လီဗာပူးတိုက်စစ်မှူး အိုရီဂီကို ခေါ်ယူဖို့ နီးစပ်လာပြီဖြစ်တဲ့ အေစီမီလန်

အေစီမီလန်အသင်းဟာ လီဗာပူးတိုက်စစ်မှူး အိုရီဂီကို

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ အိုရီဂီဟာ ယခုရာသီအကုန်မှာ
လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်နဝါရီလကတည်းက
ပြည်ပကလပ်တွေနဲ့ ဆွေးနွေးခွင့်ရရှိထားရာ အေစီမီလန်က
ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတာဖြစ်ပါတယ်။

တကယ်လို့ အိုရီဂီသာ ယခုရာသီမှာ သတ်မှတ်ထားတဲ့
ဦးစားပေးပွဲကစားခွင့်အရေအတွက် ပြည့်ခဲ့ရင် လီဗာပူးက
သူ့ကို တစ်နှစ်စာချုပ်သစ်ချုပ်ခွင့်ရမယ့်အချက်ရှိနေပေမယ့်
အဲဒီလိုဖြစ်လာဖို့က ရာခိုင်နှုန်းအတော်လေးနည်းနေပြီး
အိုရီဂီအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်မှာ ၅ပွဲကစားခွင့်ရထားတဲ့အနက်

၅ပွဲစလုံးက အရန်အဖြစ်ပဲ ကစားခွင့်ရထားတာဖြစ်ပါတယ်။
အိုရီဂီဟာ ၂၀၁၄ ခုနှစ်ကတည်းက လီဗာပူးကို
ရောက်နေခဲ့တာဖြစ်ပေမယ့် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်
ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲအများစုကို အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့တာပါ။
ဒါပေမဲ့ သူဟာ လီဗာပူးအတွက် အရေးကြီးတဲ့ဂိုးတချို့သွင်းယူနိုင်ခဲ့ပြီး

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာ
အရေးပါတဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့သလို အဲဒီရာသီမှာပဲ
အဲဗာတန်ဘက်ကို ပွဲချိန် ၉၆မိနစ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အိုရီဂီဟာ ဒူးဒဏ်ရာကြောင့် ယခုရာသီအစက
၂လလောက်အနားယူခဲ့ရပေမယ့် ပြန်ကောင်းလာချိန်မှာလည်း

ပွဲထွက်ခွင့်ရဖို့ ဆာလာ၊ မာနေး၊ ဖာမီနို၊ ဂျိုတာ၊
ယခုလည်း ဒီယက်ဇ်တို့နဲ့ အားပြိုင်နေရပါတယ်။

Zawgyi

လီဗာပူးတုိက္စစ္မွဴး အိုရီဂီကို ေခၚယူဖုိ႔ နီးစပ္လာၿပီျဖစ္တဲ့ ေအစီမီလန္
ေအစီမီလန္အသင္းဟာ လီဗာပူးတုိက္စစ္မွဴး အိုရီဂီကို
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖုိ႔ နီးစပ္ေနၿပီျဖစ္ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ရွိ အုိရီဂီဟာ ယခုရာသီအကုန္မွာ
လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဇန္န၀ါရီလကတည္းက

ျပည္ပကလပ္ေတြနဲ႔ ေဆြးေႏြးခြင့္ရရွိထားရာ ေအစီမီလန္က
ေခၚယူႏုိင္ဖုိ႔ ထိပ္ဆုံးကေန ေရပန္းစားေနတာျဖစ္ပါတယ္။
တကယ္လုိ႔ အိုရီဂီသာ ယခုရာသီမွာ သတ္မွတ္ထားတဲ့
ဦးစားေပးပြဲကစားခြင့္အေရအတြက္ ျပည့္ခဲ့ရင္ လီဗာပူးက
သူ႕ကို တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ခြင့္ရမယ့္အခ်က္ရွိေနေပမယ့္

အဲဒီလုိျဖစ္လာဖုိ႔က ရာခိုင္ႏႈန္းအေတာ္ေလးနည္းေနၿပီး
အိုရီဂီအေနနဲ႔ ယခုရာသီပရီးမီးယားလိဂ္မွာ ၅ပြဲကစားခြင့္ရထားတဲ့အနက္
၅ပြဲစလုံးက အရန္အျဖစ္ပဲ ကစားခြင့္ရထားတာျဖစ္ပါတယ္။
အိုရီဂီဟာ ၂၀၁၄ ခုႏွစ္ကတည္းက လီဗာပူးကို
ေရာက္ေနခဲ့တာျဖစ္ေပမယ့္ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္

ရဖို႔ ရုန္းကန္ခဲ့ရၿပီး ပြဲအမ်ားစုကို အရန္ကစားသမားအျဖစ္သာ ကစားခြင့္ရခဲ့တာပါ။
ဒါေပမဲ့ သူဟာ လီဗာပူးအတြက္ အေရးႀကီးတဲ့ဂိုးတခ်ိဳ႕သြင္းယူႏုိင္ခဲ့ၿပီး
၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္နဲ႔ ဗိုလ္လုပြဲေတြမွာ
အေရးပါတဲ့ဂိုးေတြ သြင္းယူႏိုင္ခဲ့သလုိ အဲဒီရာသီမွာပဲ
အဲဗာတန္ဘက္ကို ပြဲခ်ိန္ ၉၆မိနစ္မွာ အႏိုင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

အိုရီဂီဟာ ဒူးဒဏ္ရာေၾကာင့္ ယခုရာသီအစက
၂လေလာက္အနားယူခဲ့ရေပမယ့္ ျပန္ေကာင္းလာခ်ိန္မွာလည္း
ပြဲထြက္ခြင့္ရဖို႔ ဆာလာ၊ မာေနး၊ ဖာမီႏို၊ ဂ်ိဳတာ၊
ယခုလည္း ဒီယက္ဇ္တို႔နဲ႔ အားၿပိဳင္ေနရပါတယ္။