လီဗာပူးမှာ သားဖြစ်သူ တည်ငြိမ်ရင့်ကျက်လာတယ်လို့ ဒီယက်ဇ်ရဲ့မိခင် ဖွင့်ဟ

လီဗာပူးတောင်ပံကစားသမား ဒီယက်ဇ်အနေနဲ့ အန်ဖီးလ်ကို

ရောက်လာပြီးနောက် တည်ငြိမ်ရင့်ကျက်လာတယ်လို့ မိခင်ဖြစ်သူက
ဖွင့်ဟလိုက်ပြီး အသင်းဖော်တွေကလည်း နွေးထွေးစွာကြိုဆိုခဲ့တယ်လို့
သားဖြစ်သူက သူ့ကို ပြောခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ကိုလံဘီယာလက်ရွေးစင် ဒီယက်ဇ်ဟာ
ဇန်နဝါရီလက ပေါ်တိုကနေ လီဗာပူးကို ရောက်လာပြီးချိန်ကတည်းက

အသင်းနဲ့ ချက်ချင်းအထိုင်ကျအံဝင်နေပြီး အသင်းအတွက်
၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဒီယက်ဇ်ဟာ လီဗာပူးနဲ့အတူ ကာရာဘောင်ဖလား
ရယူထားပြီးဖြစ်ကာ တစ်ရာသီအတွင်း ဖလား ၄လုံးရဖို့
လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး စနေညမှာ

ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ရီးရဲလ်နဲ့
ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေ ကစားရမှာဖြစ်တဲ့အပြင်
ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးက မန်စီးတီးရဲ့နောက်
၃ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
”သူ တည်ငြိမ်ရင့်ကျက်လာပါတယ်။ လုပ်ပုံကိုင်ပုံတွေလည်း

အရမ်းစနစ်ကျလာပြီး ဘာလုပ်လုပ် စည်းကမ်းလေးရှိလာပါတယ်။
သူက အရမ်းကိုစိတ်အားထက်သန်ပြီး သူ့အလုပ်နဲ့ပတ်သက်လို့လည်း
တာဝန်ယူမှုအပြည့်ရှိပါတယ်။ ဒါကြောင့်လည်း သူ လီဗာပူးမှာ
ကောင်းကောင်းလုပ်ပြနေနိုင်တာပါ။
ဒီလိုပုံစံအတိုင်း သူဆက်လက်ခြေစွမ်းပြနိုင်ဖို့

ဘုရားသခင်က စောင့်ရှောက်နိုင်ပါစေ။
သူ့အဖေကိုလည်း မတရားချစ်တယ်။ ပြောရရင် အားလုံးနဲ့ပါ။
ကျွန်မတို့တွေ နေ့တိုင်း စကားပြောဖြစ်တယ်။
ပြီးတော့ ‘အမေက ကမ္ဘာအပေါ်မှာ အကောင်းဆုံးအမေပဲ’လို့လည်း ပြောတတ်ပါသေးတယ်။
ဒီယက်ဇ်က ငယ်ငယ်လေးကတည်းက အရမ်းကို

ရိုးသားတာဆိုတော့ ဘယ်သူနဲ့မှလည်း အမုန်းတွေ၊ အာဃာတတွေမရှိပါဘူး။
အခုချိန်အထိ ကလေးဘဝကပုံစံနဲ့ တစ်ထေရာတည်းတူနေတုန်းပါ။
နည်းပြကြီးအကြောင်းလည်း ပြောသေးတယ်။
သူ ပွဲကစားပြီးတဲ့အခါ နည်းပြကြီးက အားပေးတဲ့အနေနဲ့
ပွေ့ဖက်တယ်၊ အသင်းဖော်တွေကလည်း သူ့ကို

နွေးနွေးထွေးထွေးကြိုဆိုတယ်လို့ ပြောပါတယ်”လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ဒီယက်ဇ်ဟာ လီဗာပူးကို ပေါင်သန်း ၅၀အထိ ရှိလာနိုင်တဲ့
ပြောင်းရွှေ့ကြေးနဲ့ မရောက်ခင် ပေါ်တိုမှာ ၁၆ဂိုးသွင်းယူနိုင်ခဲ့ပြီး
ပေါ်တိုကလည်း ပေါ်တူဂီအမှတ်ပေးချန်ပီယံဆုကာကွယ်နိုင်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

Zawgyi

လီဗာပူးမွာ သားျဖစ္သူ တည္ၿငိမ္ရင့္က်က္လာတယ္လုိ႔ ဒီယက္ဇ္ရဲ႕မိခင္ ဖြင့္ဟ
လီဗာပူးေတာင္ပံကစားသမား ဒီယက္ဇ္အေနနဲ႔ အန္ဖီးလ္ကို
ေရာက္လာၿပီးေနာက္ တည္ၿငိမ္ရင့္က်က္လာတယ္လုိ႔ မိခင္ျဖစ္သူက

ဖြင့္ဟလုိက္ၿပီး အသင္းေဖာ္ေတြကလည္း ေႏြးေထြးစြာႀကိဳဆုိခဲ့တယ္လုိ႔
သားျဖစ္သူက သူ႕ကို ေျပာခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ရွိ ကိုလံဘီယာလက္ေရြးစင္ ဒီယက္ဇ္ဟာ
ဇန္န၀ါရီလက ေပၚတုိကေန လီဗာပူးကို ေရာက္လာၿပီးခ်ိန္ကတည္းက
အသင္းနဲ႔ ခ်က္ခ်င္းအထုိင္က်အံ၀င္ေနၿပီး အသင္းအတြက္

၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။
ဒီယက္ဇ္ဟာ လီဗာပူးနဲ႔အတူ ကာရာေဘာင္ဖလား
ရယူထားၿပီးျဖစ္ကာ တစ္ရာသီအတြင္း ဖလား ၄လုံးရဖို႔
လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီး စေနညမွာ
ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲ၊ ရီးရဲလ္နဲ႔

ခ်န္ပီယံလိဂ္ဗိုလ္လုပဲြေတြ ကစားရမွာျဖစ္တဲ့အျပင္
ပရီးမီးယားလိဂ္မွာလည္း ထိပ္ဆုံးက မန္စီးတီးရဲ႕ေနာက္
၃ မွတ္အကြာနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
”သူ တည္ၿငိမ္ရင့္က်က္လာပါတယ္။ လုပ္ပုံကိုင္ပုံေတြလည္း
အရမ္းစနစ္က်လာၿပီး ဘာလုပ္လုပ္ စည္းကမ္းေလးရွိလာပါတယ္။

သူက အရမ္းကိုစိတ္အားထက္သန္ၿပီး သူ႕အလုပ္နဲ႔ပတ္သက္လုိ႔လည္း
တာ၀န္ယူမႈအျပည့္ရွိပါတယ္။ ဒါေၾကာင့္လည္း သူ လီဗာပူးမွာ
ေကာင္းေကာင္းလုပ္ျပေနႏုိင္တာပါ။
ဒီလုိပုံစံအတုိင္း သူဆက္လက္ေျခစြမ္းျပႏိုင္ဖို႔
ဘုရားသခင္က ေစာင့္ေရွာက္ႏုိင္ပါေစ။

သူ႕အေဖကိုလည္း မတရားခ်စ္တယ္။ ေျပာရရင္ အားလုံးနဲ႔ပါ။
ကၽြန္မတို႔ေတြ ေန႔တိုင္း စကားေျပာျဖစ္တယ္။
ၿပီးေတာ့ ‘အေမက ကမၻာအေပၚမွာ အေကာင္းဆုံးအေမပဲ’လုိ႔လည္း ေျပာတတ္ပါေသးတယ္။
ဒီယက္ဇ္က ငယ္ငယ္ေလးကတည္းက အရမ္းကို
ရိုးသားတာဆုိေတာ့ ဘယ္သူနဲ႔မွလည္း အမုန္းေတြ၊ အာဃာတေတြမရွိပါဘူး။

အခုခ်ိန္အထိ ကေလးဘ၀ကပုံစံနဲ႔ တစ္ေထရာတည္းတူေနတုန္းပါ။
နည္းျပႀကီးအေၾကာင္းလည္း ေျပာေသးတယ္။
သူ ပြဲကစားၿပီးတဲ့အခါ နည္းျပႀကီးက အားေပးတဲ့အေနနဲ႔
ေပြ႕ဖက္တယ္၊ အသင္းေဖာ္ေတြကလည္း သူ႕ကို
ေႏြးေႏြးေထြးေထြးႀကိဳဆိုတယ္လုိ႔ ေျပာပါတယ္”လုိ႔ မိခင္ျဖစ္သူက ေျပာပါတယ္။

ဒီယက္ဇ္ဟာ လီဗာပူးကို ေပါင္သန္း ၅၀အထိ ရွိလာႏုိင္တဲ့
ေျပာင္းေရႊ႕ေၾကးနဲ႔ မေရာက္ခင္ ေပၚတိုမွာ ၁၆ဂိုးသြင္းယူႏုိင္ခဲ့ၿပီး
ေပၚတုိကလည္း ေပၚတူဂီအမွတ္ေပးခ်န္ပီယံဆုကာကြယ္နိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။