လီဗာပူးနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုကို ထည့်ပြီး မကစားစေချင်တဲ့ ရွန်နေး

လီဗာပူးနဲ့ ကစားမယ့် အင်္ဂလန်ဒါဘီပွဲစဉ်မှာ အသင်းဖော်ဟောင်း စီရော်နယ်ဒိုကို ထည့်မကစားစေချင်ဘူးလို့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နေးက ပြောဆိုလိုက်ပြီး နည်းပြအဲရစ်တန်ဟက်ရဲ့ အသင်းအနေနဲ့လည်း ကွင်းအတွင်းမှာ ကစားအားပြည့်ဝနေဖို့ လိုအပ်နေတယ်လို့

သတိပေးသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ယူနဲ့အတူ လေ့ကျင့်ချိန် ပြည့်ပြည့်၀၀ မရထားသေးတဲ့အတွက်ကြောင့် အသင်းနဲ့အတူ အံဝင်ခွင့်ကျရှိနေဖို့အတွက် အချိန်တစ်ခုလိုအပ်မှာဖြစ်ပြီး အလျင်စလို ထုတ်မသုံးသင့်ဘူးလို့ ရွန်နေးက ပြောဆိုပါတယ်။

‘’ကျွန်တော်ကတော့ စီရော်နယ်ဒိုကို မကစားစေချင်ဘူး။ ရက်ရှ်ဖို့ဒ်ကိုလည်း မကစားစေချင်ဘူး။ ကျွန်တော်သာ တန်ဟက်နေရာမှာ ဆိုရင် အဓိက စိုးရိမ်နေမိမှာက ကွင်းအတွင်း စွမ်းအားရနေဖို့ပါ။ နောက်ပြီး ဘရန်ဖို့ဒ်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ သူတို့ဟာ စီရော်နယ်ဒိုအပေါ်ကို

မှီခိုအား ထားနေခဲ့ရတာဟာ မန်ယူအနေနဲ့ နံပါတ် ၉ ဂျာစီအတွက် သွေးသစ်လောင်း ဖို့ ပျက်ကွက်နေတယ်ဆိုတာကို ပြောတာပါပဲ။ စီရော်နယ်ဒိုက အသင်းနဲ့ အတူ လေ့ကျင့်မှုတွေ အများကြီး မလုပ်ခဲ့ရသေးဘူးလေ။ ပွဲစဉ်တွေနဲ့အတူ အံဝင်ခွင့်ကျဖြစ်ဖို့အတွက် သူဟာ

အချိန် လိုအပ်နေပုံရပါတယ်။ တန်ဟက်ကလည်း သူ့အသင်းဆီကနေပြီး ကစားအားတွေ လိုအပ်နေတာပါ။ ဆိုလိုချင် တာကတော့ စီရော်နယ်ဒိုကို ချန်ထားစေချင်တာပါ’’ လို့ ရွန်နေးက The Times သတင်းစာကို ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ လည်း မန်ယူရဲ့

အခြေခံ အရည်အသွေးတွေ ပျောက်ပျက်နေတဲ့ ပုံစံမျိုး ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူးလို့ ရွန်နေးက ဆိုပါတယ်။ မန်ယူရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ရွန်နေးဟာ ပရီးမီးယားလိဂ် ဆုဖလားကို ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့

အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်နည်းပြနေသူဖြစ်ပါတယ်။ နောက်ပြီး နည်းပြတန်ဟက်ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဒီဂျောင်ကို ခေါ်ယူဖို့ မစွမ်းသာတာကြောင့် လွယ်လွယ်ကူကူ ခေါ်ယူလို့ရတဲ့ ကက်စ်မီရိုကို ခေါ်ယူလိုက်တာပဲဖြစ်တယ်လို့ ရွန်နေးက ဝေဖန်သွားခဲ့ပါတယ်။

(zawgyi)

လီဗာပူးနဲ႔ ကစားမယ့္ အဂၤလန္ဒါဘီပြဲစဥ္မွာ အသင္းေဖာ္ေဟာင္း စီေရာ္နယ္ဒိုကို ထည့္မကစားေစခ်င္ဘူးလို႔ မန္ယူတိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္ေနးက ေျပာဆိုလိုက္ၿပီး နည္းျပအဲရစ္တန္ဟက္ရဲ႕ အသင္းအေနနဲ႔လည္း ကြင္းအတြင္းမွာ

ကစားအားျပည့္ဝေနဖို႔ လိုအပ္ေနတယ္လို႔ သတိေပးသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ဒီရာသီမွာ မန္ယူနဲ႔အတူ ေလ့က်င့္ခ်ိန္ ျပည့္ျပည့္၀၀ မရထားေသးတဲ့အတြက္ေၾကာင့္ အသင္းနဲ႔အတူ အံဝင္ခြင့္က်ရွိေနဖို႔အတြက္ အခ်ိန္တစ္ခုလိုအပ္မွာျဖစ္ၿပီး

အလ်င္စလို ထုတ္မသုံးသင့္ဘူးလို႔ ႐ြန္ေနးက ေျပာဆိုပါတယ္။ ‘’ကြၽန္ေတာ္ကေတာ့ စီေရာ္နယ္ဒိုကို မကစားေစခ်င္ဘူး။ ရက္ရွ္ဖို႔ဒ္ကိုလည္း မကစားေစခ်င္ဘူး။ ကြၽန္ေတာ္သာ တန္ဟက္ေနရာမွာ ဆိုရင္ အဓိက စိုးရိမ္ေနမိမွာက ကြင္းအတြင္း စြမ္းအားရေနဖို႔ပါ။

ေနာက္ၿပီး ဘရန္ဖို႔ဒ္နဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္မွာ သူတို႔ဟာ စီေရာ္နယ္ဒိုအေပၚကို မွီခိုအား ထားေနခဲ့ရတာဟာ မန္ယူအေနနဲ႔ နံပါတ္ ၉ ဂ်ာစီအတြက္ ေသြးသစ္ေလာင္း ဖို႔ ပ်က္ကြက္ေနတယ္ဆိုတာကို ေျပာတာပါပဲ။ စီေရာ္နယ္ဒိုက အသင္းနဲ႔ အတူ ေလ့က်င့္မႈေတြ

အမ်ားႀကီး မလုပ္ခဲ့ရေသးဘူးေလ။ ပြဲစဥ္ေတြနဲ႔အတူ အံဝင္ခြင့္က်ျဖစ္ဖို႔အတြက္ သူဟာ အခ်ိန္ လိုအပ္ေနပုံရပါတယ္။ တန္ဟက္ကလည္း သူ႔အသင္းဆီကေနၿပီး ကစားအားေတြ လိုအပ္ေနတာပါ။ ဆိုလိုခ်င္ တာကေတာ့ စီေရာ္နယ္ဒိုကို ခ်န္ထားေစခ်င္တာပါ’’ လို႔ ႐ြန္ေနးက

The Times သတင္းစာကို ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး ဘရန္ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ လည္း မန္ယူရဲ႕ အေျခခံ အရည္အေသြးေတြ ေပ်ာက္ပ်က္ေနတဲ့ ပုံစံမ်ိဳး ဘယ္တုန္းကမွ မျမင္ဖူးခဲ့ဘူးလို႔ ႐ြန္ေနးက ဆိုပါတယ္။ မန္ယူရဲ႕ ထာဝရ ဂိုးသြင္း အမ်ားဆုံး

ကစားသမားျဖစ္တဲ့႐ြန္ေနးဟာ ပရီးမီးယားလိဂ္ ဆုဖလားကို ၅ ႀကိမ္တိုင္တိုင္ ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ကို ကိုင္တြယ္နည္းျပေနသူျဖစ္ပါတယ္။

ေနာက္ၿပီး နည္းျပတန္ဟက္ဟာ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔အတြက္ ဒီေဂ်ာင္ကို ေခၚယူဖို႔ မစြမ္းသာတာေၾကာင့္ လြယ္လြယ္ကူကူ ေခၚယူလို႔ရတဲ့ ကက္စ္မီ႐ိုကို ေခၚယူလိုက္တာပဲျဖစ္တယ္လို႔ ႐ြန္ေနးက ေဝဖန္သြားခဲ့ပါတယ္။