လီဗာပူးကို ဂတ်ပိုပြောင်းရွှေ့တော့မယ်ဆိုတဲ့အတည်ပြုချက်ပို့စ်တင်ပြီးနောက် ပီအက်စ်ဗွီအသင်း ပြန်ဖျက်သွားခဲ့

နယ်သာလန်တိုက်စစ်မှူးဂတ်ပိုဟာ လီဗာပူးအသင်းဆီကို

အံ့အားသင့်ဖွယ်ပြောင်းရွှေ့လုနီးပါးဖြစ်ပုံရခဲ့တဲ့ အစောပိုင်း

အတည်ပြုချက်ပို့စ်ကိုတော့ ပီအက်ဗွီအသင်းဘက်က အလျင်အမြန်

ပယ်ဖျက်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ နယ်သာလန်အတွက်

၃ ဂိုးသွင်းပြီး ပွဲတိုင်းခြေစွမ်းပြခဲ့တဲ့ ဂတ်ပိုဟာ ဇန်နဝါရီမှာ

ပီအက်ဗွီကိုကျောခိုင်းဖို့သေချာသလောက်နီးပါးရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်မှာကတည်းက ဒတ်ချ်တိုက်စစ်မှူးကို

ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့

လိဒ်ယူနိုက်တက်တို့က ချိတ်ဆက်ခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ညမှာတော့ တန်ဟတ်ရဲ့ နံပါတ် ၁

ပစ်မှတ်ကစားသမားဟာ လီဗာပူးနဲ့လက်မှတ်ထိုးဖို့နီးစပ်ခဲ့ပြီး

ပေါင် ၃၇ သန်းနဲ့ထွက်ခွာတော့မယ်လို့သတင်းတွေ

ထွက်ပေါ်လာခဲ့တဲ့နောက် ဂတ်ပိုရဲ့ကိစ္စကပိုပြီးဟိုးလေးတစ်ကျော်

ဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဗွီအသင်းတရားဝင်ဝက်ဘ်ဆိုက်က

လီဗာပူးကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့ အတည်ပြုချက်

ထွက်လာခဲ့သလို အပြောင်းအရွှေ့ဆရာတစ်ဆူဖြစ်တဲ့

ရိုမာနိုကလည်း ဂတ်ပိုနဲ့ လီဗာပူးသတင်းကိုထောက်ခံခဲ့ပါတယ်။

“ပီအက်စ်ဗွီနဲ့ လီဗာပူးတို့ဟာ ဂတ်ပိုရဲ့ပြောင်းရွှေ့ကြေးအတွက်

သဘောတူညီမှုရယူထားပြီးဖြစ်တယ်။ အသက် ၂၃ နှစ်အရွယ်

တိုက်စစ်မှူးဟာ အပြောင်းအရွှေ့ကိစ္စအပြီးသတ်လုပ်ဆောင်ဖို့အတွက်

အင်္ဂလန်ကိုထွက်ခွာတော့မှာပါ။ နှစ်သင်းစလုံးကပြောင်းရွှေ့ကြေးနဲ့

ပက်သတ်လို့ကြေညာချက်မထုတ်ရသေးပါဘူး။

ဒါပေမဲ့ ပီအက်ဗွီအတွက်တော့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်မှာပါ” လို့

အသင်းအထွေထွေမန်နေဂျာ မာဆယ်ဘရန်းစ်ကအသစ်တစ်ဖန်

အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်ဗွီအသင်းက

အစောပိုင်းအတည်ပြုချက်ပို့စ်ကို ထူးထူးခြားခြားပြန်ဖျက်ပစ်ခဲ့ပါတယ်။

zawgyi

လီဗာပူးကို ဂတ္ပိုေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့အတည္ျပဳခ်က္ပို႔စ္တင္ၿပီးေနာက္ ပီအက္စ္ဗြီအသင္း ျပန္ဖ်က္သြားခဲ့

နယ္သာလန္တိုက္စစ္မႉးဂတ္ပိုဟာ လီဗာပူးအသင္းဆီကို

အံ့အားသင့္ဖြယ္ေျပာင္းေ႐ႊ႕လုနီးပါးျဖစ္ပုံရခဲ့တဲ့ အေစာပိုင္း

အတည္ျပဳခ်က္ပို႔စ္ကိုေတာ့ ပီအက္ဗြီအသင္းဘက္က အလ်င္အျမန္

ပယ္ဖ်က္ခဲ့ပါတယ္။ ကမာၻ႔ဖလားမွာ နယ္သာလန္အတြက္

၃ ဂိုးသြင္းၿပီး ပြဲတိုင္းေျခစြမ္းျပခဲ့တဲ့ ဂတ္ပိုဟာ ဇန္နဝါရီမွာ

ပီအက္ဗြီကိုေက်ာခိုင္းဖို႔ေသခ်ာသေလာက္နီးပါးရွိေနပါတယ္။

ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာကတည္းက ဒတ္ခ်္တိုက္စစ္မႉးကို

ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔

လိဒ္ယူႏိုက္တက္တို႔က ခ်ိတ္ဆက္ခဲ့တာျဖစ္တယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔ညမွာေတာ့ တန္ဟတ္ရဲ႕ နံပါတ္ ၁

ပစ္မွတ္ကစားသမားဟာ လီဗာပူးနဲ႔လက္မွတ္ထိုးဖို႔နီးစပ္ခဲ့ၿပီး

ေပါင္ ၃၇ သန္းနဲ႔ထြက္ခြာေတာ့မယ္လို႔သတင္းေတြ

ထြက္ေပၚလာခဲ့တဲ့ေနာက္ ဂတ္ပိုရဲ႕ကိစၥကပိုၿပီးဟိုးေလးတစ္ေက်ာ္

ျဖစ္လာခဲ့ပါတယ္။ ပီအက္စ္ဗြီအသင္းတရားဝင္ဝက္ဘ္ဆိုက္က

လီဗာပူးကိုေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့ အတည္ျပဳခ်က္

ထြက္လာခဲ့သလို အေျပာင္းအေ႐ႊ႕ဆရာတစ္ဆူျဖစ္တဲ့

႐ိုမာႏိုကလည္း ဂတ္ပိုနဲ႔ လီဗာပူးသတင္းကိုေထာက္ခံခဲ့ပါတယ္။

“ပီအက္စ္ဗြီနဲ႔ လီဗာပူးတို႔ဟာ ဂတ္ပိုရဲ႕ေျပာင္းေ႐ႊ႕ေၾကးအတြက္

သေဘာတူညီမႈရယူထားၿပီးျဖစ္တယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္

တိုက္စစ္မႉးဟာ အေျပာင္းအေ႐ႊ႕ကိစၥအၿပီးသတ္လုပ္ေဆာင္ဖို႔အတြက္

အဂၤလန္ကိုထြက္ခြာေတာ့မွာပါ။ ႏွစ္သင္းစလုံးကေျပာင္းေ႐ႊ႕ေၾကးနဲ႔

ပက္သတ္လို႔ေၾကညာခ်က္မထုတ္ရေသးပါဘူး။

ဒါေပမဲ့ ပီအက္ဗြီအတြက္ေတာ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္မွာပါ” လို႔

အသင္းအေထြေထြမန္ေနဂ်ာ မာဆယ္ဘရန္းစ္ကအသစ္တစ္ဖန္

အတည္ျပဳေပးခဲ့ပါတယ္။ ဒါေပမဲ့ ပီအက္ဗြီအသင္းက

အေစာပိုင္းအတည္ျပဳခ်က္ပို႔စ္ကို ထူးထူးျခားျခားျပန္ဖ်က္ပစ္ခဲ့ပါတယ္။