လီဗာပူးကို ချန်ပီယံပြိုင်ဘက်အသင်းလိုပဲ ရင်ဆိုင်မယ်ဆိုတဲ့ ဂွါဒီယိုလာ

လက်ရှိဘောလုံးရာသီမှာ လီဗာပူးအသင်းရုန်းကန်နေရတာတွေကို ပဓာနမထားဘဲ ချန်ပီယံပြိုင်ဘက် အသင်းတစ်သင်းလို ရင်ဆိုင်သွားမှာဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။ စပိန်သားနည်းပြရဲ့ မန် စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ အန်ဖီးလ်ကွင်းဆီကို သွား ရောက်ရမှာဖြစ်ပြီး သူတို့အသင်းနောက် ၁၃ မှတ် ပြတ်ကျန်နေတဲ့ လီဗာပူးကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ နှစ်ကြိမ်တွေ့ဆုံခဲ့ကြပြီး ပထမတစ်ကြိမ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်ပါတယ်။ ဒုတိယတစ်ကြိမ်ကတော့ သြဂုတ်လမှာ ကစားခဲ့တဲ့ ကွန်မြူ နတီဒိုင်းပြိုင်ပွဲပဲ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ ၃ နှစ်နီးပါး အတွင်းမှာ လီဗာပူးကို မရှုံးခဲ့တဲ့ မှတ်တမ်းမျိုး ပိုင်ဆိုင်ထားပြီး ၂၀၂၁ ဖေဖော်ဝါရီတုန်းက ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ၄-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုအတွက် အရေးပါတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

တစ်ခုရှိ တာက လီဗာပူးဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလကစပြီး ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ လုံး၀ မရှိခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ ဘောလုံးမှာ ၁၂ ယောက် မြောက် ကစားသမားလို့ ကင်ပွန်းတပ်ခံရတဲ့ ပရိသတ်တွေရဲ့ ဖိအားကြောင့် ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ရင်ဆိုင်မယ့်ပွဲစဉ်မှာတော့ လီဗာပူးရဲ့ ပရိသတ်တွေ ဟာလည်း သူတို့အတွက် ပဓာနမကျသလို ကြိုးကြာနီရဲ့ မတည်ငြိမ်တဲ့ ခြေ စွမ်းမျိုးကိုလည်း ထည့်သွင်းစဉ်းစားမှာမဟုတ်ဘဲ လုပ်စရာရှိတာကို အစွမ်း ကုန် ကြိုးစားအားထုတ်မှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။

‘’မှန်ပါတယ်။ ပရိသတ်က အကျုံးဝင်တာပေါ့။ ဒါပေမဲ့ ပုံမှန်အားဖြင့် မန်စီးတီးက အန်ဖီးလ်ကွင်းမှာ ရုန်းကန်ရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အသင်းကောင်းတစ်သင်းရှိလို့ပါ။

ဒါက ပရိသတ် ဖိအားပေးနိုင်မှု အကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးတစ်ခုပါ။

ဒီလိုပွဲမျိုးကို ကစားရတာက စိတ်ချမ်းသာစရာပါ။ ဒါပေမဲ့ ဒါက ဘောလုံးပွဲပါ။ သူတို့အသင်းမှာရှိနေတဲ့ စွမ်းရည်ကြောင့် လီဗာပူးဟာ ကျွန်တော်တို့အတွက် အရေးပါတယ်။ ထိပ်တန်းအဆင့်မျိုးနဲ့ကို ပြုမူရမယ်။ အထူးသဖြင့် ဘောလုံးဆုံးရှုံးနေချိန်မှာပေါ့။ ဘောလုံးဆုံးရှုံးပြီဆိုရင် ကိစ္စတွေက အများကြီးအများကြီးပဲ။ အန်ဖီးလ်မှာတော့ ရှုံးရှုံး၊ နိုင်နိုင် အဲဒီမှာ အမြဲတမ်းပဲ အလွန့်အလွန် တာဝန်ယူမှုအပြည့်နဲ့ ပြုမူရမှာပါ။

သူတို့ ဆိုးနေလား ကောင်းနေလား ကျွန်တော် မကြည့်ပါဘူး။ သူတို့ရဲ့ အကောင်းဆုံးအရာတွေအပေါ်မှာပဲ ကျွန်တော် ဆန်းစစ်ပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာမှ အပြောင်းအလဲမရှိပါဘူး’’ လို့ ဂွါဒီယိုလာက မန်ချက်စတာ ညနေခင်းသတင်းအစီအစဉ်ကို ပြောသွားခဲ့ပါတယ်။

(Zawgyi)

လီဗာပူးကို ခ်န္ပီယံၿပိဳင္ဘက္အသင္းလိုပဲ ရင္ဆိုင္မယ္ဆိုတဲ့ ဂြါဒီယိုလာ

လက္ရွိေဘာလုံးရာသီမွာ လီဗာပူးအသင္း႐ုန္းကန္ေနရတာေတြကို ပဓာနမထားဘဲ ခ်န္ပီယံၿပိဳင္ဘက္ အသင္းတစ္သင္းလို ရင္ဆိုင္သြားမွာျဖစ္တယ္လို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ေျပာဆိုလိုက္ပါတယ္။

စပိန္သားနည္းျပရဲ႕ မန္ စီးတီးအသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ အန္ဖီးလ္ကြင္းဆီကို သြား ေရာက္ရမွာျဖစ္ၿပီး သူတို႔အသင္းေနာက္ ၁၃ မွတ္ ျပတ္က်န္ေနတဲ့ လီဗာပူးကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္အတြင္းမွာ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ ႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ၾကၿပီး ပထမတစ္ႀကိမ္က အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ျဖစ္ပါတယ္။

ဒုတိယတစ္ႀကိမ္ကေတာ့ ၾသဂုတ္လမွာ ကစားခဲ့တဲ့ ကြန္ျမဴ နတီဒိုင္းၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ ၃ ႏွစ္နီးပါး အတြင္းမွာ လီဗာပူးကို မရႈံးခဲ့တဲ့ မွတ္တမ္းမ်ိဳး ပိုင္ဆိုင္ထားၿပီး ၂၀၂၁ ေဖေဖာ္ဝါရီတုန္းက ကစားခဲ့တဲ့ ပြဲစဥ္မွာလည္း ၄-၁ နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ခ်န္ပီယံဆုအတြက္ အေရးပါတဲ့ ႏိုင္ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။

တစ္ခုရွိ တာက လီဗာပူးဟာ ၂၀၁၇ ခုႏွစ္၊ ဧၿပီလကစၿပီး ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ရႈံးပြဲ လုံး၀ မရွိခဲ့တဲ့အခ်က္ျဖစ္ပါတယ္။ ဒါဟာ ေဘာလုံးမွာ ၁၂ ေယာက္ ေျမာက္ ကစားသမားလို႔ ကင္ပြန္းတပ္ခံရတဲ့ ပရိသတ္ေတြရဲ႕ ဖိအားေၾကာင့္ ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ အခု ရင္ဆိုင္မယ့္ပြဲစဥ္မွာေတာ့ လီဗာပူးရဲ႕ ပရိသတ္ေတြ ဟာလည္း သူတို႔အတြက္ ပဓာနမက်သလို ႀကိဳးၾကာနီရဲ႕ မတည္ၿငိမ္တဲ့ ေျခ စြမ္းမ်ိဳးကိုလည္း ထည့္သြင္းစဥ္းစားမွာမဟုတ္ဘဲ လုပ္စရာရွိတာကို အစြမ္း ကုန္ ႀကိဳးစားအားထုတ္မွာျဖစ္တယ္လို႔ ဂြါဒီယိုလာက ဆိုပါတယ္။

‘’မွန္ပါ တယ္။ ပရိသတ္က အက်ဳံးဝင္တာေပါ့။ ဒါေပမဲ့ ပုံမွန္အားျဖင့္ မန္စီးတီးက အန္ဖီးလ္ကြင္းမွာ ႐ုန္းကန္ရတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ အသင္းေကာင္းတစ္သင္းရွိလို႔ပါ။ ဒါက ပရိသတ္ ဖိအားေပးႏိုင္မႈ အေကာင္းဆုံး ေတြထဲက တစ္ခုျဖစ္ပါတယ္။ အေကာင္းဆုံးတစ္ခုပါ။

ဒီလိုပြဲမ်ိဳးကို ကစားရတာက စိတ္ခ်မ္းသာစရာပါ။ ဒါေပမဲ့ ဒါက ေဘာလုံးပြဲပါ။ သူတို႔အသင္းမွာရွိေနတဲ့ စြမ္းရည္ေၾကာင့္ လီဗာပူးဟာ ကြၽန္ေတာ္တို႔အတြက္ အေရးပါတယ္။ ထိပ္တန္းအဆင့္မ်ိဳးနဲ႔ကို ျပဳမူရမယ္။ အထူးသျဖင့္ ေဘာလုံးဆုံးရႈံးေနခ်ိန္မွာေပါ့။ ေဘာလုံးဆုံးရႈံးၿပီဆိုရင္ ကိစၥေတြက အမ်ားႀကီးအမ်ားႀကီးပဲ။

အန္ဖီးလ္မွာေတာ့ ရႈံးရႈံး၊ ႏိုင္ႏိုင္ အဲဒီမွာ အၿမဲတမ္းပဲ အလြန႔္အလြန္ တာဝန္ယူမႈအျပည့္နဲ႔ ျပဳမူရမွာပါ။

သူတို႔ ဆိုးေနလား ေကာင္းေနလား ကြၽန္ေတာ္ မၾကည့္ပါဘူး။ သူတို႔ရဲ႕ အေကာင္းဆုံးအရာေတြအေပၚမွာပဲ ကြၽန္ေတာ္ ဆန္းစစ္ပါတယ္။ သူတို႔နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ ဘာမွ အေျပာင္းအလဲမရွိပါဘူး’’ လို႔ ဂြါဒီယိုလာက မန္ခ်က္စတာ ညေနခင္းသတင္းအစီအစဥ္ကို ေျပာသြားခဲ့ ပါတယ္။