဲလာမႈကို
အဆုံးသတ္ဖုိ႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
စေနညက ရီးရဲလ္ကို

အေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတုိင္ခင္
မာေနးရဲ႕အေျပာင္းအေရႊ႕သတင္းေတြ
က်ယ္ျပန္႔စြာ ထြက္ေပၚခဲ့ေပမယ့္
ကစားသမားျဖစ္သူကေတာ့
အဲဒီသတင္းေတြကို

မွတ္ခ်က္ေပးဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။
ယခုအခါ နာမည္ေက်ာ္
အေျပာင္းအေရႊ႕စပယ္ရွယ္လစ္
အီတလီသတင္းေထာက္ ရိုမာႏိုက
မာေနးအေနနဲ႔ လီဗာပူးကေန

ထြက္ခြာဖို႔ ဆုံးျဖတ္လုိက္ၿပီျဖစ္တယ္လုိ႔
အတည္ျပဳခဲ့ၿပီး သူ႕ကို
ေခၚယူဖို႔ ဘုိင္ယန္က
အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။
”မာေနးဟာ ဒီေႏြရာသီမွာ

လီဗာပူးကေန ထြက္ခြာဖို႔
ဆုံးျဖတ္လုိက္ပါၿပီ။
သူဟာ လီဗာပူးနဲ႔အတူ
ႏွစ္အၾကာႀကီး လက္တြဲခဲ့ၿပီးေနာက္
အခုေတာ့ အေတြ႕အႀကံဳသစ္ေတြနဲ႔

ရင္ဆုိင္ဖို႔အတြက္ အသင့္ရွိေနပါၿပီ။
ၿပီးေတာ့ ဒီကိစၥနဲ႔ပတ္သက္လုိ႔လည္း
လီဗာပူးအသင္းတာ၀န္ရွိသူေတြကို
အသိေပးအေၾကာင္းၾကားေတာ့မွာပါ။
ဘုိင္ယန္က မာေနးကို

ေခၚယူဖို႔ ေရပန္းအစားဆုံး
ျဖစ္ေနေပမယ့္ ျဖစ္ႏိုင္ေတြက
အမ်ားႀကီးရွိေနၿပီး ဘာတစ္ခုမွ
တပ္အပ္ေျပာလုိ႔မရေသးပါဘူး”လုိ႔
ရိုမာႏိုက တြစ္တာမွာ ေရးသားခဲ့ပါတယ္။