လီဗာပူးပိုင်ရှင်သစ်လိုနေပြီဆိုတဲ့ နဗီးလ်ကို ငွေမသုံးလည်း မင်းကလပ်လိုအောင်မြင်တယ်လို့ ကာရေဂါ ဘလိုင်းကြီးထခွပ်ခဲ့တယ်

လီဗာပူးနဲ့ ဘရန်ဖို့ဒ်ပွဲပြီးသုံးသပ်ချက်တွေပြောဆိုရာမှာတော့

ဂယ်ရီနဗီးလ်ရဲ့အဆိုကို ကာရေဂါကပယ်ချခဲ့သလို မဆီမဆိုင်

ယူနိုက်တက်ကိစ္စတွေကိုပါ ပုတ်ခတ်ပြောဆိုသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ မန်စီးတီးနောက်ခံလူဟောင်း မီကာရတ်ချတ်နဲ့အတူ

Sky Sports ရုပ်သံအစီအစဉ်မှာပါဝင်ခဲ့တာဖြစ်ပြီး လီဗာပူးရဲ့

ဒီရာသီ ၅ပွဲ မြောက်အရှုံးအတွက် ကာရေဂါဟာ အတော်လေး

ခံပြင်းနေပုံရပါတယ်။ ပွဲပြီးသုံးသပ်ချက်မှာတော့ ဂယ်ရီနဗီးလ်က

“လီဗာပူးအတွက် ကလော့ပ်ကိုဆက်ထိန်းပြီး ပိုင်ရှင်သစ်ရဖို့

အရေးကြီးတယ်။ မှန်ကန်တဲ့ပိုင်ရှင်သစ်တွေပါ” လို့ စကားစခဲ့တာပါ။

ကာရေဂါကတော့ နဗီးလ်ရဲ့တင်ပြချက်ကို အကန်တွေစပြောပါတော့တယ်။

“ပိုင်ရှင်သစ်မလိုဘူး၊ ဒါကအရေးမကြီးဘူး။ မင်းအနိုင်ရခဲ့သမျှတွေအားလုံး

သူတို့အနိုင်ရခဲ့တယ်။ ပိုင်ရှင်သစ် မလိုဘူး” လို့ လီဗာပူး

နောက်ခံလူဟောင်းက တုံ့ပြန်ခဲ့ပါတယ်။ ဒါကို နဗီးလ်က

“သူတို့ အသင်းကိုရောင်းနေတာမဟုတ်ဘူးလား” လို့ ပြန်ပြောခဲ့ပါတယ်။

ကာရေဂါကငြင်းလိုက်ပြီး ဂလေဇာမိသားစုလက်ထက် ယူနိုက်တက်ရဲ့

အပြောင်းအရွှေ့တွေကိုပါ အစဆွဲထုတ်လိုက်ပါတယ်။

“မဟုတ်ဘူး၊ သူတို့ထွက်မသွားရင် လီဗာပူးကပိုင်ရှင်ရှိပြီးသားပါ။

အပြောင်းအရွှေ့ဈေးကွက်မှာ ပါးနပ်မှုရှိရှိနဲ့ အရာအားလုံးအနိုင်ရခဲ့တယ်။

မင်းကလပ်လို ပိုက်ဆံတွေလေပေါ်ဝဲနေစရာမလိုဘူး။

အဲ့လိုလုပ်တာက လုံးဝကိုအဓိပ္ပါယ်မဲ့တယ်” လို့ ကာရေဂါက

ဘလိုင်းကြီးခွပ်လိုက်ပါတယ်။ အတော်လေးရှုပ်ထွေးသွားတဲ့

အခြေအနေမှာတော့ နဗီးလ်က “မင်း ဘာအကြောင်းတွေပြောနေတာလဲ” လို့

ဆိုလိုက်ရာမှာတော့ ကာရေဂါက “မင်းက လီဗာပူးအတွက်

ပိုင်ရှင်သစ်လိုတယ်လို့ပြောနေတာက သူတို့ပိုက်ဆံလိုနေတယ်လို့

ပြောသလိုပဲ” လို့ တုံ့ပြန်လိုက်ပါတယ်။ ဒါတောင် နဗီးလ်က

သဘောပေါက်ဟန်မပြဘဲ “သူတို့ ပိုင်ရှင်သစ်လိုနေတယ်လို့

ငါပြောတာ” လို့ ဆိုခဲ့ပါတယ်။ နှစ်ယောက်သား အကန်တွေ

ပြောနေကြတဲ့အတွက် သူတို့နဲ့အတူပါဝင်ခဲ့တဲ့ မီကာရတ်ချတ်

တစ်ယောက် ဘာဆက်ပြောရမှန်းမသိအောင် ငုတ်တုတ်မေ့နေခဲ့ပါတယ်။

zawgyi

လီဗာပူးပိုင္ရွင္သစ္လိုေနၿပီဆိုတဲ့ နဗီးလ္ကို ေငြမသုံးလည္း မင္းကလပ္လိုေအာင္ျမင္တယ္လို႔ ကာေရဂါ ဘလိုင္းႀကီးထခြပ္ခဲ့တယ္

လီဗာပူးနဲ႔ ဘရန္ဖို႔ဒ္ပြဲၿပီးသုံးသပ္ခ်က္ေတြေျပာဆိုရာမွာေတာ့

ဂယ္ရီနဗီးလ္ရဲ႕အဆိုကို ကာေရဂါကပယ္ခ်ခဲ့သလို မဆီမဆိုင္

ယူႏိုက္တက္ကိစၥေတြကိုပါ ပုတ္ခတ္ေျပာဆိုသြားခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ မန္စီးတီးေနာက္ခံလူေဟာင္း မီကာရတ္ခ်တ္နဲ႔အတူ

Sky Sports ႐ုပ္သံအစီအစဥ္မွာပါဝင္ခဲ့တာျဖစ္ၿပီး လီဗာပူးရဲ႕

ဒီရာသီ ၅ပြဲ ေျမာက္အရႈံးအတြက္ ကာေရဂါဟာ အေတာ္ေလး

ခံျပင္းေနပုံရပါတယ္။ ပြဲၿပီးသုံးသပ္ခ်က္မွာေတာ့ ဂယ္ရီနဗီးလ္က

“လီဗာပူးအတြက္ ကေလာ့ပ္ကိုဆက္ထိန္းၿပီး ပိုင္ရွင္သစ္ရဖို႔

အေရးႀကီးတယ္။ မွန္ကန္တဲ့ပိုင္ရွင္သစ္ေတြပါ” လို႔ စကားစခဲ့တာပါ။

ကာေရဂါကေတာ့ နဗီးလ္ရဲ႕တင္ျပခ်က္ကို အကန္ေတြစေျပာပါေတာ့တယ္။

“ပိုင္ရွင္သစ္မလိုဘူး၊ ဒါကအေရးမႀကီးဘူး။ မင္းအႏိုင္ရခဲ့သမွ်ေတြအားလုံး

သူတို႔အႏိုင္ရခဲ့တယ္။ ပိုင္ရွင္သစ္ မလိုဘူး” လို႔ လီဗာပူး

ေနာက္ခံလူေဟာင္းက တုံ႔ျပန္ခဲ့ပါတယ္။ ဒါကို နဗီးလ္က

“သူတို႔ အသင္းကိုေရာင္းေနတာမဟုတ္ဘူးလား” လို႔ ျပန္ေျပာခဲ့ပါတယ္။

ကာေရဂါကျငင္းလိုက္ၿပီး ဂေလဇာမိသားစုလက္ထက္ ယူႏိုက္တက္ရဲ႕

အေျပာင္းအေ႐ႊ႕ေတြကိုပါ အစဆြဲထုတ္လိုက္ပါတယ္။

“မဟုတ္ဘူး၊ သူတို႔ထြက္မသြားရင္ လီဗာပူးကပိုင္ရွင္ရွိၿပီးသားပါ။

အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပါးနပ္မႈရွိရွိနဲ႔ အရာအားလုံးအႏိုင္ရခဲ့တယ္။

မင္းကလပ္လို ပိုက္ဆံေတြေလေပၚဝဲေနစရာမလိုဘူး။

အဲ့လိုလုပ္တာက လုံးဝကိုအဓိပၸါယ္မဲ့တယ္” လို႔ ကာေရဂါက

ဘလိုင္းႀကီးခြပ္လိုက္ပါတယ္။ အေတာ္ေလးရႈပ္ေထြးသြားတဲ့

အေျခအေနမွာေတာ့ နဗီးလ္က “မင္း ဘာအေၾကာင္းေတြေျပာေနတာလဲ” လို႔

ဆိုလိုက္ရာမွာေတာ့ ကာေရဂါက “မင္းက လီဗာပူးအတြက္

ပိုင္ရွင္သစ္လိုတယ္လို႔ေျပာေနတာက သူတို႔ပိုက္ဆံလိုေနတယ္လို႔

ေျပာသလိုပဲ” လို႔ တုံ႔ျပန္လိုက္ပါတယ္။ ဒါေတာင္ နဗီးလ္က

သေဘာေပါက္ဟန္မျပဘဲ “သူတို႔ ပိုင္ရွင္သစ္လိုေနတယ္လို႔

ငါေျပာတာ” လို႔ ဆိုခဲ့ပါတယ္။ ႏွစ္ေယာက္သား အကန္ေတြ

ေျပာေနၾကတဲ့အတြက္ သူတို႔နဲ႔အတူပါဝင္ခဲ့တဲ့ မီကာရတ္ခ်တ္

တစ္ေယာက္ ဘာဆက္ေျပာရမွန္းမသိေအာင္ ငုတ္တုတ္ေမ့ေနခဲ့ပါတယ္။