လီဗာပူးကိုအနိုင်ရရင် ဝိုင်သောက်ဖို့ ကလော့ပ်ကို ဖိတ်မယ်ဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက တကယ်လို့

တနင်္ဂနွေနေ့မှာကစားရမယ့် ချန်ပီယံလုပွဲမှာ လီဗာပူးကိုသာ
အနိုင်ရခဲ့ရင် သူလည်း ဝိုင်သောက်ဖို့ ပြိုင်ဘက်နည်းပြ
ကလော့ပ်ကို ဖိတ်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
မန်စီးတီးဟာ ဒုတိယနေရာက လီဗာပူးကို
၁ မှတ်သာဖြတ်ထားရာ အီတီဟတ်မှာ ကစားရမယ့်

လီဗာပူးနဲ့ပွဲက နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးနေရာ
စပိန်နိုင်ငံသား ဂွါဒီယိုလာက လီဗာပူးကိုသာ မန်စီးတီးအသင်း
အနိုင်ရခဲ့ရင် ကလော့ပ်ကို ဝိုင်အတူတူသောက်ဖို့ သူ့ဘက်က
ဖိတ်ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
”တကယ်လို့ ကျွန်တော်တို့အသင်း အနိုင်ရခဲ့ရင်

တကယ်ပဲအဲဒီလိုဖြစ်ချင်ပါတယ်။
ကလော့ပ်က ကမ္ဘာ့ဘောလုံးလောကကို
ပိုကောင်းအောင် ထောက်ပံ့ပေးနေသူဖြစ်ပြီး
တကယ့်ကိုကြီးကျယ်တဲ့ပြိုင်ပွဲဝင်သူလည်းဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း နည်းပြတိုင်းနဲ့

ဆက်ဆံရေးကောင်းဖို့ ကြိုးစားနေသူပါ။
ကျွန်တော်တို့နှစ်ယောက်ဟာ ဂျာမနီမှာ
စကားတွေ ပြောခဲ့ဖူးပြီး သူက နည်းပြကောင်းတစ်ယောက်ပါ။
သူနဲ့ပတ်သက်လို့လည်း ကျွန်တော့်မှာ
ဘာပြဿနာမှမရှိပါဘူး”လို့ ဂွါဒီယိုလာက ပြောပါတယ်။

လီဗာပူးဟာ လက်ရှိအချိန်မှာ ၁၁ပွဲဆက်အနိုင်ရထားပြီး
တိုက်စစ်က အကောင်းဆုံးအနေအထားရောက်နေရာ
ဆာလာ၊ မာနေးနဲ့ ဒီယက်ဇ်တို့ အထူးခြေစွမ်းပြနေပါတယ်။
မန်စီးတီးကလည်း ပရီးမီးယားလိဂ်နောက်ဆုံး ၁၉ပွဲမှာ
၁ပွဲပဲ အရေးနိမ့်ထားပေမယ့် နောက်ပိုင်းမှာ အမှတ်တွေ

လေလွင့်ခဲ့လို့ ချန်ပီယံလုပွဲက ပြန်လည်ကြည့်ကောင်းလာတာဖြစ်ပါတယ်။
မန်စီးတီးဟာ ယခုနှစ်အစောပိုင်းက လီဗာပူးကို
၁၂ မှတ်အထိ ဖြတ်နိုင်ခဲ့ပေမယ့် အခုတော့ ၁မှတ်ပဲ
ဖြတ်နိုင်တော့ပြီး အီတီဟတ်မှာ အနိုင်ရမယ့်အသင်းက
ချန်ပီယံဆုရဖို့ ပိုမိုနီးစပ်သွားမှာဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့ဟာ နောက်တစ်ပတ်မှာလည်း
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝင်ဘလေမှာ
ရင်ဆိုင်ရဦးမှာဖြစ်ပြီး ကြားရက်မှာ ချန်ပီယံလိဂ်
ကွာတားဖိုင်နယ် ဒု-အကျော့ပွဲ ကစားရမှာဖြစ်ပါတယ်။

Zawgyi

လီဗာပူးကိုအႏိုင္ရရင္ ၀ိုင္ေသာက္ဖို႔ ကေလာ့ပ္ကို ဖိတ္မယ္ဆုိတဲ့ ဂြါဒီယိုလာ
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက တကယ္လုိ႔
တနဂၤေႏြေန႔မွာကစားရမယ့္ ခ်န္ပီယံလုပြဲမွာ လီဗာပူးကိုသာ

အႏိုင္ရခဲ့ရင္ သူလည္း ၀ုိင္ေသာက္ဖုိ႔ ၿပိဳင္ဘက္နည္းျပ
ကေလာ့ပ္ကို ဖိတ္ျဖစ္လိမ့္မယ္လုိ႔ ေျပာပါတယ္။
မန္စီးတီးဟာ ဒုတိယေနရာက လီဗာပူးကုိ
၁ မွတ္သာျဖတ္ထားရာ အီတီဟတ္မွာ ကစားရမယ့္
လီဗာပူးနဲ႔ပြဲက ႏွစ္သင္းစလုံးအတြက္ အလြန္အေရးႀကီးေနရာ

စပိန္ႏိုင္ငံသား ဂြါဒီယိုလာက လီဗာပူးကုိသာ မန္စီးတီးအသင္း
အႏိုင္ရခဲ့ရင္ ကေလာ့ပ္ကို ၀ုိင္အတူတူေသာက္ဖုိ႔ သူ႕ဘက္က
ဖိတ္ျဖစ္လိမ့္မယ္လုိ႔ ေျပာခဲ့တာျဖစ္ပါတယ္။
”တကယ္လုိ႔ ကၽြန္ေတာ္တို႔အသင္း အႏိုင္ရခဲ့ရင္
တကယ္ပဲအဲဒီလုိျဖစ္ခ်င္ပါတယ္။

ကေလာ့ပ္က ကမၻာ့ေဘာလုံးေလာကကို
ပိုေကာင္းေအာင္ ေထာက္ပံ့ေပးေနသူျဖစ္ၿပီး
တကယ့္ကိုႀကီးက်ယ္တဲ့ၿပိဳင္ပြဲ၀င္သူလည္းျဖစ္ပါတယ္။
ကၽြန္ေတာ္ကိုယ္တုိင္ကလည္း နည္းျပတုိင္းနဲ႔
ဆက္ဆံေရးေကာင္းဖို႔ ႀကိဳးစားေနသူပါ။

ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ဟာ ဂ်ာမနီမွာ
စကားေတြ ေျပာခဲ့ဖူးၿပီး သူက နည္းျပေကာင္းတစ္ေယာက္ပါ။
သူနဲ႔ပတ္သက္လုိ႔လည္း ကၽြန္ေတာ့္မွာ
ဘာျပႆနာမွမရွိပါဘူး”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။
လီဗာပူးဟာ လက္ရွိအခ်ိန္မွာ ၁၁ပြဲဆက္အႏိုင္ရထားၿပီး

တုိက္စစ္က အေကာင္းဆုံးအေနအထားေရာက္ေနရာ
ဆာလာ၊ မာေနးနဲ႔ ဒီယက္ဇ္တုိ႔ အထူးေျခစြမ္းျပေနပါတယ္။
မန္စီးတီးကလည္း ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၉ပြဲမွာ
၁ပြဲပဲ အေရးနိမ့္ထားေပမယ့္ ေနာက္ပုိင္းမွာ အမွတ္ေတြ
ေလလြင့္ခဲ့လို႔ ခ်န္ပီယံလုပြဲက ျပန္လည္ၾကည့္ေကာင္းလာတာျဖစ္ပါတယ္။

မန္စီးတီးဟာ ယခုႏွစ္အေစာပိုင္းက လီဗာပူးကို
၁၂ မွတ္အထိ ျဖတ္ႏိုင္ခဲ့ေပမယ့္ အခုေတာ့ ၁မွတ္ပဲ
ျဖတ္ႏိုင္ေတာ့ၿပီး အီတီဟတ္မွာ အႏိုင္ရမယ့္အသင္းက
ခ်န္ပီယံဆုရဖို႔ ပိုမိုနီးစပ္သြားမွာျဖစ္ပါတယ္။
မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ ေနာက္တစ္ပတ္မွာလည္း

အက္ဖ္ေအဖလား ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ ၀င္ဘေလမွာ
ရင္ဆိုင္ရဦးမွာျဖစ္ၿပီး ၾကားရက္မွာ ခ်န္ပီယံလိဂ္
ကြာတားဖုိင္နယ္ ဒု-အေက်ာ့ပြဲ ကစားရမွာျဖစ္ပါတယ္။