လီဗာပူးနဲ့ပွဲဦးထွက်ရတော့မယ့် ဂတ်ပိုကို ပြင်ပကမ္ဘာရဲ့ပြောစကားတွေ လျစ်လျူရှုထားဖို့ ဗန်ဒိုက် တိုက်တွန်းထား
ဗန်ဒိုက်ဟာ အန်ဖီးလ်ရဲ့အသစ်စက်စက်တိုက်စစ်မှူး ဂတ်ပိုနဲ့
ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အသင်းသစ်မှာအဆင်ပြေစေမယ့်
နည်းလမ်းတွေကိုလမ်းကြောင်းပေခဲ့တယ်လို့ သိရပါတယ်။
ပေါင်သန်း ၄၀ တန် တိုက်စစ်မှူးနဲ့ပက်သတ်လို့ပြင်ပမှာ
ဆူညံနေပြီး နယ်သာလန်သားရဲ့ပွဲဦးထွက်ကို စောင့်မျှော်နေ
ကြပါတယ်။ ဒါကြောင့် ဗန်ဒိုက်က ပြင်ပကမ္ဘာရဲ့ပြောစကားတွေကို
လျစ်လျူရှုထားဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။ ဂတ်ပိုဟာ ဘရန်ဖို့ဒ်ကို
စိတ်ပျက်စရာ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအတွက်
ပါဝင်ခွင့်မရခဲ့ပေမဲ့ ဒီညကစားမယ့် ဝုဗ်နဲ့ အက်ဖ်အေဖလား
တတိယအဆင့်ပွဲစဉ်မှာ ကြိုးကြာနီတွေအတွက် စတင်
ပွဲထွက်ရဖို့ရှိနေတာပါ။ ဗန်ဒိုက်ကတော့ နယ်သာလန်
အသင်းဖော်ရဲ့အကြောင်းကိုနားလည်ထားသူဖြစ်ပြီး
မာဆေးဆိုက်ကလပ်ကိုမပြောင်းလာခင်မှာကတည်းက
သူ့ရဲ့မိသားစုဝင်တွေနဲ့ဆွေးနွေးခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
“သူ ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့တော့ထင်တယ်။
ဒါပေမဲ့ မင်းဒီလိုဖိအားတွေအောက်မှာ မနေရမချင်း
ဘာတွေဖြစ်လာဦးမလဲဆိုတာမသိနိုင်ပါဘူး။
သူခေါင်းငုံ့ပြီး အသင်းလုပ်နေတာကိုလိုက်ကြည့်ရမယ်၊
နည်းပြပြောစကားနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကစားသမားတွေ
စကားကို နားထောင်ရမယ်။ ပြင်ပကမ္ဘာရဲ့စကားတွေကို
အလွန်အကျွံနားမထောင်ပါနဲ့ ဘာကြောင့်လဲဆိုတော့
မင်းဟာတစ်နေ့မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်သလို
အဆိုးဆုံးတွေထဲကတစ်ယောက်လည်းဖြစ်လာနိုင်လို့ပါ။
အလယ်မှာ ဘယ်တော့မှရှိမှာမဟုတ်ဘူး၊ တည်တည်ငြိမ်ငြိမ်နဲ့
လုပ်ရမှာဖြစ်သလို လုပ်နိုင်မယ်လို့ထင်တယ်။ သူက အဲ့ဒီလို
လူအမျိုးအစားဖြစ်တယ်။ လိုအပ်ရင် ကျွန်တော်သူ့ကိုကူညီမယ်။
သူက ကြီးကျယ်ခမ်းနားတဲ့ကစားသမားဖြစ်သလို လိမ္မာပါးနပ်တဲ့
ပင်ကိုယ်စရိုက်လည်းရှိပါတယ်” လို့ ဗန်ဒိုက် ကပြောဆိုခဲ့ပါတယ်။
zawgyi