လီဗာပူးကနေ ထွက်ခွာရင် အမှားကြီးကြီးမားမားကျူးလွန်မိသွားလိမ့်မယ်လို့ ဆာလာကို အင်းနရစ် သတိပေး

တကယ်လို့ လီဗာပူးတိုက်စစ်မှူး ဆာလာအနေနဲ့

မက်မောဖွယ်စာချုပ်ကြောင့် တခြားအသင်းတစ်သင်းကို
ပြောင်းရွှေ့သွားမယ်ဆိုရင် အမှားကြီးကြီးမားမား
ကျူးလွန်မိသွားလိမ့်မယ်လို့ လီဗာပူးနောက်ခံလူဟောင်း
ဟိုဆေးအင်းနရစ်က သတိပေးလိုက်ပါတယ်။
ဆာလာရဲ့အနာဂတ်က ယခုရာသီမှာ ပိုမိုမသေမချာဖြစ်လာပြီး

သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ နွေရာသီမှာ
ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
စာချုပ်သစ်အတွက် နှစ်ဘက်တာဝန်ရှိသူတွေကြား
ဆွေးနွေးမှု အဆင်မပြေဖြစ်နေပြီး လီဗာပူးဘက်က
ဆာလာ တောင်းဆိုထားတဲ့လစာ ပေးချေဖု့ိ အဆင်မပြေဖြစ်နေပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၂၉ နှစ်အရွယ်ရှိ
ဆာလာဟာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ကျော်အထိ
တောင်းဆိုထားတယ်လို့ သိရရာ အဲဒီအတိုင်းဆိုရင်
လီဗာပူးအသင်းရဲ့ လစာအများဆုံးရ
ကစားသမားအဖြစ် ပြိုင်ဘက်ကင်းရပ်တည်နိုင်မှာဖြစ်ပါတယ်။

အင်းနရစ်က ဆာလာရဲ့အနေအထားကို
နားလည်ကြောင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်
နှစ်ဘက်စလုံး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
”တကယ်လို့ ဆာလာဟာ ထွက်ခွာသွားရင်
အသင်းအတွက်ရော သူ့အတွက်ပါ

ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာမှာပါ။
လက်ရှိအချိန်မှာ ဆာလာက
အရမ်းကို လေးစားမှုအပြည့်ရှိနေပြီး
အရိုးသားဆုံးပြောရရင် ကျွန်တော်လည်း
နှစ်ဘက်စလုံးကို လေးစားပါတယ်။

ဆာလာရဲ့အနေအထားကို ကျွန်တော်
နားလည်သလို တစ်ချိန်တည်းမှာပဲ
လီဗာပူးအသင်းရဲ့အနေအထားကိုလည်း နားလည်ပါတယ်။
လီဗာပူးက လစာပိုင်းနဲ့ပတ်သက်လို့
ကန့်သတ်ချက်တွေ ထားရှိထားပါတယ်။

သူတု့ိလည်း ဆာလာကို လစာအများဆုံး
ပေးချင်မှာ သေချာပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင်
တခြားအသင်းသားတွေကိုပါ လိုက်ပေးရနိုင်ပါတယ်။
ဗန်ဒိုက်က ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်သလို

အဲလစ်ဆန်ကလည်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါ။
သူတို့တွေက ဒီပုံစံအတိုင်း စွမ်းဆောင်ရည်ကို
ဆက်ထိန်းထားနိုင်ရင် လစာလည်း ပိုရနိုင်ပါတယ်။
သူတို့အနေနဲ့ ဆာလာနဲ့အတူတူ လစာရယူချင်မှာ
မဟုတ်ပေမယ့် အရမ်းအကွာတာမျိုးလည်း လိုချင်မှာမဟုတ်ပါဘူး”လို့

စပိန်လက်ရွေးစင်ဟောင်း အင်းနရစ်က ပြောပါတယ်။

Zawgyi




ဆာလာ တောင်းဆိုထားတဲ့လစာ ပေးချေဖို့ အဆင်မပြေဖြစ်နေပါတယ်။




သူတို့လည်း ဆာလာကို လစာအများဆုံး

