လီဗာပူးနှင့်ပွဲစဉ်တွင်  ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ ဂိုးသမားမိုက်မင်ညောင်

အေစီမီလန်ဂိုးသမားမိုက်မင်ညောင်ဟာ လီဗာပူးနှင့်ပွဲစဉ်တွင်မိုဟာမက်ဆာ

လက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှု

ပြုလုပ်ခဲ့ရခြင်းကြောင့် ၁၀ပတ်ကြာအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။

ပြင်သစ်ဂိုးသမားဟာပြီးခဲ့တဲ့နွေရာသီတုန်းကဒွန်မာရမ်မာရဲ့နေရာမှာ

အစားထိုးရန်အေစီမီလန်သို့လိုင်လီမှရောက်လာသူဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိဂိုးသမားဟာစီးရီးအေ၇ပွဲကစားထားရာမှာအေစီမီလန်အသင်းကို

ရှုံးပွဲမရှိအောင်ကူညီထားကာအီတလီမှာလက်စွမ်းပြနေပါတယ်။

ဒါပေမယ့်သူ့ရဲ့အီတလီတာထွက်ကောင်းမှုကကံဆိုးစွာဘဲအတားအဆီး

ကြုံလာရပါတယ်။သူဟာပြီးခဲ့တဲ့လတုန်းကအန်ဖီးလ်တွင်ကစားခဲ့တဲ့

လီဗာပူးနှင့်ချန်ပီယံလိဂ်ပွဲမှာဆာလက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်

ဒဏ်ရာရရှိသွားခဲ့ပါတယ်။ လီဗာပူးကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းမှာ

သူဟာတံတောင်ဆစ်နာကျင်လာခဲ့ပေမယ့်အေစီမီလန်အတွက်

ငါးပွဲဆက်တိုက်ကစားခဲ့ပါတယ်။

ယခုအခါမှာတော့သူဟာဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်လိုက်ရပြီဖြစ်ပါတယ်။

သူဟာခြောက်ပတ်ကြာအနားယူပြီးနောက်လေးပတ်အားပြန်လည်

နလန်ထူရေးလေ့ကျင့်ခန်းများပြုလုပ်လိုက်ပါတယ်။ အေစီမီလန်ဟာ

မိုက်မင်ညောင်ရဲ့နေရာမှာယာယီအစားထိုးဖို့အတွက်ဂျူဗင်တပ်နှင့်

ရိုးမားဂိုးသမားဟောင်းအန်တိုနီမီရန်တီကိုခေါ်ယူလိုက်ပါတယ်။

zawgyi

လီဗာပူးႏွင့္ပြဲစဥ္တြင္  ပင္နယ္တီကိုကာကြယ္စဥ္ရရွိခဲ့တဲ့ဒဏ္ရာအားခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရတဲ့ ဂိုးသမားမိုက္မင္ေညာင္

ေအစီမီလန္ဂိုးသမားမိုက္မင္ေညာင္ဟာ လီဗာပူးႏွင့္ပြဲစဥ္တြင္မိုဟာမက္ဆာ

လက္ရဲ႕ပင္နယ္တီကိုကာကြယ္စဥ္ရရွိခဲ့တဲ့ဒဏ္ရာအားခြဲစိတ္ကုသမႈ

ျပဳလုပ္ခဲ့ရျခင္းေၾကာင့္ ၁၀ပတ္ၾကာအနားယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ျပင္သစ္ဂိုးသမားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဒြန္မာရမ္မာရဲ႕ေနရာမွာ

အစားထိုးရန္ေအစီမီလန္သို႔လိုင္လီမွေရာက္လာသူျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိဂိုးသမားဟာစီးရီးေအ၇ပြဲကစားထားရာမွာေအစီမီလန္အသင္းကို

ရႈံးပြဲမရွိေအာင္ကူညီထားကာအီတလီမွာလက္စြမ္းျပေနပါတယ္။

ဒါေပမယ့္သူ႔ရဲ႕အီတလီတာထြက္ေကာင္းမႈကကံဆိုးစြာဘဲအတားအဆီ

းႀကဳံလာရပါတယ္။သူဟာၿပီးခဲ့တဲ့လတုန္းကအန္ဖီးလ္တြင္ကစားခဲ့တဲ့

လီဗာပူးႏွင့္ခ်န္ပီယံလိဂ္ပြဲမွာဆာလက္ရဲ႕ပင္နယ္တီကိုကာကြယ္စဥ္

ဒဏ္ရာရရွိသြားခဲ့ပါတယ္။ လီဗာပူးကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲေနာက္ပိုင္းမွ

ာသူဟာတံေတာင္ဆစ္နာက်င္လာခဲ့ေပမယ့္ေအစီမီလန္အတြက္

ငါးပြဲဆက္တိုက္ကစားခဲ့ပါတယ္။ယခုအခါမွာေတာ့သူဟာဒဏ္ရာကို

ခြဲစိတ္ကုသမႈျပဳလုပ္လိုက္ရၿပီျဖစ္ပါတယ္။

သူဟာေျခာက္ပတ္ၾကာအနားယူၿပီးေနာက္ေလးပတ္အားျပန္လည္

နလန္ထူေရးေလ့က်င့္ခန္းမ်ားျပဳလုပ္လိုက္ပါတယ္။ ေအစီမီလန္ဟာ

မိုက္မင္ေညာင္ရဲ႕ေနရာမွာယာယီအစားထိုးဖို႔အတြက္ဂ်ဴဗင္တပ္ႏွင့္

႐ိုးမားဂိုးသမားေဟာင္းအန္တိုနီမီရန္တီကိုေခၚယူလိုက္ပါတယ္။