လီဗာပူးရဲ့ဂိုးမိုးတွေက ပါကားအတွက်မဟုတ်ခဲ့ဘူးဆိုပေမယ့် ဘုန်းမောက်ကတော့လက်မခံခဲ့ဘူး

လီဗာပူးရဲ့နာကျည်းမှုနဲ့ရွာတဲ့ ဂိုးမိုးတွေက စကော့ပါကားအတွက်မဟုတ်ခဲ့ဘူးဆိုပေမယ့် အဲဒီပွဲစဉ်အပြီး ၃ရက် အကြာမှာဘဲ ဘုန်းမောက်အသင်းက နည်းပြစကော့ပါကား ကိုထုတ်ပယ်လိုက်ပါတယ်။ အရင်ကတည်းက နွေရာ သီအပြောင်းအရွှေ့မှာ

အသင်းအတွက်လုံလောက်တဲ့ ကစားသမားအားဖြည့်မှုတွေမလုပ်ပေးခဲ့တဲ့ တန်းတက် ဘုန်းမောက်အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ နည်းပြ ပါကား အကြားမှာ အဖုအထစ်တွေရှိနေခဲ့တာပါ။ လီဗာပူးကို ၉ ဂိုး ပြတ်နဲ့ရှုံးလိုက်ချိန်မှာတော့ ပါကားအတွက်

ချောက်ထဲတွန်းချခံရမယ့်ကိန်း ဆိုက်သွားခဲ့တာလို့ပဲဆိုရပါမယ်။ ရာသီအစပွဲစဉ်မှာ ဗီလာကိုအနိုင်ယူပြီးအဖွင့်လှခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူး တို့နဲ့ ဆက်တိုက်ပွဲကျပ်တွေကစားခဲ့ရတာကလည်း ပါကားအတွက် ကံဆိုးမှုဖြစ်စေခဲ့တာပါ။

အဲဒီ ၃ပွဲမှာ ၁၆ ဂိုး ပေးခဲ့ရတဲ့အသင်းရဲ့ ထိပ်တန်း ကစားသမားလိုအပ်ချက်ကိုမမြင်ဘဲ နည်းပြအပေါ်အပြစ်ပုံချခဲ့တာကတော့ စိတ်ပျက်စရာကောင်းခဲ့တာအမှန်ပါပဲ။ လီဗာပူးနဲ့ပွဲက စိတ်ပျက်စရာအရှုံးအတွက် ဖြေရှင်းချက်ပေးမယ်ဆိုရင်

သန်းပေါင်းများစွာအကြောင်းပြချက်တွေရှိခဲ့တယ်လို့လည်း ပါကားကပြောသွားခဲ့တာပါ။ ဘုန်းမောက်အသင်း ပိုင်ရှင်ကတော့ ပရီးမီးယားလိဂ်ကိုတန်ပြန်တက်ခွင့်ရအောင်လုပ်ပေးခဲ့တဲ့ ပါကားရဲ့ကျေးဇူးတွေကို အမြဲအမှတ်ရ နေမှာဖြစ်ပြီး

အသင်းအတွက်လည်း နည်းပြသစ်တစ်ယောက်အမြန်ဆုံးရှာဖွေပေးသွားမယ်လို့ဆိုခဲ့ပါတယ်။ စကော့ ပါကားဟာ ဘုန်းမောက်နည်းပြတာဝန်ကို ပြီးခဲ့တဲ့ရာသီကစတင်တာဝန်ယူခဲ့ပြီး ပထမဆုံးရာသီမှာဘဲ တန်းတက် ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အဲဒီမတိုင်ခင် ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ဖူလ်ဟမ်နည်းပြတာဝန်ကို ယူခဲ့ဖူးတာဖြစ်ပါတယ်။ စကော့ပါကားအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးထုတ်ပယ်ခံရတဲ့နည်းပြ ဖြစ်ခဲ့သလို

၂၀၀၄ ခုနှစ်က ဩဂုတ်လအတွင်းထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဆာဘော်ဘီရော့ဆင် ပြီးရင် ဩဂုတ်လ အတွင်း ဒုတိယမြောက်ထုတ်ပယ်ခံရတဲ့ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာပါ။

(zawgyi)

လီဗာပူးရဲ႕နာက်ည္းမႈနဲ႔႐ြာတဲ့ ဂိုးမိုးေတြက စေကာ့ပါကားအတြက္မဟုတ္ခဲ့ဘူးဆိုေပမယ့္ အဲဒီပြဲစဥ္အၿပီး ၃ရက္ အၾကာမွာဘဲ ဘုန္းေမာက္အသင္းက နည္းျပစေကာ့ပါကား ကိုထုတ္ပယ္လိုက္ပါတယ္။

အရင္ကတည္းက ေႏြရာ သီအေျပာင္းအေ႐ႊ႕မွာ အသင္းအတြက္လုံေလာက္တဲ့ ကစားသမားအားျဖည့္မႈေတြမလုပ္ေပးခဲ့တဲ့ တန္းတက္ ဘုန္းေမာက္အသင္းဘုတ္အဖြဲ႕ဝင္ေတြနဲ႔ နည္းျပ ပါကား အၾကားမွာ

အဖုအထစ္ေတြရွိေနခဲ့တာပါ။ လီဗာပူးကို ၉ ဂိုး ျပတ္နဲ႔ရႈံးလိုက္ခ်ိန္မွာေတာ့ ပါကားအတြက္ ေခ်ာက္ထဲတြန္းခ်ခံရမယ့္ကိန္း ဆိုက္သြားခဲ့တာလို႔ပဲဆိုရပါမယ္။ ရာသီအစပြဲစဥ္မွာ ဗီလာကိုအႏိုင္ယူၿပီးအဖြင့္လွခဲ့ေပမယ့္

ေနာက္ပိုင္းပြဲေတြမွာ မန္စီးတီး၊ အာဆင္နယ္၊ လီဗာပူး တို႔နဲ႔ ဆက္တိုက္ပြဲက်ပ္ေတြကစားခဲ့ရတာကလည္း ပါကားအတြက္ ကံဆိုးမႈျဖစ္ေစခဲ့တာပါ။ အဲဒီ ၃ပြဲမွာ ၁၆ ဂိုး ေပးခဲ့ရတဲ့အသင္းရဲ႕ ထိပ္တန္း ကစားသမားလိုအပ္ခ်က္ကိုမျမင္ဘဲ

နည္းျပအေပၚအျပစ္ပုံခ်ခဲ့တာကေတာ့ စိတ္ပ်က္စရာေကာင္းခဲ့တာအမွန္ပါပဲ။ လီဗာပူးနဲ႔ပြဲက စိတ္ပ်က္စရာအရႈံးအတြက္ ေျဖရွင္းခ်က္ေပးမယ္ဆိုရင္ သန္းေပါင္းမ်ားစြာအေၾကာင္းျပခ်က္ေတြရွိခဲ့တယ္လို႔လည္း

ပါကားကေျပာသြားခဲ့တာပါ။ ဘုန္းေမာက္အသင္း ပိုင္ရွင္ကေတာ့ ပရီးမီးယားလိဂ္ကိုတန္ျပန္တက္ခြင့္ရေအာင္လုပ္ေပးခဲ့တဲ့ ပါကားရဲ႕ေက်းဇူးေတြကို အၿမဲအမွတ္ရ ေနမွာျဖစ္ၿပီး အသင္းအတြက္လည္း နည္းျပသစ္တစ္ေယာက္အျမန္ဆုံးရွာေဖြေပးသြားမယ္လို႔ဆိုခဲ့ပါတယ္။

စေကာ့ ပါကားဟာ ဘုန္းေမာက္နည္းျပတာဝန္ကို ၿပီးခဲ့တဲ့ရာသီကစတင္တာဝန္ယူခဲ့ၿပီး ပထမဆုံးရာသီမွာဘဲ တန္းတက္ ခြင့္ရေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။ အဲဒီမတိုင္ခင္ ၂၀၁၉ ကေန ၂၀၂၁ ခုႏွစ္အထိ ဖူလ္ဟမ္နည္းျပတာဝန္ကို ယူခဲ့ဖူးတာျဖစ္ပါတယ္။

စေကာ့ပါကားအေနနဲ႔ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးထုတ္ပယ္ခံရတဲ့နည္းျပ ျဖစ္ခဲ့သလို ၂၀၀၄ ခုႏွစ္က ဩဂုတ္လအတြင္းထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပ ဆာေဘာ္ဘီေရာ့ဆင္ ၿပီးရင္ ဩဂုတ္လ အတြင္း ဒုတိယေျမာက္ထုတ္ပယ္ခံရတဲ့ နည္းျပအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့တာပါ။