လီဗာပူးနဲ့ပွဲမှာ အကြွေစေ့စာ မိတော့မလိုဖြစ်ခဲ့တဲ့ ဂွါဒီယိုလာ

လီဗာပူးက မန်စီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်ပရိသတ်တွေဟာ သူ့ကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဆာလက်ရှ်ရဲ့ တစ်ကိုယ်တော်သွင်းဂိုးကြောင့် လီဗာပူးဟာ အနိုင်ရခဲ့တာဖြစ်ပြီး မန်စီးတီးကတော့ ဒီရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲအရသာကို မြည်းစမ်းခွင့် ရခဲ့ပြီပဲ ဖြစ်ပါတယ်။

နိုင်ပွဲဆာလောင်မှုနဲ့အတူ နှစ်သင်းစလုံး စီးချင်းထိုးခဲ့တာကြောင့် အပိုင်အခွင့်အရေးတွေ ကိုယ်စီရခဲ့ကြပေမယ့် လီဗာပူးကတော့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးဟာ ဖိုဒန်ရဲ့ သွင်းဂိုးတစ်ဂိုး ရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးတဲ့နောက် ဟာလန်းက ဖာဘင်ဟိုကို ကွင်းလယ်မှာ ဆွဲလှဲခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အဲဒီဂိုးကို ခွင့်မပြုခဲ့ပါဘူး။

အဲဒီဆုံးဖြတ် ချက်အပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဒိုင်လူကြီးတွေကို ကြိမ်းမောင်းပြစ်တင်ခဲ့ပြီး အော်ငေါက်ခဲ့တာကြောင့် လီဗာပူးပရိသတ်တွေက ဒီစပိန်သားနည်းပြကို မျက်မုန်းကျိုးခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေဟာ ပွဲကစားနေချိန်အတွင်းမှာ သူ့ကို ပစ်မှတ်ထားပြီး နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

‘’နောက်တစ်ခါ ဆိုရင်တော့ သူတို့ မှန်အောင် ပစ်နိုင်မှာပါ။ အခုတော့ မထိခဲ့ပါဘူး။ သူတို့ ကျွန်တော့်ကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မမှန်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ထိမှန်တာရှိခဲ့ဖူးတယ်။ အခုတော့ မမှန်ပါဘူး’’ လို့ ဂွါဒီယိုလာက ၂၀၁၈ ခုနှစ်မှာ လီဗာပူးပရိသတ်တွေက မန်စီးတီး အသင်းရဲ့ ဘတ်စ်ကားကို ခဲလုံးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

နောက်ပြီး မန်စီးတီးရဲ့ သွင်းဂိုးကို ခွင့်မပြုတာနဲ့ ပတ်သက်ပြီးလည်း ဂွါဒီယိုလာက အခုလို ပြောဆိုခဲ့ပါတယ်။ ‘’ကျွန်တော်တို့ ဂိုးသွင်းပြီးခါမှ ခွင့်မပြုဘူးတဲ့။

အဲဒါ အန်ဖီးလ်ပဲဗျ။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မျှော်လင့်ခဲ့တာက သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လိုက်လျောညီထွေဖြစ်မှုပါ’’ လို့ ဂွါဒီယိုလာက Sky Sport ကို ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

လီဗာပူးနဲ႔ပြဲမွာ အေႂကြေစ့စာ မိေတာ့မလိုျဖစ္ခဲ့တဲ့ ဂြါဒီယိုလာ

လီဗာပူးက မန္စီးတီးကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အိမ္ရွင္ပရိသတ္ေတြ ဟာ သူ႔ကို အေႂကြေစ့ေတြနဲ႔ ပစ္ေပါက္ခဲ့တယ္လို႔ မန္စီးတီးနည္းျပ ဂြါဒီယို လာက ပြဲအၿပီးသတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာ သြင္းယူခဲ့တဲ့ တိုက္စစ္မႉးဆာလက္ရွ္ရဲ႕ တစ္ကိုယ္ေတာ္သြင္းဂိုးေၾကာင့္ လီ ဗာပူးဟာ အႏိုင္ရခဲ့တာျဖစ္ၿပီး မန္စီးတီးကေတာ့ ဒီရာသီရဲ႕ ပထမဆုံး ပရီးမီး ယားလိဂ္ ရႈံးပြဲအရသာကို ျမည္းစမ္းခြင့္ ရခဲ့ၿပီပဲ ျဖစ္ပါတယ္။

ႏိုင္ပြဲဆာေလာင္ မႈနဲ႔အတူ ႏွစ္သင္းစလုံး စီးခ်င္းထိုးခဲ့တာေၾကာင့္ အပိုင္အခြင့္အေရးေတြ ကိုယ္ စီရခဲ့ၾကေပမယ့္ လီဗာပူးကေတာ့ အခြင့္အေရးကို အမိအရ ဖမ္းဆုပ္ႏိုင္ခဲ့တဲ့ အသင္းျဖစ္ခဲ့ပါတယ္။ မန္စီးတီးဟာ ဖိုဒန္ရဲ႕ သြင္းဂိုးတစ္ဂိုး ရခဲ့ေပမယ့္ VAR ျပန္ၾကည့္ၿပီးတဲ့ေနာက္ ဟာလန္းက ဖာဘင္ဟိုကို ကြင္းလယ္မွာ ဆြဲလွဲခဲ့တယ္လို႔ ဆုံးျဖတ္ခဲ့တဲ့အတြက္ အဲဒီဂိုးကို ခြင့္မျပဳခဲ့ပါဘူး။

အဲဒီဆုံးျဖတ္ ခ်က္အၿပီးမွာေတာ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဒိုင္လူႀကီးေတြကို ႀကိမ္း ေမာင္းျပစ္တင္ခဲ့ၿပီး ေအာ္ေငါက္ခဲ့တာေၾကာင့္ လီဗာပူးပရိသတ္ေတြက ဒီ စပိန္သားနည္းျပကို မ်က္မုန္းက်ိဳးခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ ေတြဟာ ပြဲကစားေနခ်ိန္အတြင္းမွာ သူ႔ကို ပစ္မွတ္ထားၿပီး ေႏွာင့္ယွက္ဖို႔ ႀကိဳး စားခဲ့တယ္လို႔ ဂြါဒီယိုလာက ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

‘’ေနာက္တစ္ခါ ဆိုရင္ေတာ့ သူတို႔ မွန္ေအာင္ ပစ္ႏိုင္မွာပါ။ အခုေတာ့ မထိခဲ့ပါဘူး။ သူတို႔ ကြၽန္ေတာ့္ကို အေႂကြေစ့ေတြနဲ႔ ပစ္ေပါက္ဖို႔ ႀကိဳးစားခဲ့တယ္။ ဒါေပမဲ့ မမွန္ခဲ့ ပါဘူး။

လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းကေတာ့ ထိမွန္တာရွိခဲ့ဖူးတယ္။ အခုေတာ့ မမွန္ပါဘူး’’ လို႔ ဂြါဒီယိုလာက ၂၀၁၈ ခုႏွစ္မွာ လီဗာပူးပရိသတ္ေတြက မန္စီး တီး အသင္းရဲ႕ ဘတ္စ္ကားကို ခဲလုံးေတြနဲ႔ ပစ္ေပါက္ခဲ့တဲ့ ျဖစ္ရပ္ကို ရည္ ၫႊန္းၿပီး ေျပာဆိုခဲ့ပါတယ္။

ေနာက္ၿပီး မန္စီးတီးရဲ႕ သြင္းဂိုးကို ခြင့္မျပဳတာနဲ႔ ပတ္သက္ၿပီးလည္း ဂြါဒီယိုလာက အခုလို ေျပာဆိုခဲ့ပါတယ္။

‘’ကြၽန္ေတာ္တို႔ ဂိုးသြင္းၿပီးခါမွ ခြင့္မျပဳဘူးတဲ့။ အဲဒါ အန္ဖီးလ္ပဲဗ်။ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ခဲ့တာက သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္ သက္ၿပီး လိုက္ေလ်ာညီေထြ ျဖစ္မႈပါ’’ လို႔ ဂြါဒီယိုလာက Sky Sport ကို ေျပာ ဆိုသြားခဲ့ပါတယ္။